Tuesday, November 23, 2010

ဖတ်မိတော့လည်းကဗျာ(၅)

မြင်မြင်သမျှကြောင့် ဖြစ်ရတဲ့

မမြင်ရတဲ့အပူတွေ

(တစ်ဘဝလုံး)

လှိုက် လောင်လို့ မဆုံးဘူး။


အပူရှိရာ

အခါခါ ဦးတည်နေတော့

အပူလောင်တာ ဘာဆန်းလဲ ။


တခါ အအေးခံ နားလိုက်

အပူကို အပူတပြင်း လိုက်ရှာမိတ်ဖွဲ့လိုက် ။


အေးရာအေးကြောင်း မနေတတ်မှတော့

ပူလေ

ပူပါလေ့စေ

လောင်ပါစေ..။


လင်းဒီပ

၂၃.၁၁.၁၀

4 comments:

  1. အပူရှိရာ

    အခါခါ ဦးတည်နေတော့

    အပူလောင်တာ ဘာဆန်းလဲ
    >>>>>>>>>>>>>>>>>>>>>>>>>
    ဟုတ်တော့ ဟုတ်သလိုလိုပဲ အကိုရေ...
    ဒါပေမဲ့ အပူကို အပူတပြင်း လိုက်ရှာမိတ်ဖွဲ့မနေပါနဲ့..
    ဒီကောင်က အချိန်တန်ရင် ရောက်ရောက်လာတာ....:)

    ReplyDelete
  2. မောင်မျိုးNovember 23, 2010 at 9:48 AM

    ပူချင်တုန်း အခါတော့ ပူရင်ပူပါစေလို့ဖြစ်ပြန်ကော နောက်တော့ ဒီငရုပ်သီးလေးစားမိသလို ရင်ထဲပူပြီး တကယ်စပ်တယ် မရှောင်သေးတော့ ခံလိုက်ကွယ်း)

    တစ်ချို့သော အပူများသည် ပူသည်ဟုထင်ရသောကြောင့်ပူခြင်းဖြစ်ပြီး တစ်ချို့သော အပူများက ပူပေမယ့် အေးသည်ဟုထင်ရတတ်ပါသည် ။ကျနော်ကတော့ ပူတာကိုမကြိုက်လို့ ပြောင်းဖူးပြုတ်ကိုတောင် ရေခဲစိမ်ပြီးမှ စားတယ် ။

    ReplyDelete
  3. ပူပါစေ လောင်ပါစေ အပူများနဲ့လူ :)

    ReplyDelete
  4. “မြင်မြင်သမျှကြောင့် ဖြစ်ရတဲ့
    မမြင်ရတဲ့အပူတွေ
    (တစ်ဘဝလုံး)
    လှိုက် လောင်လို့ မဆုံးဘူး။”


    စိတ်ထဲမှာ “ဟယ်”ကနဲပဲ...

    “အပူရှိရာ
    အခါခါ ဦးတည်နေတော့
    အပူလောင်တာ ဘာဆန်းလဲ ။”


    ကြိုက်တာကတော့ တစ်ပုဒ်လုံး ဒါပေမယ့် အဲဒီအပိုဒ်လေး အကြိုက်ဆုံးပဲ။

    ကိုယ့်အကြောင်း ရေးသလိုကို ခံစားလိုက်ရတယ်...

    အေးရာအေးကြောင်း မနေတတ်သူတစ်ဦးး)

    ReplyDelete