Thursday, August 11, 2011

လမ်းခွဲတေး(၂)

သံယောဇဉ်ကိုင်းဖျားကိုင်းနား

အမှား ခိုနားမိခဲ့တဲ့

မလိမ်မိုးမလိမ်မာငှက်ကလေး ။


“မလိုအပ်ဘဲ စကားတွေ အများကြီး ပြောခဲ့မိတာ

မလိုအပ်ဘဲ ဆေးထိုးသလိုပဲ”

ရင်မခုန်ကြေး ဆိုတဲ့

နားလည်မှုစာချွန်လွှာလေး အခါခါ စုတ်ဖြဲခဲ့မိ ။


အငြင်းဝါကျတွေက

တစ်ချက်တည်း ကျင်းဝင်နေကျမို့

ဘာမှ ထပ်မပြောချင်တော့ ။


ပျော်မယ် မဟုတ်လား…

မလွမ်းတတ်သူများ ကြီးစိုးရာမှာ

မတောင်းဘဲ ပေးခဲ့တာတွေနဲ့

တောင်းပြီး မပေးခဲ့တာတွေအတွက်

ကျေးဇူးတင်ပါတယ် ။


လင်းဒီပ

၁၁.၀၈.၁၁


“လမ်းခွဲတေး”ဆိုတဲ့ ကဗျာလေးကို ဒီမှာ ရေးခဲ့ဖူးပါတယ် ။

အကင်းမသေသေးတဲ့ ခံစားချက်တွေအတွက် ဒါလေး ထပ်ရေးပါတယ် ။

5 comments:

  1. အငြင်းဝါကျတွေက
    တစ်ချက်တည်း ကျင်းဝင်နေကျမို့
    ဘာမှ ထပ်မပြောချင်တော့။

    ဒီအပိုဒ်လေးကို အရမ်းကိုနှစ်သက်မိတယ်ရှင့်။

    ခင်တဲ့

    ReplyDelete
  2. ပျော်မယ် မဟုတ်လား…

    မလွမ်းတတ်သူများ ကြီးစိုးရာမှာ

    မတောင်းဘဲ ပေးခဲ့တာတွေနဲ့

    တောင်းပြီး မပေးခဲ့တာတွေအတွက်

    ကျေးဇူးတင်ပါတယ် ။

    ကျေးဇူးတင်ပါတယ်.ဒီအပိုဒ်လေးကိုကြိုက်တယ်

    ReplyDelete
  3. လူတိုင်းမှာတော့

    မတောင်းဘဲ ပေးခဲ့တာတွေနဲ့

    တောင်းပြီး မရတာတွေရှိနေမှာနော်....
    အဲတာသိပ်မှန်တာပေါ့။

    ReplyDelete
  4. နှစ်သက်တယ် မောင်လေး
    အမ ကတော့ .
    တချက်တည်းဝင် မဲ့ အငြင်းဝါကျမျိုးတွေ.. ပျိုးကို ပျိုးထားချင်နေမိသေး တော့..

    ReplyDelete
  5. 'ပျော်မယ် မဟုတ်လား…
    မလွမ်းတတ်သူများ ကြီးစိုးရာမှာ'
    ဒါလေးလှတယ် ကိုလင်းဒီပ။

    အရင်ကဗျာထဲက အောက်က အပိုဒ်လေးကတော့ အကြိုက်ဆုံးပဲ။
    'အိမ်အိုလမ်းဆွေး
    ဘယ်ရထားမှ မရပ်တဲ့ ဘူတာရုံလေးမှာ ငါကျန်ခဲ့မယ်
    ညီမလေးရေ
    မင်းကတော့ တိမ်ရထားနဲ့လိုက်သွားပေါ့။' ...

    ReplyDelete