Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts

Sunday, January 10, 2010

ဝင်စို့

ဘလောဂ့်ကနေ သုံးပတ်လောက် ကျွန်တော် ခွင့်မတိုင်ဘဲ ပျောက်သွားမိလို့ အခု ခွင့်ပြန်တိုင်တာပါ ။ အားလုံးသော အစ်ကို အစ်မ ညီ ညီမ များနှင့် သူငယ်ချင်းများအားလုံး Happy New Year နဲ့ Merry X’mas ပါဗျာ ။

ရန်ကုန် ခဏ ပြန်သွားလို့ပါ ။(ရန်ကုန်မှာ ညီမ မေရာ နန်းညီ တို့နဲ့ ဆုံဖြစ်ခဲ့ပါသေးတယ် ။ )

ကျွန်တော်မရှိတဲ့ ရက်မှာ ခရစ္စမတ်နဲ့ နှစ်ကူးဆုတောင်းတွေကို Comments, Email , Cbox မှ လာတောင်းပေးသွားတဲ့ အစ်ကို အစ်မ ညီ ညီမများအားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ ပြောခွင့်ပြုပါ ။ ကျွန်တော် ဒီပိုစ့်နဲ့ပဲ အားလုံးကို ပျော်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းခွင့် ပြုပါ ။ နောက်ရက်တွေမှာတော့ ရက်အတော်ကြာ ကျွန်တော် မရောက်ဖြစ်တဲ့ အိမ်တွေကို ကျွန်တော် ပြန်လာလည်ပါမယ် ။

ဒီစာလေးက ငယ်ငယ်က ကစားသလိုဆို “ဝင်စို့” ပြန်လုပ်တာပါ ။

နှစ်ဟောင်းက အညစ်အကြေးတွေ အတွေးအဟောင်းအညစ်တွေ ပစ်ပြီး လောကကို ဖြူသောစိတ်နဲ့ ချစ်နိုင်ကြပါစေလို့ နှစ်ဦးဆုတောင်းမိပါတယ် ။ နောက်ရက်တွေမှပဲ သွားနေကျ နေရာတွေကို သွားပြီး ရေးနေကျ စာမျိုးလေးတွေ ပြန်ရေးပါမယ် ။ နှစ်ထောင့်တစ်ဆယ်မှာ အားလုံးပဲ ချစ်ခြင်းတွေနဲ့ ဘလောဂ့်ဂင်း နိုင်ကြပါစေဗျား ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၁၀.၀၁.၁၀

Friday, January 9, 2009

နှစ်သစ်မင်္ဂလာ..

ကျွန်တော့် ဘလောဂ့်လေးနဲ့ ကျွန်တော် ဝေးကွာနေတဲ့ရက်တွေမှာ လာလာ လည်သွားတဲ့ ကျွန်တော့် သူငယ်ချင်း မောင်နှမ ဘလောဂ့်ဂါများ နှင့် စာလာဖတ်ပေးတဲ့ သူငယ်ချင်း မောင်နှမများ အားလုံးကို ကျေးဇူးပါ..၂၀၀၉ မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ…အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ..

တဆက်တည်းပဲ ကျွန်တော့် ပေါ့တီးပေါ့ဆနိုင်မှုလေးကို တောင်းပန်ပါရစေ..(ကို)ကမာပုလဲ ကိုပါ..ကျွန်တော်ရေးထားတဲ့ ကြိုက်သော ကဗျာလေးတစ်ပုဒ် ဆိုတဲ့ Tag ပိုစ့်မှာ ကိုကမာပုလဲရဲ့ သနပ်ခါးကဗျာလေးကို ဖော်ပြထားပါတယ်..မိုးမခ က ကူးယူးထားပါတယ်လို့ ကျွန်တော်မှားပြီး ညွှန်းထားမိပါတယ်။ အမှန်ကတော့ ဒေါက်တာလွဏ်းဆွေ ဘလောဂ့်ကိုသာ ပို့ထားတဲ့ အကြောင်း ကိုကမာပုလဲ က email ပို့လိုက်မှ သတိထားမိတာပါ.. ခင်ခင်မင်မင် ထောက်ပြပေးတဲ့ ကိုကမာပုလဲ ကျေးဇူးပါဗျာ..

မကြားရ မမြင်ရတဲ့ သူငယ်ချင်းတွေကော..ကြားရမြင်ရတဲ့ သူငယ်ချင်းတွေ အားလုံးကို ချစ်ခင်လေးစားပါတယ်.. (ကိုမိုးမြင့်တိမ်ကြီး ကျေနပ်ပါစ..:P)…

၂၀၀၉ရဲ့ ဘလောဂ့် ရေစီးကိုလည်း ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အားလုံး ပျော်ပျော်ရွှင်ရွှင် လိုက်ပါ စီးမျောကြပါစို့လို့ ဆန္ဒပြုပါတယ်..
ခင်မင်စွာ
လင်းဒီပ

Saturday, December 20, 2008

ခွင့်စာ

ဒီရက်တွေမှာ ကျွန်တော် နှစ်ပတ်လောက် ပြတင်းပေါက်ကလေးကနေ ပျောက်နေပါဦးမယ်။
သူငယ်ချင်း ညီအစ်ကို မောင်နှမတွေဆီလည်း ရောက်မယ် မထင်ဘူး။
၂၀၀၉ အတွက် ကြိုပြီး နှုတ်ဆက်ခွင့်ပြုပါ..
အားလုံးပဲ..happy new year & merry x'mas ပါဗျာ။
နှစ်သစ်မှာ ပြန်လာခဲ့ပါမယ်။

မကြားရမမြင်ရတဲ့ သူငယ်ချင်းတွေကို ချစ်တဲ့သူ
လင်းဒီပ