Sunday, September 12, 2010

ဖွင့်ဆိုချက်

တံခါး
ဖွင့်လိုက်ရင်
ရန်သူ ရောက်လာမယ် ။

ရန်သူက
အပြင်ဘက်မှာလား
အတွင်းဘက်မှာလား ။

ငါက
အပြင်ဘက်မှာလား
အတွင်းဘက်မှာလား ။

ငါ့တည်နေရာ
ရန်သူ့တည်နေရာ
အမှောင်ထဲ
ဇောချွေးတွေ သပ်ချရင်း
ငါ စဉ်းစားမရ ဖြစ်နေတယ် ။

လင်းဒီပ
၁၂.၀၉.၁၀

10 comments:

  1. 12 Sep 10, 10:45
    kom: မေးလိုက်ပါလား.။ ရန်သူု့ကို...........ကိုယ်မှ စဉ်းစားလို့မရတော့တာ.

    ReplyDelete
  2. ချွေးတော့အထွက်မခံနဲ့။ ဟင်း.

    ReplyDelete
  3. ရန်သူလည်းကိုယ် ကိုယ်လည်းကိုယ်

    ReplyDelete
  4. တစ်နေရာယူ
    နှစ်အဆင်သင့်ပြင်
    သုံး ကျည်ဆန်ထည့်
    လေးမောင်းချိန်
    ငါးပစ်နိုင်ပြီ

    ReplyDelete
  5. မောင်မျိုးSeptember 12, 2010 at 9:31 PM

    ရန်သူက ချုံပုတ် ထဲမှာ ချောင်းရိုက်မလို့တဲ့ အမှောင်ထဲမှာ ပုန်းနေတယ် ညည တစ်ယောက်တည်း မထွက်သွားနဲ့ အဖော်ဆောင်ထား အယ် ဘွာတေး အဖော်ခေါ်သွားပြောတား)

    ReplyDelete
  6. ဟာ...ဘေးနားမှာ ရန်သူ ရန်သူ...း))

    ReplyDelete
  7. ရန်သူက အပြင်မှာရော.. အတွင်းထဲမှာရော...
    :)

    ReplyDelete
  8. အစိမ်းရောင်တွေကို မသုံးနဲ့
    ကိုယ်တကယ် စိုးရိမ်တယ်
    ရန်သူတွေ ဘယ်နေရာက
    ပေါ်လာမယ်မှန်းမသိတော့
    ကာကွယ်လို့ထား ...
    အပြောရခက်တဲ့စကားတွေ
    လွယ်ကူနေရမယ်
    မင်းရဲ့အချစ်နဲ့ အပြုံးဟာ
    အဆင်ပြေလုံလောက်တယ် ...
    (ခင်ဝမ်း)

    ReplyDelete
  9. အသံ ခပ်အုပ်အုပ် လေး နဲ့ မေးလိုက်ပါ

    ရန်သူ.... မင်း ဘယ်နားမှာလဲ... သူ့ဆီကအဖြေကို ကြားပြီးမှ ၊ ငါရော ဘယ်နားမှာ လဲ ခပ်ကျယ်ကျယ် အော်လိုက်ပါ။ ပြန်ဖြေလိမ့်မယ်...
    ငါလဲ မသိဘူးးးးး ။ ဟဲ ဟဲ

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  10. ငါမရှိ ရန်သူမရှိ
    အတွင်းမရှိ အပြင်မရှိ
    ဘဝ ဆိုတာ တံခါးကြီး သက်သက်ပါဗျာ ..

    လေးစားလျှက်
    အုပ်ကြီး

    ReplyDelete