မပျော်တဲ့စိတ်ကလေး
အရည်ပျော်မသွားဖို့အရေး
အားတင်းအေးခဲ....
မပျော်တဲ့စိတ်ကလေး
အရည်ပျော်မသွားဖို့အရေး
အေးခဲအားတင်း....
နေရင်းက
မပျော်ပါဘူးကွယ် ။
လင်းဒီပ
၂၆.၀၉.၁၁
မပျော်တဲ့စိတ်ကလေး
အရည်ပျော်မသွားဖို့အရေး
အားတင်းအေးခဲ....
မပျော်တဲ့စိတ်ကလေး
အရည်ပျော်မသွားဖို့အရေး
အေးခဲအားတင်း....
နေရင်းက
မပျော်ပါဘူးကွယ် ။
လင်းဒီပ
၂၆.၀၉.၁၁
အပြင်လူ
စေတနာထက်ထက် အပေးအယူတွေ
မဌားရမ်းနိုင်သေးလို့
နှုတ်ထွက်ခွင့်နဲ့သာ ထိုက်တန်
ပရိဝုဏ်အစွန်ဆုံးမှာ ရပ်နေမိသူသာ…
ထောင်လိုက်မျဉ်းတွေအကြား
အချိုးတကျ မနေတတ်တဲ့အခါ
သဘောရိုးကို ဆင်ခြင်ရင် နောက်ကျိနေခဲ့သလား။
ဆက်ဆံရေးစစ်ပွဲမှာ
ဘယ်အခါမှ နလံမထူနိုင်သူလေ
နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။
“နေကောင်းလား”
မှုန်မှိုင်းစကားစကိုပင် ထုံထိုင်းထိုင်းစည်းကွယ်နေပြီမို့
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ချင်လည်း …
အဆုံးမှာ
အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
လူမဆန်ဘူးဆိုလည်း ရှိစေ။ ။
မယ်ကိုး
Copyright (c) 2009 ကျွန်တော့်ပြတင်းပေါက်ကလေး . All rights reserved.
Blogger Templates created by Deluxe Templates.
Design by Free CSS Templates.
8 comments:
ဘာတွေများ ဒီလောက် မပျော် ဖြစ်နေတာလဲ.. :)
ပျော်ရွှင်ခြင်းဆိုတာလဲ မိုးပြေးလေးပါပဲ ...
အိပ်မပျော်တာပဲဖြစ်ရမယ်...း)
ခင်တဲ့
မေသိမ့်
အဓိပ္ပါယ်ရှင်းရှင်းလေး
ကဗျာလေးကရိုးရိုးလေး
စိတ်ဝင်စားအောင်ရေးလိုက်တယ်....
အရမ်းကိုတော်ပါတယ်
ခင်တဲ့ jas
ကျွန်တော့်ဘကြီးလည်း အဲဒီလိုပဲ။
ပြောပြီးသိပ်ကြာကြာတောင်နေမသွားတော့ဘူးဗျ။
သတိထားဦးနော် အန်ကယ်။
မပျော်တာကတော့ တူတူပဲ အစ်ကိုရေ့း)
ဒါပေမယ့် ... ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးသွားပါတယ်
တိုက်ဆိုက်လိုက်တာများဗျာလို့တောင် ပြောချင်တယ်။ မပျော်တာတော့ အမှန်ပါ။
မပျော်တဲ့ကဗျာကို မပျော်တဲ့သူတယောက် လာဖတ်ပါတယ်...
တကယ် မပျော်ဘူးကွယ်...း(
Post a Comment