Tuesday, April 7, 2009

God make me crazy

ပုလင်းတစ်လုံးက စခဲ့တာပါ ။

နတ်ဆိုးတစ်ပါးပါးရဲ့ ကျိန်စာထင်ပြီး
အရပ်ဆယ်မျက်နှာကို သွေးရူးသွေးတမ်း လွှင့်ပစ်
ဥစ္စာရင်း မှန်ခဲ့ပုံများ
နောက်ဆုံးကျ ပြန်ပြန်ရောက်လာခဲ့..။

မရယ်မောနိုင်ခဲ့ဘူး
ပြန်တွေ့လိုက်တိုင်း ထိတ်ထိတ်လန့်လန့်…။

အိပ်မက်တွေ ဆိုးတယ် ကောင်းတယ်ဆိုတာ
ကိုယ်ပိုင်အမြင်နဲ့များ ပတ်သက်နေမလား…။
ကိုယ်က သိပ်တုံးအခဲ့သလား…။
ပညတ်သက်သက်တွေ လား…။

ပုလင်းကလေးရေ
ဒီတခါတော့ လွှင့်မပစ်တော့ဘူး
အသက်တွေကြီးမှ အသည်းတွေလည်း
ပုလင်းကွဲထိ မခံနိုင်တော့ဘူး..။

(ငယ်ငယ်က ကြည့်ဖူးတဲ့ The Gods must be crazy ရုပ်ရှင် ခေါင်းထဲရောက်လာပြီး ဆက်တွေးဖြစ်သွားတာပါ ။)
လင်းဒီပ
၇.၄.၀၉

20 comments:

  1. “ပုလင်းကလေးရေ
    ဒီတခါတော့ လွှင့်မပစ်တော့ဘူး
    အသက်တွေကြီးမှ အသည်းတွေလည်း
    ပုလင်းကွဲထိ မခံနိုင်တော့ဘူး..။”

    နောက်ဆုံးအပိုဒ်လေးက အလှဆုံးပါပဲ... လေပြေမေးသလို ပုလင်းထဲမှာ စာရောပါလားသေးလား...? ပုလင်းကလေးက ကံကောင်းခြင်း ပျော်ရွှင်ခြင်းတွေပဲ ယူလာပါစေ ကိုလင်းဒီပရေ...

    ReplyDelete
  2. ကိုးရီးယား ကားထဲမှာ ကြည့်ဖူးတာတော့ ပုလင်းထဲကို ကိုယ်ဆုတောင်းချင်တာ ထည့်ရေးထားတဲ့ စာရွတ်ထည့်ပြီး မျှောလိုက်တဲ့ အဲ့တာဆို ဆုတောင်းပြည့်တယ်ပြောတယ်း)

    အသက်တွေကြီးမှ ပုလင်းကွဲထိမခံနိုင်တော့ဘူးတဲ့ ဒါဆို အသက်ငယ်တဲ့ သူတွေက ထိခံနိုင်တယ်ပေါ့ မှားတယ် ဗီစတို အာဏာသုံးင်္ပြီးပယ်ချတယ် ငယ်တဲ့သူက ပုလင်းကွဲထိမှာ ပိုကြောက်တတ်တယ် ။

    ReplyDelete
  3. ကမ်းခြေတစ်ခုမှာလူငယ်လေးတစ်ယောက် ပုလင်းတစ်လုံးကို ပင်လယ်ထဲကို လွှဲပေါက်ပစ်နေပုံလေး
    မြင်ယောင်မိတယ် :)
    အတွေးအရမ်းကောင်းတယ် ကိုလင်းဒီပရေ ကောင်းသောနေ့ပါ ဗျာ :)

    ReplyDelete
  4. သိမ်းထားတော့မယ်ပေါ့ :P

    ReplyDelete
  5. ကိုလင်းဒီပ
    စာအတော်ရေးနိုင်တယ်နော်--
    ချီးကျူးပါတယ်---

    အိပ်မက်တွေ ဆိုးတယ် ကောင်းတယ်ဆိုတာ
    ကိုယ်ပိုင်အမြင်နဲ့များ ပတ်သက်နေမလား…။
    ကိုယ်က သိပ်တုံးအခဲ့သလား…။
    ပြညတ်သက်သက်တွေ လား…။

    ReplyDelete
  6. လင်းဒီပရေ...

    မှတ်ချက်ထည့်မထားရင်ပိုကောင်းမယ်ဟ....

    မှတ်ချက်ကို ဖတ်လိုက်ရတော့ အတွေးတွေ နည်းနည်းပေါ့သွားသလိုလို...

    ရေးဟန်တွေသိသိသာသာပြောင်းလာတယ်...
    ကဗျာတွေ..အများကြီးကို ပိုကောင်းလာတယ်..
    အကောင်းဆုံး....အထိ..မျှော်လင့်နေပါတယ်..

    ReplyDelete
  7. အင်း သိမ်းထားတာလည်းကောင်းပါတယ် .. ကိုယ့်ဥစ္စာမှန်လို့ရတာပဲး)

    ReplyDelete
  8. ကိုယ့်ဆရာ ...
    ဆရာ့ပုလင်းလေးထဲက အရာတွေက အိပ်မက်တွေပဲလို့
    တပ်အပ်ပြောလိုက်မယ် ...
    ဘယ်အရာမှ ပိုင်ဆိုင်ခွင့်မရှိဘူးဆိုခဲ့ရင်တောင် အိပ်မက်တွေကို ပိုင်ဆိုင်နိုင်တယ် ...
    ဟုတ်တယ် ...
    ကဗျာကလေးက သိပ်လှတယ် ... လက်ရည်တွေက နုညံ့သိပ်သည်းပြီး နက်နက်ရှိုင်းရှိုင်း နှလုံးသား အတွင်းပိုင်းအထိ ထိုးစိုက်လိုက်သလို ...

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  9. ပုလင်းထဲမှာ ဘာတွေလဲ မောင်လေး
    လွှင့်ပြစ်ချင်လောက်တဲ့ အရာ.. ပြီးတောါ ပြန်ကို မစွန့်လွှတ်ချင်တော့တဲ့ အရာ

    ဘာများပါလိမ့်နော်.....း)

    ReplyDelete
  10. နီဂရိုးတောင် မနေရပါလား ပြတင်းပေါက်ရယ်။ :)

    ReplyDelete
  11. ဒါပေမယ့် တစ်ခု မှားနေတယ်ဗျ။ အမှန်က The Gods Must be Crazy ဖြစ်ရမှာ။ :)

    ReplyDelete
  12. ကျွန်းကလေးပေါ်မှာ တစ်ယောက်ထဲ လွမ်းနေလား။ အပျင်းပြေ အဖော်လုပ်ပေးဖို့ ဟိုဟာ ဒီဟာတွေ လွတ်လိုက်မယ်။

    (ပုလင်းခွံဈေးကြီးတယ် သိမ်းထားလိုက်ပါ။)

    ReplyDelete
  13. ပုလင်းတစ်လုံးက စခဲ့တာပါ ။ လို့ ပျိုးထားတော့ဒီက
    အဟုတ်မှတ်လို့ ဘားမှာတွေပြီးငါ့ကောင်ကြီးတယောက်တော့
    အပြန်မှာKorea ဇာတ်လမ်းများခင်းရပြီလားလို့
    ...ဟီး
    ပုလင်းကွဲသွားလည်းဘာဖြစ်လည်း မှန်စာတိုက်လို့ရတာပေါ့
    ငြိမ်သက်

    ReplyDelete
  14. ဖတ်လို့ကောင်းတယ်..။
    ကိုဒီပရဲ့ ပုလင်းထဲမှာ ရေနွေးပူတွေ ပါမလာပါစေနဲ့လို့ ... တော်ကြာ ပုလင်းလဲကွဲ၊ ရေနွေးပူလည်းလောင်ဆို...အတော်ခံရခက်မှာနော်.. :D (ဒီနေ့ ကိုယ့်ဖာသာကိုယ် နမော်နမဲ့လုပ်လို့ ရေနွေးပူလောင်တိုင်း သူများကို ပေးတဲ့မှတ်ချက်ထဲအထိ ထည့်ပလိုက်တယ် ဟီး )
    လေးစားစွာဖြင့်....

    ReplyDelete
  15. သိပါဘူး။ ညတိုင်း ပုလင်းဖက်အိပ်သလားလို့ဗျာ။ ကဗျာလေး ကောင်းတယ်

    ReplyDelete
  16. အဲဒီကားကို တို့လည်းသိတယ်။ အဲဒီကားကလေ နောက်ပိုင်းအခန်းဆက် ၁၊ ၂၊ ၃၊ ၄နဲ့တောင်ရိုက်ရတာ။ အရမ်းရယ်ရတာပဲ။ အကိုက ကဗျာစပ်လိုက်တော့ မရယ်ရတော့ဘူး။ :P စတာနော်။ ငါ့အကို ရေးထားတဲ့ကဗျာပဲ ကောင်းပါတယ်။ ပုလင်းကွဲစူးရင် အရက်ပြန်ထည့်လေ။

    ReplyDelete
  17. ကျေးဇူးပါညီလေးရေ..
    ပြင်လိုက်ပါပြီ..
    ထောက်ပြပေးတာ ကျေးဇူး..

    ကဗျာခေါင်းစဉ်တော့ မပြင်ပါ။
    အခုပေးထားတဲ့ God make me crazy ဆိုတာလေး ပိုကြိုက်လို့ပါ..။

    ReplyDelete
  18. ပုလင်းကလေးရေ
    ဒီတခါတော့ လွှင့်မပစ်တော့ဘူး
    အသက်တွေကြီးမှ အသည်းတွေလည်း
    ပုလင်းကွဲထိ မခံနိုင်တော့ဘူး

    ဟုတ်တယ်ညီလေးရေ..အသက်အရွယ်ကြီးရင့်လာတာနဲ့
    အမျှ သိမ်းဆည်းရမှာတွေပိုများလာတယ်မဟုတ်လား

    ရုပ်ရှင်လေးက ရယ်စရာကောင်းသလိုလိုနဲ့ ငိုစရာကောင်းတဲ့ အဖြစ်အပျက်ကလေးပါ...

    ကဗျာလေးသိပ်ကောင်းတယ်

    ReplyDelete
  19. “ပုလင်းကလေးရေ
    ဒီတခါတော့ လွှင့်မပစ်တော့ဘူး”

    သဘောကျလိုက်တာ။
    ဒီစာကြောင်းလေးဟာ ရင်ထဲက ပြန်ထွက်ဖို့  တော်တော်ပဲခက်နေပြီ။

    ReplyDelete