Thursday, September 29, 2011

မသိခြင်းပစ်မှတ်များ

မြားတွေ
လေထဲ
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ခဲ့
မိတ်ဆွေများလည်း ထိသွားနိုင်သည် ။
ရန်သူများလည်း ထိသွားနိုင်သည်။

မမှတ်မိတော့ပါ
မြားဦးမှာ အဆိပ်လူးခဲ့သလား ။

မမှတ်မိတော့ပါ
မြားဦးမှာ မေတ္တာလူးခဲ့သလား ။

မုန်းသူများလည်း ချစ်သွားနိုင်သည် ။
ချစ်သူများလည်း မုန်းသွားနိုင်သည် ။

(မမှတ်မိတော့ပါ)
တစ်ဘဝလုံး
မြားများစွာ
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ခဲ့ဖူးပြီ ။

လင်းဒီပ
၂၉.၀၉.၁၁

Monday, September 26, 2011

မီးသေနေတဲ့နေ့များ

မပျော်ဘူးကွယ်....

မပျော်တဲ့စိတ်ကလေး

အရည်ပျော်မသွားဖို့အရေး

အားတင်းအေးခဲ....

မပျော်တဲ့စိတ်ကလေး

အရည်ပျော်မသွားဖို့အရေး

အေးခဲအားတင်း....

နေရင်းက

မပျော်ပါဘူးကွယ် ။

လင်းဒီပ

၂၆.၀၉.၁၁

Wednesday, September 21, 2011

ဖတ်မိတော့လည်းကဗျာ(၆)

တူပြီ အော်တဲ့လူနဲ့

မြေလှန်ရှာတဲ့လူနဲ့

ကမ္ဘာကြီးရဲ့ ကစားနည်းတွေက ဟိုတုန်းကအတိုင်း ။


နောက်တစ်ခါ မင်း ထပ်မရှုံးမချင်း မင်းနိုင်တယ်

နောက်တစ်ခါ ငါ ထပ်မရှုံးမချင်း ငါနိုင်တယ် ။


နိုင်တဲ့သူ အလံစိုက်

ရှုံးတဲ့သူ အံကျိတ်ကြေကွဲ

ငြိမ်းချမ်းခြင်းဆိုတာ မိုးပြေးလေးပါပဲ ။


လင်းဒီပ

၂၁.၀၉.၁၁