Tuesday, June 23, 2009

ပိဋကတ်အိုးကွဲအလွမ်း

နေ့လည်စာ စားနေရင်း
မင်္ဂလာမနက်ခင်းပါကွယ်လို့ မင်းကို လှမ်းနှုတ်ဆက်ရတယ်။
နေရောင်ပြင်းပြင်းအောက်မှာ လမ်းလျှောက်နေရင်းကလည်း
မင်းများ ချမ်းနေမလားလို့ စိတ်ပူရသေးတယ်။

မင်းသင်ရမယ့် တက္ကသိုလ်ပညာတွေက မပြီးဆုံးသေးဘူးလားကွယ်။
တစ်ကမ္ဘာလုံးက တက္ကသိုလ်တွေ မကုန်မချင်း
မင်း လျှောက်တက်နေတော့မှာလား။
ငါလည်း ပိုက်ဆံတွေ ကုန်းရုန်းရှာရင်း ငွေထုပ်ကြီးနဲ့ အိုအိုမင်းမင်းဖြစ်လာ..။

မင်းက စာကြည့်တိုက်ထဲက အဖိုးတန်စာအုပ်ကြီးဖြစ်ချင်တာလား။
ငါတော့ ဘီလျံနာကြီးလည်း မဖြစ်ချင်ပါဘူးကွယ် ။

ချစ်ရင် စောင့်ပေါ့ကွယ်လို့ မချိုမချဉ်မပြောစမ်းနဲ့
မင်းမျက်နှာလေးကို ငါ online ကပဲငေးနေရမလား။
တစ်ယောက်တည်းနေတာ ကြာရင်
မင်း တစ်ယောက်တည်း နေတတ်သွားမှာလည်း ငါကြောက်ရဲ့။

မှန်တာ ပြောရရင်
မင်းမျက်နှာပေါ်မှာ အရေးအကြောင်းတွေ မများခင် မင်းပါးကလေး ထပ် နမ်းချင်သေးရဲ့။
ငါ့နဖူးကြီး ပိုပို ပြောင်မလာခင် မင်္ဂလာဆောင်တမ်း ကစားကြရအောင်ပါ ။

ငါ့မှာ
တစ်ယောက်တည်း မိုးလင်း တစ်ယောက်တည်း မိုးချုပ်
ခေါက်ဆွဲခြောက်ထုပ်တွေနဲ့
တစ်ယောက်တည်းသော့ခတ် ထွက်သွား
တစ်ယောက်တည်း သော့ဖွင့် ပြန်ဝင်
အေးစက်စက် အခန်းလေးထဲ။

(စာဂျပိုးမကြီးရယ်)
တကယ်ဆို
ချစ်သူဖြစ်ခါစ
မင်းနှလုံးသားက မင်းဦးနှောက်ကို စစ်မရှုံးခင်တုန်းက
သိပ်တော်ချင်တတ်ချင်လွန်းတဲ့ ဦးနှောက်ကို
ငါ ရိုက်ခွဲပစ်ခဲ့ဖို့ ကောင်းတယ်။
လင်းဒီပ
၂၃.၆.၀၉

18 comments:

  1. အကို ဒီပ
    ကဗျာလာဖတ်တယ်ခင်ဗျာ
    ကဗျာတွေက တစ်ခုနဲ့တစ်ခု
    ရိုးရိုးလေးတွေနဲ့စွဲဆောင်တယ်
    လေးစားတယ်အကိုရေ

    သက်ထွန်းညိမ်း

    ReplyDelete
  2. ပိဋကတ်အိုးကွဲအလွမ်း တဲ့လား ...

    နေရောင်ပြင်းပြင်းအောက်မှာ လမ်းလျှောက်နေရင်းကလည်း
    မင်းများ ချမ်းနေမလားလို့ စိတ်ပူရသေးတယ်။

    စကားလုံးရှင်းရှင်းလေးနဲ့  ရင်ထဲရောက်စေတဲ့ ကဗျာလေးပါ။

    (စာဂျပိုးမကြီးရယ်) လို့  သရော်တော်တော်ရေးထားတာကအစ ကဗျာထဲကလူ ကြေကွဲနေတာ ပိုပြီး ခံစားမိသလို...

    ReplyDelete
  3. ကြည့်..ဖြစ်ရပြန်ပြီ..
    အစတည်းမသိတာလည်းမဟုတ်..း)

    ReplyDelete
  4. ကဗျာလေးကောင်းတယ်ဗျို့..
    ခေါင်းစဉ်လေးကိုက စိတ်ဝင်စားစရာ..

    ReplyDelete
  5. ကဗျာဆရာကတော့လုပ်ပြီ

    အသုံးတွေ တယ်ပြောင်မြောက်နေပါလား

    နားတော့မလည်ဘူးနော် အခုနောက်ပိုင်းကဗျာတွေက နည်းနည်းများ မာလာလားမသိ ၊ ဘာတွေ မကျေနပ် မတင်းတိမ်နေတုန်း P:(


    တစ်ယောက်တည်းနေတာ ကြာရင်
    မင်း တစ်ယောက်တည်း နေတတ်သွားမှာလည်း ငါကြောက်ရဲ့။


    ဒါလေးတော့ဖြစ်တက်တယ် သတိထား D:

    ReplyDelete
  6. အဲ ကျောင်းပြီးမှ လက်ထပ်မယ်စောင့်မယ်ဆို
    အခုတော့ အဲလိုတွေမပြောနဲ့လေ...ဒန်...

    ReplyDelete
  7. (စာဂျပိုးမကြီးရယ်)
    တကယ်ဆို
    ချစ်သူဖြစ်ခါစ
    မင်းနှလုံးသားက မင်းဦးနှောက်ကို စစ်မရှုံးခင်တုန်းက
    သိပ်တော်ချင်တတ်ချင်လွန်းတဲ့ ဦးနှောက်ကို
    ငါ ရိုက်ခွဲပစ်ခဲ့ဖို့ ကောင်းတယ်။

    ကဗျာဆရာရေ...
    မချင့်မရဲလေး ဖြစ်အောင်ကို ရေးတတ်တယ်။
    ကဗျာလေးက လှတယ်ဗျာ။ ကြိုက်တယ်။

    ReplyDelete
  8. ကွတ်တိပဲ...အင်နီယေစတာ ကစ်လို

    ကိုဒီပရေ..အဲဒီလို ခေါင်းတွေ လိုက်ခွဲရအောင်
    ကျနော်လည်း အဲဒီလို ခေါင်းတွေ ခွဲချင်နေတာ :D

    ReplyDelete
  9. နောင်တတွေ ရနေတယ် ထင်ပါ့
း)

    ReplyDelete
  10. တို့အကိုကတော့လုပ်ပြန်ပြီ။ သူပဲချစ်လိုက် ဦးနှောက်တွေခွဲဖို့စဉ်းစားလိုက်နဲ့။ :P

    ReplyDelete
  11. ပြောပြီလားခုတော့ :)

    ကဗျာလေးက ကလိ ကလိ ဖြစ်စရာရယ် ....

    ReplyDelete
  12. ခေတ်သစ် တဂိုး ပဲ ဟေ့...း)
    အဖွဲ့ အနွဲ့လေးတွေ လှလိုက်တာ.

    (စာဂျပိုးမလေးရယ်)..ဆို
    ပိုလှမလားလို့...း)
    ...
    မင်္ဂလာဆောင်တာ
    ကစားစရာမှ မဟုတ်တာ မောင်လေးရယ်..း)
    ......
    (ငွေထုပ်)
    (ခေါက်ဆွဲခြောက်ထုပ်)
    ....
    ..
    ပျော်ပါစေ မောင်လေးရေ

    ReplyDelete
  13. လှလိုက်တာ... တိုက်တိုက်ဆိုင်ဆိုင် အဲလိုအကြောင်းအရာ ခပ်ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ် ဟိုနေ့က ရေးနေမိသေးတယ်... ပြီးတော့ မပြီးသေးဘူး။ အခု ဆက်ရေးချင်စိတ် ပေါက်သွားပြီ။ “တစ်ယောက်တည်းနေတာ ကြာရင်
    မင်း တစ်ယောက်တည်း နေတတ်သွားမှာလည်း ငါကြောက်ရဲ့။” ဟုတ်ပါ့ ဒါမျိုးဖြစ်တတ်တယ် ဖြစ်တတ်တယ်း))

    ReplyDelete
  14. ပြုံးမိတယ်....။
    ခေါင်းတွေအတူတူလိုက်ရိုက်ခွဲဖို့ အဖော်စပ်နေတဲ့သူက ရှိသေး... ဟတ်ထိသွားတယ်ထင်တယ်...။

    ReplyDelete
  15. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင်းတောင်
    အိမ်မက်ထဲ 'သူဒီအချိန်နိုးပြီး အွန်လိုင်းတက်နေမလား' နဲ့
    ရတက်အေးတယ်များထင်ရက်တယ်။
    အေးစိမ့်နေတဲ့နှင်းတွေရဲ့အကြား
    ချစ်သူရင်ငွေ့နွေးနွေးစိတ်ကူးနဲ့အပြေးအလွှားလှုံလို့။

    ချစ်သူနဲ့တွေ့မှ ဒီပညာတွေ မသင်ပဲတတ်ချင်ခဲ့။
    ကိုကိုစုထားတဲ့ငွေတွေနဲ့
    (မီလျံနာကတော်မဖြစ်နေပစေတော်)
    ဒီဂရီတွေဝယ်လိုက်ခြမ်းလိုက်ချင်ပါတယ်။

    တစ်ယောက်တည်းနေတာကြာလေ
    တစ်ယောက်တည်း ရှေ့ဆက်နေသွားရမှာကြောက်လေပေါ့။
    ဘယ်လောက်ပဲ ဒီဂရီတွေနဲ့ ရှေ့ဆက်ဆက်
    မိန်းကလေးဆိုတာ အသည်းငယ်တတ်တာ
ှဧ၀အသိဆုံးပေါ့ရှင်။

    ဒီကြားထဲ ချစ်သူ အပြစ်မြင်မှာစိုးကြောက်
    ဝေးလို့ကာနေတော့
    ချော့တကာချောက်တလှဲ့နဲ့
    သွေးပူလေ့ကျင့်ခန်းကျင့်ပေးရင်းနဲ့တောင်
    (သွေးအေးသွားမှာစိုးလို့လေ)

    သြော်
    စာဂျပိုးမကြီးလို့
    အပြောခံရတဲ့
    အမယ်မင်း
    ၂၁ရာစု အမျိုးသမီးတို့ဘ၀။

    xxx

    မိန်းကလေးတွေအမြင်နဲ့ရေးကြည့်တာပါရှင်။
    ဘာရယ်မဟုတ်ပါဘူးနော။
း)

    ကိုဒီပ ကဗျာတွေထဲ ဒီတပုဒ်ဖြင့် heart တော်တော်ထိပါရဲ့။

    ReplyDelete
  16. ခေါင်းခွဲပစ်မယ်ဆိုပါ့လား...
    ရဲ ကြိုတိုင်ထားရင် ကောင်းမလား..
    :)

    ReplyDelete
  17. အာ...ဦးနှောက်ကို ရိုက်ခွဲမယ်ဆို...
    ခေါင်းကို ရိုက်ခွဲရမှာပေါ့..နော်..
    လုပ်ပါနဲ့ ကိုဒီပရယ်......ဟဲဟဲ :p

    ReplyDelete
  18. အာ...ဦးနှောက်ကို ရိုက်ခွဲမယ်ဆို...
    ခေါင်းကို ရိုက်ခွဲရမှာပေါ့..နော်..
    လုပ်ပါနဲ့ ကိုဒီပရယ်......ဟဲဟဲ :p

    ReplyDelete