တခါရောက်လာတိုင်းမှာ
သူတို့က သော့တံတစ်ချောင်း ပေးတတ်တယ် ။
နောက်တခါ ရောက်ရှိသွားတော့
ပထမပေးထားတဲ့ သော့တံက သုံးမရတော့ပြန်ဘူး။
နောက်ထပ် သော့တံတစ်ချောင်းထပ်ပေး
သော့အသစ်နဲ့ တံခါးကို ဖွင့်ရတယ်။
ထပ်ရောက်တော့
ထပ်လဲသွား
အသစ်တစ်ချောင်း ထပ်ပေးပြန်တယ် ။
ကြာလာတော့ ကိုယ့်လက်ထဲမှာ သော့တံတွေ များများလာ
(ဒါပေမယ့်)
ဒီအခန်းကို ဝင်လို့မရတဲ့ သော့တံ အဟောင်းသက်သက်တွေသာ ဖြစ်တယ်။
နောက်တစ်ခေါက် ကိုယ်ထပ်သွားရင်
သော့တံအသစ် ထပ်ပေးလိမ့်ဦးမယ်။
ဒီအခန်းကို ဒီသော့နဲ့ ဖွင့်ဝင်မယ်
ပြီးရင်
တခါ
အစွဲကြီးစွာ
ကိုယ် သိမ်းထားမိဦးမယ် (နောက်တစ်ခါ ထပ်ဖွင့်ဖို့ မျှော်လင့်ရင်း)
အဲဒီလိုပါ…
ဘဝဆိုတာ သော့တံတစ်ခုတည်းနဲ့ ခဏခဏ ဝင်လို့ရတဲ့အခန်းလို့
မှားယွင်း ယူဆမိသူမှာ
ဖွင့်မရတဲ့ သော့တံများစွာနဲ့ အခန်းတံခါးဝမှာ မျှော်လင့်ရင်း ရပ်နေ ။
လင်းဒီပ
၁၆.၄.၀၉
Subscribe to:
Post Comments (Atom)
12 comments:
သော့တံတွေ တစ်ခုပြီးတစ်ခုနဲ့ ဖွင့်ပြီး လုံးလည်လိုက် နေရတာကိုက ဘဝပဲ ထင်ပါရဲ့... ရှိနေတဲ့သော့တံတွေကို ပိုက်ရင်းက နောက်ထပ် လိုတဲ့သော့တံတွေ အမောတကော ရှာနေရင်းနဲ့ပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားကြတာပါပဲ...
"ဘဝဆိုတာ သော့တံတစ်ခုတည်းနဲ့ ခဏခဏ ဝင်လို့ရတဲ့အခန်းလို့
မှားယွင်း ယူဆမိသူ"
ခြာနားလှပပြန်တဲ့ ဖွင့်ဆိုချက်...
ဒီဂျစ်တယ် ခေတ်ကျတော့ အိုးလေး ...လှုပ်ပါဦး သီချင်း ဆိုပြီး Button ခလုတ် နှိပ်လိုက်ယုံပဲ သော့တံ မလိုတော့ဖူးလေ။
သော့...တွေ....
ပိတ်ထားတဲ့အရာကို...လှစ်ဟနိုင်မယ့်အရာပေါ့...
အခန်းတွေကတော့..ပိတ်ထားဆဲ
အိန္ဒြာ
ဘ၀တစ်လျှောက်လုံးအတွက်
မာစတာကီးသာ ဆောင်ထားလိုက်ရင်ရော။
ဟေး...ဘဝတူတွေတွေ့ပြီ...ဒါပေမယ့်နဲနဲလွဲနေတယ် အကြောင်းအရာချင်း...ကျနော်က ကိုယ်မြတ်နိုးတဲ့ အရာလေးတခုကို လူခိုးသွားမှာစိုးလို့ အာမခံဆိုတဲ့ သော့ခလောက်ကြီးနဲ့ ခတ်ထားလိုက်ခါမှ သော့ခလောက်ကိုကြိုက်လို့ ဆိုပြီး ကျနော်မြတ်နိုးပါတယ်ဆိုတဲ့ အရာလေးအထဲမှာရှိတဲ့ သေတ္တာလိုက် မသွားပါလေရောလား အဲဒီအချိန်က စပြီးသော့ခလောက်ခတ်ထား တဲ့သေတ္တာမြင်တိုင်း ငါ့သေတ္တာအိုလေးများလားဆိုကာ ကျန်ခဲ့တဲ့တချောင်တည်းသော သော့တံအိုလေးနဲ့ ဖွင့်ဖို့ကြိုးစားလာတာအခုဆို ၂၉တိုင်
ရှိနေပါပြီ သော့ချောင်းလေးသာ တဖြည်းဖြည်း ပြုန်းလာတယ်...ဂလောက်ဆိုတဲ့ပွင့်လာရင် မြည်မဲ့အသံ ကတော့ကြားရဖို့...ဝေးကွာဆဲ...
နေမျိုးရဲ့ ကြေးဝါသော့ကလေးပြုတ်ကျလာရင်များ...
..............................
.......................
နေမျိုးရဲ့ ကြေးဝါသော့ကလေးပြုတ်ကျလာရင်များ...
..............................
.......................
အရင်တုန်းကတော. ဟုတ်တယ် ...........
ဘာမှမထူးဘူးထင်ရင် သိမ်းမထားနဲ...........
လွင်.ပစ်လိုက် ၊ ထုတ်ပစ်လိုက် .......................
ကိုယ်အသုံးမတည်.ပေသည်. သူများသုံး ရရင် နောက်လူ အဆင်ပြေမယ်ထင်တယ် ..................
နည်းနည်းတော. ရုပ်ကြမ်းဝါဒီဆန်မလားပဲ...............
ပြောင်းလဲခြင်းပေါ့.................
အယူအဆလေးအတွက်ကျေးဇူးပါ
အတွေးလေးကောင်းတယ်ညီရေ့...
အတွေးလေး ကောင်းတယ်ဗျာ။ ဘယ်လိုသော့နဲ့ ဖွင့်ရင် ပွင့်မလဲ စဉ်းစားစရာ။
အဓိပ္ပါယ် နှစ်မျိုးသုံးမျိုးလောက်ထွက်မယ်ထင်ရဲ့
အချစ်ကဗျာတွေထဲက ဒီလိုကဗျာလေးကိုလည်းကြိုက်ပါတယ်။
Post a Comment