Monday, January 11, 2010

ကျောက်ခေတ်ဂီတ

ငါ့စိတ်ထဲက တိမ်တွေ
နင့်စိတ်ထဲက တိမ်တွေ
အရောင်အသွေး တူနေမလား ။
ငါ့စိတ်ထဲက ပုစ္ဆာ
နင့်စိတ်ထဲက ပုစ္ဆာ
ဒွိဟဖြစ်ရတာခြင်း တူနေမလား ။

ငါ့စိတ်ရဲ့ လရိပ်အလင်းနဲ့
နင့်စိတ်ရဲ့ ပျိုးခင်းကို ထွန်းလင်းပေးချင်တယ် ။
နင့်စိတ်ရဲ့ နေရောင်ခြည်နဲ့
ငါ့စိတ်ရဲ့ ဥယျာဉ်ကို ဖူးပွင့်စေ့ချင်တယ် ။

ငါ့သီချင်း
နင့်သီချင်း
သံစဉ်တူမယ့်နေ့
ငါ့မနက်ခင်း
နင့်မနက်ခင်း
အပြာရောင်တွေ လင်းမယ့်နေ့

ဘာပဲဖြစ်ဖြစ်ပေါ့ ညီမလေးရယ်
ငါဖန်ဆင်းခွင့်ရမယ့်
အရုဏ်အသစ်တစ်ခုမှာ
နင်နဲ့အတူတူ မျက်နှာသစ်ချင်တယ် ။
လင်းဒီပ
၁.၅.၂၀၀၅
(သိပ်ရိုးစင်းလွန်းတဲ့ အချစ်ကဗျာအဟောင်းလေးတစ်ပုဒ်ပါ ။ ဘလောဂ်မှာတော့ မတင်ဖူးပါဘူး ။ အသစ်မရေးနိုင်သေးလို့ပါ။)

12 comments:

  1. ညီမလေးရေ.. ခွင့်ပြုလိုက်ပါကွယ်..
    နို့မို့ ဒီတိုင်းကြီး နေ နေဦးမယ်။ :D
    (လက်စားချေသွားပါသည်။)
    P.S.အသစ် အသစ်.. လိုနေတာ အသစ် .. ၂၀၁၀မှာ အဟောင်းကြီးတော့ မလုပ်နဲ့ဗျာ ~~

    ReplyDelete
  2. လင်းဒီပတစ်ယောက်ပျောက်ချက်
    အလှူခံလာတာ မတွေ့လို့လှည့်လှည့် ပြန်သွားရတာများပြီ

    ReplyDelete
  3. ပထမတော့ .. မျက်နှာအတူသစ်ချင်တယ်ပေါ့ ...။
    နောက်တော့ ... စသဖြင့် ..စသဖြင့်တွေ ...။ :)

    လူစုံပြီဆိုမှ မြန်မာပြည် ပြန်သွားတော့ .... သွားလေသူကြီးကို အားလုံးက သတိတရ ရှိကြပါတယ် ...။
    သွားလေသူကြီးဝင်စို့ခေါ်ပြီး ... ဘယ်သူမှ ၀င်မပါခိုင်းသေးဘဲ ကဗျာတစ်ပုဒ် ခပ်တည်တည်တင်လိုက်တာတော့ အတင့်ရဲလွန်းတယ်ထင်တာပဲ ...။

    ... မကြာမီ မျက်နှာအတူတူသစ်ခဲ့တဲ့ အကြောင်းလေး ဖတ်ရဦးမယ်လို့ မျှော်လင့်နေပါတယ် ...။

    Zephyr ...

    btw. အာရုံလို့ရေးထားတယ် ...။ အရုဏ် ထင်ပါတယ်။

    ReplyDelete
  4. ချစ်တတ်သော အချစ်တစ်ခုကို လှလှပပ တွေ့လိုက်ရတဲ့ ကဗျာလေးပါ... ဒါကိုများ “သိပ်ရိုးစင်းလွန်းတဲ့” ဆိုပြီး လုပ်နေသေးတယ်...း)

    ReplyDelete
  5. တူရိယာမစုံသေးတဲ့ကျောက်ခေတ်ဂီတသံက အမှန်ပဲ သံစဉ်တူနေမှာ ထာဝရပါ ..

    ဆင်၂ပြေပျော်ရွှင်ပါစေ

    ReplyDelete
  6. ညျီမလေးနဲ့အတူတူ မျက်နှာသစ်ခွင့်ရမဲ့
    အာရုဏ်အသစ်တခု ဖန်ဆင်းခွင့်ရသော
    ကဗျာဆရာ ဖြစ်ပါစေသတည်း..။

    အဟောင်းလေးလဲ ဖတ်ကောင်းတာပဲ
    အသစ်တွေရေးပါအုံး ဝေ..။

    ReplyDelete
  7. သွားပြီ.. သိပ်ကြိုက်မိတဲ့ သီချင်းကို မြန်မာဒါရိုက်တာတွေရိုက်တဲ့ ဗီစီဒီကြည့်မိသလို ဖြစ်သွားပြီ..

    (သဘောပေါက်တယ်ဟုတ်.. ဘာဆိုလိုတာလဲလို့) ^_~

    ReplyDelete
  8. မင်္ဂလာပါ..

    ကဗျာလေးကို လာရောက် ဖတ်ရှုခံစားသွားပါတယ်။ ကဗျာထဲက ညီမလေးရဲ့ နေရောက်ခြည် အောက်မှာ ဖူးပွင့်ဝေဆာမယ့် ဥယျာဉ်ကြီးထဲမှာ အာရုဏ်သစ်တစ်ခု အတွက် ညီမလေးနဲ့ တူတူ မျက်နှာသစ်ခွင့် ရပါစေကွယ်...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  9. ကောင်းလေစွ .. အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ပေါ့ဗျာ

    ReplyDelete
  10. လှပတဲ့ နံနက်ခင်းလေးမှာ ညီမလေးနဲ့အတူ
    မျက်နှာသစ်နိုင်ပါစေ

    ReplyDelete
  11. နည်းနည်းတော့ ရိုးတယ်။ လှတော့ လှတဲ့ ကဗျာလေးပါပဲ။
    ချစ်သူ့ဖတ်စာ (၅) ကိုတော့ ပိုကြိုက်ပါတယ်။

    ReplyDelete