Monday, December 6, 2010

စိတ်ကောက်နှင်းဆီ

နာကျင်စေလိုစိတ် အရင်းမခံဘဲ

ဆူးပျော့လေးတွေ ဝတ်ဆင်မူနွဲ့

ဂျစ်ကန်မျက်နှာပေးမှာ

ဂရုဏာရနံ့လေး သင်းလို့ ။

မင်းတိတ်ဆိတ်လိုက်တဲ့အခါ

မပြောတဲ့စကားလေးတွေက

လျှို့ဝှက်လွန်းတဲ့ အနုပညာ ။

အလီဘာဘာအပြုံးနဲ့ အကြည်သားမျက်ဝန်းလေး

ကိုယ့်အချစ်ရဲသားတွေ လက်ရဖမ်းမိ

ရပ်လိုက်

ဒီမှာ

မမုန်းတတ်ဘဲ အမုန်းစကား မပြောနဲ့ ။

ခွင့်လွှတ်တတ်လွန်းတဲ့ မင်းစိတ်လေးကို

(ကစားကွင်းထဲရောက်သွားတဲ့ ကလေးတစ်ယောက်လို)

ဆိုးရင်း ကဲရင်း ကျီစယ်ကစားရင်း ကိုယ်ပျော်နေပေါ့ ။

ကိုယ်က လုပ်ချင်တာတွေ လျှောက်လျှောက်လုပ်နေလို့

မင်းက မလုပ်ချင်တာတွေ လျှောက်လျှောက်လုပ်နေရတယ် ဆိုလား

မင်းအတိုင်အတောတွေနဲ့ မေမေ့အဆူအပြောတွေနဲ့ ။

(ဟုတ်ပါတယ်)

တေလေရထားကြီး ကိုယ်ပါ

စိတ်သွားသလို ခုတ်မောင်းနေလည်း

မင်းဟာ ငါ့ဘဝရဲ့ အမြဲတမ်းနဲ့ တစ်ခုတည်းသော နောက်တွဲလေး

ကဲ…လာ

စိတ်ကောက်နှင်းဆီလေး

ဧဒင်ဘူတာဆီ စိတ်တူကိုယ်တူ ခုတ်မောင်းဖို့ ။

လင်းဒီပ

၀၁.၁၂.၁၀

9 comments:

  1. မတွေ့တာကြာ
    မမြင်တာကြာ
    နောက်တွဲ ရထား .. နှင်းဆီလေးက စိတ်ကောက်တော့ ကဗျာတွေ ရေးချိန်မရတာလား မောင်လေးရ ..း)

    ReplyDelete
  2. စိတ်ကောက်နှင်းဆီ တဲ့ ချစ်သူကို တင်စားပုံက :)

    ReplyDelete
  3. ကဗျာလေးက ချစ်စရာကောင်းလိုက်တာ
း)

    ReplyDelete
  4. ပေါ်ပူးးးးးးးးးးးး ( ရထားဝင်ပြီး)


    ရေရမယ် ရေး)

    ReplyDelete
  5. ကောင်မလေးတော့ တခါထဲ ကြွေသွားမယ်
    ဒီကဗျာကိုဖတ်ရင်

    ReplyDelete
  6. မင်းဟာ ငါ့ဘဝရဲ့ အမြဲတမ်းနဲ့ တစ်ခုတည်းသော နောက်တွဲလေး

    ....ဟုတ်မှလည်းလုပ်ပါ ..ငါ့ရှင် ...။
    ရေးထားသမျှ နောက်တစ်ယောက်ထပ်မေးရင် ... ဖြေရခက်နေမယ်။

    ရိုးရိုးသားသား ကိုယ်ချင်းစာမိသူတစ်ဦး။

    ReplyDelete
  7. မုန်းတယ် ..မုန်းတယ် ..
    မမုန်းတတ်မှန်းလည်း သူအသိ
    စိတ်ကောက်တယ်ဆိုတယ်အချော့ခံချင်လို့ ဆိုတဲ့အကြောင်း ....သူသိရင်ကောင်းမှာပဲ :)

    ReplyDelete
  8. အလီဘာဘာ အပြုံးဆိုတာ
    နှုတ်ခမ်းမွှေးစစနဲ့ ပြုံးတာလား...

    ReplyDelete
  9. အိန္ဒြာ နော်... ENTER ခေါက်လိုက်မိလို့

    ReplyDelete