Sunday, August 29, 2010

ဖတ်မိတော့လည်း ကဗျာ(၄)

ခင်ဗျား ထိုင်တတ်သလား ။

ထိုင်တတ်တဲ့သူဟာ နေရာ မပျောက်ဘူး ။
ထိုင်တတ်တဲ့သူဟာ နေရာ မရွေ့ဘူး ။
ထိုင်တတ်တဲ့သူဟာ ထပေးစရာ မလိုဘူးပေါ့ ။

ခင်ဗျားနှယ်
ခုထိ မနေတတ် မထိုင်တတ် ။

ခင်ဗျား အသက်ကြီးနေပြီ
မတ်တပ် မတ်တပ်နဲ့ …။

ခင်ဗျားအရွယ်ကြီးနဲ့
ထိုင်စရာ ရှာမတွေ့သေးဘူးလား ။

(ဒီထက် ဆိုးတာက)
အခုထိ နေရာမရဖြစ်နေတယ် မဟုတ်လား ဆိုတာမျိုး ။

လင်းဒီပ
၂၉.၀၈.၁၀

8 comments:

  1. ဒီလူကြီးနဲ့တော့ ခက်ပါတယ်

    ReplyDelete
  2. မောင်မျိုးAugust 29, 2010 at 10:33 AM

    အေးလေ သေကိုမသေနိုင်ဘူး ဟိဟိ ကိုယ့်ပါသာတွေးချင်တာတွေးပြီး ရေးချင်တာရေးသွားတာနော်း)

    ReplyDelete
  3. ဒီကောင်လေး..
    ဒီလူကြီးအကြောင်းရေးတာ
    ကွင်းကွင်းကွက်ကွက် ..
    ထောက်ရှဲ့ ထောက်ရှဲ့
    ဟိုထိုင်ခုံ ကောင်းနိုး ဒီထိုင်ခုံ ကောင်းနိုး
    အဲ ဟုတ်သေးဘူး ထင်တယ်
    ဘယ်ထိုင်ခုံက မှ ကိုယ့်အတွက် မဟုတ်ဖူးဆိုတာ သေချာ သိနေတော့
    အခက်တွေ့ နေတာ ကွ..

    ReplyDelete
  4. ထိုင်ပြီး ပြန်မထပေးချင်တဲ့ လူတွေရှိနေတာ ခက်တယ်ဗျာ ...

    ReplyDelete
  5. ခုထိ မနေတတ် မထိုင်တတ် နေရာမယူတတ် နေရာမရသေး .. ညံဖျင်းနေဆဲ .......

    ReplyDelete
  6. မိုက်တယ်..ခိုက်တယ်..။။။

    ReplyDelete
  7. တစ်ချို့လည်း ကိုယ့်နေရာမဟုတ်ပဲ ထိုင်နေကြတာပဲ..
    တစ်ချို့လည်း ခုထိ နေရာမရ..

    ReplyDelete
  8. MRT စီးတဲ့ အတွေ့အကြုံ ပြန်လည်ဝေငှသည်။
    :D

    ReplyDelete