Thursday, June 21, 2012

အနွေးထည်


ချစ်စဖွယ် ဖြူလွလွလေး
ထွေးထွေး
နွေးနွေးလေးရှိမယ့်ပုံ ။

ချစ်သူ့ဘဝ
နှင်းတွေ တဖွဖွကျနေလိုက်တာ
ရိုမန်တစ် ဆောင်းညများ
တစ်ဘဝလုံး ဆောင်းချည့် တွေ့ရတော့မှာလို…

“ချစ်သူဟာ ကိုယ့်အတွက် အနွေးထည်လေးလိုပါပဲကွယ်”လို့
ဆိုပြီး.. ဆိုနေပြီး..
ကဗျာကို ဂါထာလို ရွတ်ရင်းနဲ့။

ဘဝနွေရာသီ အပူချိန် အမြင့်တစ်ခုနဲ့
ကန္တာရနေ့ဆိုးညဆိုးကြီးတွေ
တကယ် ဖြတ်လျှောက်ရတော့
ဝတ်ထားတဲ့အနွေးထည်ကြီး ပြန်ချွတ်ရတော့မလို
ချစ်ခြင်းဟာ ချွေးတလုံးလုံးနဲ့ ။

လင်းဒီပ
၂၁.၀၆.၁၂