Sunday, October 18, 2009

သုံးဆယ်ကျော်

ခံတွင်းက ပျက်နေတာကြာပြီ
ဘာမှ စားလို့ သောက်လို့ မရ...။

ဒီဇရက်မလေးကလည်း
ငါ့အရှေ့မှာမှ တောင်ပံကျိုးကျရတယ်လို့..။

ဘဝဆိုတာ
တခါတလေ
ကိုယ့်ကိုကိုယ်ပြန်ပြီး
ခွက်ထိုးခွက်လန် ရီ(ရယ်)ပစ်လိုက်ရတဲ့ဟာသ…။

များများ မတွေးပါနဲ့
ဒီအတိုင်း မော့သောက်လိုက်ကြရုံ…။
လင်းဒီပ
၁၈.၁၀.၀၉

19 comments:

  1. အဟေ ဟေ.. ငါဆို မော့သောက်လိုက် ဇရက်ကြော် မြည်းလိုက် သိုင်းခယျူး ကို သီချင်းလိုပါ လုပ်ဆို လိုက်ဦးမှာ..... မိုက်ခဲ ဒူကဘာ

    ReplyDelete
  2. တည့်တိုးကြီး... :)

    ReplyDelete
  3. သြော် ဒီဇရက်မလေးနှယ်...း)

    ReplyDelete
  4. ဒါပေါ့ ..

    သောက်သလောက် မမူးရင်awmY
    တစ်နေရာရာမှာ
    ပြေးလမ်းတွေ လွဲနေလို့သာ ...။။

    ReplyDelete
  5. awmY က ဘာမှမဟုတ်ဘူးဗျ ..
    မှားရိုက်မိတာ :)

    ReplyDelete
  6. ခံတွင်းကပျက်နေ
    ဇရက်ကလည်းတောင်ပံကျိုးနေ
    (အခန့်သင့်လိုက်ပုံက ဇာတ်ဆရာကိုလာဘ်ထိုးထားသလို)
    ခက်တာက..
    ငါ့ရဲ့မူလဇာတ်ရုပ်ကျကာမှ
    သီလစောင့်ထားတဲ့ကြောင် မဟုတ်လေတော့
    ရီပစ်လိုက်ရအခက် ငိုပစ်လိုက်ရလည်းအခက်..
    ဒီတိုင်းမော့သောက်ပစ်လိုက်တာပဲကောင်းပါတယ်
    မခါးတဲ့မိုးရေတွေကို ...
    (တခြားထောင့်ကနေတွေးပြီး ကဗျာကိုဖျက်သွားပါတယ်။
    စိတ်ကူးယဉ်တယ်ပဲထားပါတော့း) )

    ReplyDelete
  7. သုံးဆယ်ကျော် ဆိုတော့..မွေးနေ့မှာ များ..မူးသွားတာလားး)

    ReplyDelete
  8. ၄၀ကျော်အတွက် တစ်ပုဒ်လောက်ရေးပါဦး။ (အပျိုကြီးများ မဖတ်ရ) ဆိုပြီးတော့ :P

    ReplyDelete
  9. ဒီအတိုင်းကြီးပဲ မော့သောက်တော့မယ်ပေါ့ ကိုလင်းဒီပရေ..အဟီး။

    yu ya

    ReplyDelete
  10. ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတော့ ကြားဖူးတယ်။
    သုံးဆယ်ကျော်မှာ ဇရက်မလေးနဲ့ တွေ့နေတာလား။
    တခါတလေ ဘ၀ဆိုတာကြီးကို ခွက်ထိုးခွက်လန်ရီပစ်လိုက်ရတာ ကောင်းတယ်၊ ပင်လယ်ကမ်းစပ်မှာ ဒါမှမဟုတ် တောင်ထိပ်မှာ သွားရီပါလား။

    ReplyDelete
  11. တော်သေးတာပေါ့ တောင်ပန်ကျုးတာ ဇရက်မလေး မို့လို့။ ကောင်မလေး ချောချောသာဆို ကိုလင်းဒီပနဲ့ တွေ့ပြီ။း)
    ခင်လို့ စသွားတယ်နော်။


    ခင်မင်လေးစားလျှက်

    ReplyDelete
  12. တောင်ပံကျိုးနေတော့ လည်း လုပ်သမျှ ခံရမှာပေါ့လေ... :P

    ReplyDelete
  13. ဥပုသ်စောင့်နေတယ်မှတ်နေတာ...

းဝ)

    ReplyDelete
  14. သုံးဆယ်ကျော်ရင် သာယာဝတီထင်ရဲ့။ :D

    ReplyDelete
  15. မော့သောက်လိုက်မှ
    ဆေးက ခါးမှန်းသိ
    မျိုချမရ၊ ထွေးထုတ်မရ
    ခက်လှသည်ကော..
    ဗျာပူမောတုန်း
    ဟော ဟိုမှာ
    တောင်ပံနာနေတဲ့ ဆက်ရက်မလေး
    ဒီပဆီ ပြေးလာနေပေါ့
    ခံတွင်းတော့ ပျက်ပါရဲ့
    ဒါပေမဲ့.. သူလဲလေ လောကီသားပေမို့.....

    (ခင်မင်စွာ စနောက်သွားပါသည်)

    ReplyDelete
  16. လင်းဒီပရေ...

    ၃၀မကျော်သေးမှန်းသိနေတော့...

    မိုးကုတ်သားနဲ့ ကိုရင်နော်..စောင်းပြောထင်ပါ့...

    ReplyDelete
  17. သုံးဆယ်ကျော်ရုံနဲ့ ခံတွင်းပျက်တတ်နေတာ
    တယ်.မဟုတ်သေးဘူး ကွဲ့နော်..း)
    အဲဒီ ဇရက်မလေးကရော တကယ်တောင်ပံ ကျိုးတာ သေချာရဲ့လား..း)

    နင် နေ မယ် နော်.. ဆရာ.. နင်နေ မယ်.း))

    နောက်တာပါ မောင်လေးရေ
    ကဗျာလေး လှတယ်

    ReplyDelete
  18. ကဲကဲ..ငါ့အကိုရေ..
    ချီးယားစ်စ်စ်....

    ReplyDelete
  19. အားကို

    cheersss ......... ဂလု

    ReplyDelete