တိမ်တွေ ခရီးစပြီလား
ကိုယ်လည်း လိုက်ခဲ့ချင်ပါရဲ့ ။
တိုးတိတ် ဆွံ့အ, လွန်းသူ
ရိုးအနုံနဲ့လွန်းသူ
အရာရာတိုင်းမှာ လေးကွေးအေးစက်
အိပ်မက်ရယ်၊ ပင့်သက်ရယ်ကလွဲလို့
ညီမလေးအတွက် ဘယ်လိုနှင်းဆီမှ ခူးယူမပေးနိုင်ခဲ့သူ
တောင်တွေအကွယ်မှာပဲ ထားခဲ့
လရောင်ဝှက်လို့ ပင့်သက်ငင်ပြီး ကြွေလွင့်ခဲ့ရတဲ့
ကျောင်းတံခါးဝက ညနေလေးတွေလည်း
နေပါစေတော့လေ။
ဂစ်တာတီးတတ်စ ကြိုးလေး ပြတ်သွားတုန်းကလိုမျိုး
လွမ်းလား..လွမ်းရဲ့
တကယ်ဆို အားလုံးကို ဇာတ်ကွက်ချပြီးမှ
ကိုယ်က တရေးနိုးထလာခဲ့သူ
ကိုယ်က ပင်လယ်ခုနစ်ထပ်နဲ့
ကျောက်ခေတ်မှာ အိပ်စက်နေခဲ့မိသူ
ဘယ်သူမဆို ကိုယ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲကိုတော့
သမိုင်းမှာ ဘယ်ဖတ်ကြည့်ချင်ပါ့မလဲ
အိမ်အိုလမ်းဆွေး
ဘယ်ရထားမှ မရပ်တဲ့ ဘူတာရုံလေးမှာ ငါကျန်ခဲ့မယ်
ညီမလေးရေ
မင်းကတော့ တိမ်ရထားနဲ့လိုက်သွားပေါ့။
ဒီကဗျာလေးက ၂၀၀၈ လောက်က ကျွန်တော် ကိုယ်ပိုင်ဘလောဂ့်လေး မလုပ်ခင် ချင်းတွင်းမှာ ကလောင်နာမည် “ဒီပ” နဲ့ ဖော်ပြခဲ့ဖူးတဲ့ကဗျာလေးပါ။ ထားသွားတဲ့ ချစ်သူကို ဘာ အာဃာတမှ မပါဘဲ ရိုးရိုးလေး လွမ်းထားတဲ့ ကဗျာလေးပါ။ တခါတုန်းက ဒီကဗျာလေးလိုမျိုး ကျွန်တော် နောက်ကျစွာ နိုးထ လာခဲ့ဖူးပါတယ်။(အမှတ်တရ တစ်ခုပေါ့ဗျာ။) အခုည ပြန်ဖတ်ကြည့်ရင်း တင်ချင်စိတ် ပေါက်လို့ ပြန်တင်လိုက်တာပါ ။
လင်းဒီပ
၁၇.၄.၀၉
Saturday, April 18, 2009
Subscribe to:
Post Comments (Atom)
15 comments:
တိုးတိတ် ဆွံ့အ, လွန်းသူ
ရိုးအနုံနဲ့လွန်းသူ
မဖြစ်ပါစေနဲ့ ဗျာ။ စိတ်မကောင်းလို့ ပါ။ ကဗျာလေးကောင်းတယ်ဗျ။ အဟုတ်။
ခံစားချက်အဟောင်ဲးမယ့်
ကောင်းနေတုံးပဲမဟုတ်လား.......
လွမ်းရတဲ့အရသာလောက်ချိုမြိန်တာ
ဘာမှမရှိဘူး.................
သူ့ဆံပင် နှင်းဆီတွေနဲ့ တင့်တယ်ဖို့ ဘယ်လို နှင်းဆီမှ ခူးမပေးနိုင်ခဲ့သူရေ.. ခရေဖူးလေးတွေသာ တန်ဖိုးထား ပန်ချင်သူနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
"အိမ်အိုလမ်းဆွေး
ဘယ်ရထားမှ မရပ်တဲ့ ဘူတာရုံလေးမှာ ငါကျန်ခဲ့မယ်
ညီမလေးရေ
မင်းကတော့ တိမ်ရထားနဲ့လိုက်သွားပေါ့။"
ကဗျာဆရာမို့ ကျန်ခဲ့ပုံလေးအစ သဘောကျစရာ...:)
တိမ်ရထား...တဲ့လား
ုလှတဲ့  ဝေါဟာရ။
ဘယ်သူမဆို ကိုယ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲကိုတော့
သမိုင်းမှာ ဘယ်ဖတ်ကြည့်ချင်ပါ့မလဲ
အိမ်အိုလမ်းဆွေး
ဘယ်ရထားမှ မရပ်တဲ့ ဘူတာရုံလေးမှာ ငါကျန်ခဲ့မယ်
...........................
...................
ရှုံးခဲ့တဲ့တိုက်ပွဲသံတွေနှလုံးသားထဲဆူညံရင်း
ဥသြခပ်ပြင်းပြင်းဆွဲထွက်သွားတဲ့ရာသီအိုတစ်ခုနဲ့အတူ
.................
ဘယ်သူမဆို ကိုယ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲကိုတော့
သမိုင်းမှာ ဘယ်ဖတ်ကြည့်ချင်ပါ့မလဲ
အိမ်အိုလမ်းဆွေး
ဘယ်ရထားမှ မရပ်တဲ့ ဘူတာရုံလေးမှာ ငါကျန်ခဲ့မယ်
အလွမ်းရိုးရိုးလေးကို.....
တငြိမ့်ငြိမ့်ခံစားသွားခဲ့တယ်...
ပြေပြေလွင်လွင်စီးသွားတဲ့အသံ..အစီးအဆင်းနဲ့..
ပြောချင်တာကို ရိုးရိုးလှလှချပြတတ်ပုံလေးကို..
နှစ်လိုစွာ...
မောင်လေး လင်းရေ...
နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းပါတယ်...။
ဟိုဒင်း သယ်ချင်းရဲ့ ဒေါ်လေးကို အမှတ်ရစေတယ်
နှစ်သစ်မှာပျော်ရွှင်ပါစေ
ခင်မင်လျက်
စာကြောင်းတိုင်းကို ကြိုက်ပါတယ်။
“ဘယ်သူမဆို ကိုယ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲကိုတော့
သမိုင်းမှာ ဘယ်ဖတ်ကြည့်ချင်ပါ့မလဲ”
အဲဒါကိုတော့ အကြိုက်ဆုံးပါပဲ...။
အလွမ်းတွေနဲ့ ကင်းဝေးပါစေ ကိုလင်းဒီပရေ...
လမ်းခွဲတေးလေးကို နားထောင်ခံစားသွားတယ်ညီလေး
amazing bro !!!!
တိမ်တွေ ခရီးစပြီလား
ကိုယ်လည်း လိုက်ခဲ့ချင်ပါရဲ့ ။
very good bro. i like it. :)
ဂစ်တာတီးတတ်စ ကြိုးလေး ပြတ်သွားတုန်းကလိုမျိုး
လွမ်းလား..လွမ်းရဲ့ ... :)
နူးနူးညံ့ညံ့ ကျိုးကျိုးနွံနွံ အလွမ်းလေး။
သိပ်ကောင်းတယ် ကိုဒီပ။
း)
အမ မှတ်ချက် ဘာလို့ မတွေ့ တာပါလိမ့်..
မရေးဖြစ်ခဲ့တာပဲ နေမယ်..
ခု တခေါက် ထပ်လာဖတ်တော့လဲ .. ကြိုက်နေဆဲပဲ ရော..
Post a Comment