Friday, August 27, 2010

ဖတ်မိတော့လည်း ကဗျာ(၃)

အိပ်မက်ကို ထပ်ပြီး အိပ်ငွေ့ချ မခံရဖို့

နိုးနိုးကြားကြား ရှိသူတွေ

ကျယ်ကျယ်လောင်လောင် သတိပေးကြ ။


ခေတ်အပျက်ကြီးထဲ

လူအပျက်ကြီးတွေ

ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်

ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။


သူသူငါငါတွေမှာတော့

သမုဒ္ဒရာအမှားထဲ

ပစ်ထည့်ခံလိုက်ရတဲ့ ငါးတွေ..။


လင်းဒီပ

၂၆.၀၈.၁၀

5 comments:

  1. သစ်ပင်မရှိတဲ့ တောင်ကတုန်းတွေမှာ
    ကပ်လာဂမုန်းတွေ ပိုပေါက်မယ် ထင်တယ်
    ကိုလင်းရေ။

    ReplyDelete
  2. ဥုံး

    ကျား ဆရာ ကြောင်
    ကြောင် ဆရာ ကြွက်

    ဂါထားဆိုးတွေ ရွတ်သွားတယ် ကဲကဲ မကောင်းဆိုးဝါးတွေကျွတ်စေ လွတ်စေ ကျယ်ကျယ်လောင်လောင် လေး ဆွသွားတယ် ။


    ကပ်လာဂမုန်း ဆိုတာ ဧည့်လာဂမုန်းနဲ့တူတူပဲလား???

    ReplyDelete
  3. ခေတ်အပျက်ကြီးထဲ

    လူအပျက်ကြီးတွေ

    ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်

    ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။

း))
    အကိုရေ ကမ၀ါသာညှပ်လိုက်ပါတော့ဗျာ

    ခင်မင်စွာဖြင့်
    ဗညား

    ReplyDelete
  4. အချစ်ကဗျာ မဟုတ်တဲ့ကဗျာတွေ အကြိုက်ဆုံး ကဗျာစာရင်းထဲ ဒီကဗျာပါသွားပြီ မောင်လေး
    တကဲ့ ကို ထိမိတဲံ့ နိမိတ်ပုံလေးတွေ

    အိပ်မက်တွေ ထပ်အိပ်မွေ့ချ မခံရဖို့ ကိုယ်စီ တာဝန်ရှိတယ်.. တတ်နိုင်သလောက် တောင့်ခံကြရအောင်

    ReplyDelete
  5. သမုဒ္ဒရာ အမှားထဲ ငါးအမှားတွေ ပစ်မထည့်ကြဖို့ပေါ့ ......

    ReplyDelete