Friday, July 24, 2009

မောင်မူး

သစ်တောက်ငှက်မလေးရေ
ငါ့နှလုံးသားကို သစ်ခေါင်းတစ်ခုလို ဖောက်
ပြီးတော့ ဟောင်းလောင်းပဲ ထားခဲ့တော့။

တခြားငှက်မလေးတွေ ဝင်လာမှာ စိုးရွံ့စိတ်နဲ့
ညနေညနေဆို ငါ့မှာ
သူရာရည်တွေ ဖြည့်ဖြည့်ထားရတာ…

မလွမ်းကြေးလို့တော့ လာမပြောနဲ့ပေါ့
လှုပ်မရ ခွာမရ သစ်တစ်ပင်လို ကျန်နေရတဲ့ကောင်က
လောကကို ခဏလေး မေ့မေ့သွားဖို့….
နင့်အနားကို ခဏလေး ရောက်ရောက်လာဖို့….

အလွမ်းတွေ ငြိမ်းတယ်ဆိုရုံလေးပါ
တကယ်တော့ ငါက အလွမ်းမီးသတ်သမားကြီးပါဟယ် ။
လင်းဒီပ
၂၄.၇.၀၉

21 comments:

  1. မောင်မူးတို့ကတော့
    အကြောင်းရှာနေပြီ :)

    ကဗျာလေးက မော့သောက်ချင်စရာလေး :)

    ReplyDelete
  2. မီးသတ်သမားကြီးရေ...
    ကျနော်လည်း လွမ်းနေလို့..
    ငြိမ်းသတ်ပေးပါလားဗျာ...

    ကောင်းမှကောင်း...
    တွေးတတ်ရေးတတ်ပါပေ့..း)

    ခင်မင်စွာဖြင့်..

    ReplyDelete
  3. အရက်သောက်တာကိုတောင် အပြစ်မမြင်အောင်ရေးတတ်ပ။
    ခေါင်းစဉ်လေးနဲ့တွဲပြီးဖတ်လေ ကဗျာလေးက ချစ်ဖို့ကောင်းလေ။ :)

    ReplyDelete
  4. အလွမ်းတွေ ငြိမ်းတယ်ဆိုရုံလေးပါ
    တကယ်တော့ ငါက အလွမ်းမီးသတ်သမားကြီးပါဟယ်

    အလွမ်းတွေမူးပြီး အလွမ်းတွေကို အလွမ်းရေနဲ့ပဲပြန်ငြိမ်း
    အောင်ကြိုးစားနေသပေါ့.

    ReplyDelete
  5. သောက်သောက် မူးအောင်သောက်
    မူးမူး သေအောင်မူး
    သေသေ မြန်မြန်သေ..

    လွမ်းစရာလေးလို့ ထင်စရာ.
    ဒါပေမဲ့ မုန်းစရာ..ပါ..

    ReplyDelete
  6. အလွမ်းမီးသတ်သမားကြီးကလဲ တကယ်လား ပြန်ဖြည့်နေပြီလား ဘော့ကာတစ်ပိုင်းကျန်သေးတယ်
    ရှေ့က ပုံးထဲမှာ ဆုံရအောင်လေ
    အငွေ့တွေလည်း ထုတ်ကြတာပေါ့

    အလွမ်းမီးသတ်သမားကြီးပါဟယ် ဆိုတော့ အင်း တွေးနေရပြီ ဟီဟိ
    ဒီလိုလားလို့ ဟာဟ

    ReplyDelete
  7. အကြောင်းပြချက် ကောင်းလွန်းလှပေမယ့် ...:P

    ReplyDelete
  8. အိုင်လွယ်ပန်ပြောသလိုပဲ
    ကဗျာလေးက မော့သောက်ချင်စရာလေး
    အလွမ်းတွေငြိမ်းတယ်ဆိုလို့ပါ.......း)

    ReplyDelete
  9. မောင်မူး ရေ..
    သတိတော့ထားပါဟေ့
    တော်နေကြာ မူးနေတာနဲ့ ပဲ
    တခြားသစ်တောက်ငှက်မလေးတွေ ကို
    ငှက်မှား မှား နေပါ့မယ် ကွယ်..း)

    ReplyDelete
  10. တခြားငှက်မလေးတွေ ဝင်လာမှာ စိုးရွံ့စိတ်နဲ့
    ညနေညနေဆို ငါ့မှာ
    သူရာရည်တွေ ဖြည့်ဖြည့်ထားရတာ…
    ...

    အကြောင်းပြချက် မခိုင်လုံဘူး.. :)

    ReplyDelete
  11. “တခြားငှက်မလေးတွေ ဝင်လာမှာ စိုးရွံ့စိတ်နဲ့
    ညနေညနေဆို ငါ့မှာ
    သူရာရည်တွေ ဖြည့်ဖြည့်ထားရတာ… ”

    အဲဒီနေရာလေးရောက်တော့ ပြုံးလိုက်ရတာ မပြောပါနဲ့း)) မူးတတ်တယ်ဆိုပေမယ့် ကဗျာက ကောင်းလွန်းတော့ မောင်မူးကို မသနားချင်ပေမယ့် သနားသွားမိပါတယ်...

    ReplyDelete
  12. ဘုရား..ဘုရား...

    မထင်ရပါလား..နော်...
    အဲ...
    ထင်ရပါတယ်..နော်...

    အိန္ဒြာ

    ReplyDelete
  13. အကိုရေ ကူငြိမ်းသတ်ပေးမယ်
    ချီးယားစ်း)

    ReplyDelete
  14. အလွန်ကောင်းတဲံအတွေးလေးတွေနော်...

    ReplyDelete
  15. ဟုတ်တာပေါ့ မီးသတ်သမားကြီးရယ် ....
    အရက်ရောင်းတဲ့ မိန်းမ၀၀ ကြီးကလည်း
    သူကလည်း မီးသတ်ဗိုလ်လေးကို ကြိတ်ကြွေသလိုလို ..
    စိတ်ထွေသလိုလိုပဲဆိုလား ...၊

    တော်သင့်ရုံငြိမ်းပါ ...။
    တော်ကြာ မီးငြှိမ်းလိုက်တာ ဆူနာမီဖြစ်သွားတယ် ဆိုတာမျိုး ဖြစ်သွားတယ်လို့ ကြားရမှာစိုးလို့ပါ ...။

    နောက်တစ်ခု သစ်တောက်ငှက်တွေက သစ်သားပျော့ပျော့တွေကို လာမဖောက်ဘူးတဲ့လေ...
    အရင်ထဲက အသည်းမာတယ် အသည်းမာတယ်နဲ့
    တွေ့ကရာလျှောက်ကြွားမိတော့ ...
    နားကြားပြင်းကပ်တဲ့ သစ်တောက်ငှက်ကလည်း နှုတ်သီးတဲ့ စမ်းတာနေမှာ ...။

    အခုတော့မောင်မူးရယ် ...
    ...
    ...
    ...။ ။

    ReplyDelete
  16. ဟာ ဘယ်သစ်တောက်ငှက်ကသွားဖောက် လိုက်တာတုန်း။ အဲဒါနဲ့ပဲသူကဖြည့်လိုက်နဲ့၊ အသည်းက ကြားကဇကာပေါက်ဖြစ်လိမ့်မယ်။ (ကိုယ်သာ အဲဒီသစ်တောက်ငှက်မလေးနေရာမှာဆို ဘယ်တော့မှခေါင်းစဉ်တပ်မခံဘူး။ ဘယ့်နှယ် သူ့ဖာသာသောက်ပြီး ငှက်ဆွဲထည့်ရတယ်လို့။)

    ReplyDelete
  17. ကဗျာလေးက ချစ်စဖွယ်ပါပဲ ကိုဒီပရေ အတွေးကောင်း
    တော့ အထောင်းလွတ်တာပေါ့ဗျာနော :P
    ကောင်းသောနေ့ပါကိုဒီပရေ :)

    ReplyDelete
  18. မိုက်တယ်ဟေ့
    အရက်နဲ့မီးသတ် တော့ပိုမလောင်ဘူးလားအကို

    ReplyDelete
  19. မူး မူးတယ်ပေါ့.. (အချစ်မူးလား သေရည်မူးလားတော့ မသိ)
    သောက် သောက်တယ်ပေါ့ .. (ငှက်မလေးတွေ ၀င်မှာ စိုးရိမ်သလေး ဘာလေးနဲ့)
    တော်တော်လဲ တတ်တဲ့ ဒီကဗျာဆရာ..:))

    ReplyDelete
  20. အလွမ်းမီး = မီးသတ်သမား မနိုင်သောမီး ;)

    ReplyDelete
  21. 25 Jul 09, 00:01
    littlebrook: ငါတော့ ဆံပင်ထောင်ထောင်နဲ့ နှုတ်ခမ်းချွန်ထားတဲ့ ကောင်မလေးတစ်ယောက်ပုံ ပြေးမြင်မိတယ်


    24 Jul 09, 23:15
    ကိုရင်ညိန်း: သစ်တပင်ခံစားချက်ခြင်း တူနေပြန်ပြီဗျို့.. ချီးယားစ် .. အဟေးဟေး


    24 Jul 09, 12:46
    နန်းညောင်: သစ်တောက်ငှက်တွေရော ငါးတွေရော အကောင်တွေကို အစုံရေးတော့မယ်ထင်တယ်း)

    ReplyDelete