Saturday, August 1, 2009

Virus

Online ရေကြည်နောက်နောက်မှာ
ခြေရာတွေ လိုက်ကောက်နေမိ..။

Facebook မှာ Friendster မှာ
Hi5 မှာ Zopia မှာ
Chat Room တစ်ခုခုမှာ
Online လမ်းသရဲမလေးရယ်
မင်း ဘယ်site မှာ အထိုင်များနေမလဲ….

တစ် site ဝင် တစ်site ထွက်
Online ရွာရိုးကိုးပေါက်
အလွမ်းတွေနဲ့ လျှောက်နေရတဲ့
Online အသည်းကွဲလေလွင့်သမားကြီး ငါပါ။

တွေ့ရင်ပြောကြပါ…
သူမဟာ Nick မျက်နှာဖုံးများစွာ
ပိုင်ဆိုင်ထားတဲ့ Online ပန်းစားဘီလူးမလေး…။

မင်းဘယ်မှာလဲ
လမ်းသရဲမလေးရယ်
ဘယ်လို Nick ကို သုံးပြီး
ဘယ် site မှာ (မင်း) ပြုံးပျော်နေပြန်ပြီလဲ…။

ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်သွားပြီ ဆို
ဒါဆို ရွာသူကြီးကို ပြောပေးပါ
ဒီရွာကြီးထဲ ငါ့ လမ်းသရဲမလေး ပျောက်နေလို့။

အခုတော့လည်း
ခေါင်းစုတ်ဖွား လူတစ်ယောက်
မျက်မှန်ထူထူ တပ်ထားပြီး
ကီးဘုတ်ကို တစ်ဒေါက်ဒေါက် ရိုက်နေ….။

သူ့လမ်းသရဲမလေးပြန်ရဖို့
ညအမှောင်ထဲ
သွေးရူးသွေးတမ်း
Search Engine တွေ တဒိုင်းဒိုင်းမောင်းနေပေါ့…။

(ဒီကဗျာလေးမှာ လိုအပ်ချက်အရ ဘိုစာလုံးတွေ မျက်စိနောက်အောင် ထည့်ထားတာတော့ စိတ်မရှိပါနဲ့နော်…:P..ပေါ့ပေါ့ပါးပါးလေး ဖတ်စေချင်လို့ ပါးပါးပေါ့ပေါ့လေး ရေးထားတာပါ။)
လင်းဒီပ
၁.၈.၀၉

13 comments:

  1. သူကြီးမအားလို့ ဆယ်အိမ်ခေါင်းပဲလာသွားတယ်... ကလေးမပုံစံကိုပြောမှရမှာပေါ့ဗျ... ပြီးတော့ တွေ့ဖို့က တော်တော်အရေးကြီးနေလား ဒါဆိုရင်ရဲကိုသာပြောလိုက်ပေတော့.. ကျုပ်တို့က ရပ်ရေးရွာရေးတွေနဲ့ အားတာမဟုတ်ဘူး... :P :)

    ReplyDelete
  2. တင်စားထားပုံလေးနဲ့ ခေါင်းစဉ်လေးကအစ လိုက်ဖက်ညီသလို ပို့စ်ကောင်းတစ်ပုဒ်ပါ ..။
    ကဗျာလေးကို နှစ်သက်မိတယ် ။
    အွန်လိုင်းမှာ ဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို
    အရှင်းဆုံးရေးဖွဲ့ပြထားတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။


    ခင်မင်စွာ
    idulize (အရုပ်ကလေး)

    ReplyDelete
  3. အင်း ကဗျာဆရာ ကဗျာဆရာ

    google တစ်ခါတစ်လေ ဂေါက်တတ်တာ သူ့ကြောင့်ကိုး
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. အခုတော့လည်း
    ခေါင်းစုတ်ဖွား လူတစ်ယောက်
    မျက်မှန်ထူထူ တပ်ထားပြီး
    ကီးဘုတ်ကို တစ်ဒေါက်ဒေါက် ရိုက်နေ….။

    ပေါ့ပေါ့လေးရေးထားလို့  ပေါ့ပေါ့ပါးပါးပြုံးသွားပါတယ်။ :)

    ReplyDelete
  5. အော် search engine ဆိုတာ
    လမ်းသရဲပျောက်လည်းရှာနိုင်တာကိုး
    လူပျောက်ရင်လာရှာခိုင်းမယ်နော်း)

    ReplyDelete
  6. သရဲကြောက်ဘူးရား ကိုလင်း ဟိ.......

    ReplyDelete
  7. ကိုလင်းဒီပကတော့ လုပ်ချလိုက်ပြန်ပြီး အသစ်တွေး) Online ပေါ်က လမ်းသရဲမလေးတဲ့လား။

    “အခုတော့လည်း
    ခေါင်းစုတ်ဖွား လူတစ်ယောက်
    မျက်မှန်ထူထူ တပ်ထားပြီး
    ကီးဘုတ်ကို တစ်ဒေါက်ဒေါက် ရိုက်နေ…”

    အဲဒီနေရာ အကြိုက်ဆုံးပါပဲ။ ကဗျာက ရိုးရိုးလေးနဲ့ ဆန်းနေတာ...

    ReplyDelete
  8. ကြည့်လုပ် ကြည့်လုပ်

    Virus တွေမဖြန့်နဲ့နော်

    ReplyDelete
  9. ဟွန်းးးးးးးးးးးးးးးးးး

    ReplyDelete
  10. ပေါ့ ပါး စွာ ပဲ
    ဖတ် သွား ပါ တယ် ခင် ဗျ ...
    တစ်ခါတလေ တော့ လည်း
    ပေါ့ပါးတာ သိပ်ကောင်းတယ်
    ကိုဒီပရေ ....

    ReplyDelete
  11. (သည်လိုငါ.သား)

    ကလေး ၊ ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်

    ဖခင် ၊ အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို. ငါတွက်ထားတာကွ၊

    ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chatting လုပ်ရင်းသိခဲ့ကြတယ်။

    နောက် cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊ ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နိုင်တယ်လို. ခွင့်ပြူတယ်။ သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊ ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊ ပြီးတော့ delete button ကိုလည်းမနှိပ်မိဖူး၊ နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊

    အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊

    မင်းကံကောင်းတယ်ငါ.သား၊
    .......
    .....
    .........
    အဲဒါ မမ မေးလ် ထဲ ၀င်လာတဲ့ ဖောဝေါ့ဒ် ပို့စ် တခု

း)
း)

    မင်း ရဲ့ Online ပန်းစားဘီလူးမလေး ပို့ ပေးလိုက်ပါ ကွာ...း)

    ReplyDelete
  12. ခင်ဗျားလမ်းသရဲမလေးက မှောင်ရိပ်ခိုမှုနဲ့ ရဲက ဖမ်းသွားလားမသိ။

    ReplyDelete
  13. သူများကျတော့ လွမ်းနေတာပြောတယ်။ သူကဖြင့် လူပျေက်တောင်ရှာနေသေးတယ။် အွန်လိုင်းမှာ ချက်သရဲမလေးတွေကိုမယုံနဲ့နော်။ ဟိ။

    ReplyDelete