Saturday, March 3, 2012

သူငယ်ချင်း

သူ့ဘဝမှာ တောက်တိုမယ်ရအဖြစ်

ဖြူဖြူစင်စင် ထည်ဝါခဲ့ပုံလေး

လွမ်းဆိပ်တက်ပေါ့ ။


မရောက်မှာသိပေမယ့် လျှောက်ရဲခဲ့တဲ့နေ့များ

(အခုတော့)

ရောက်မှာသိလို့ လမ်းလွှဲလိုက်ရတဲ့ အဖြစ်မျိုး…


ဖွင့်ဖွင့်ပိတ်ပိတ် သိပ်မထူးတော့တဲ့ အရွယ်မှာ

ဘာကို လျှို့ဝှက်နေရဦးမှာလဲ

ချစ်ခဲ့ဖူးတယ် ။


တခါ ပြန်ဝင်စားလို့ရမလား

သူ့နှလုံးသားအထပ်မြင့်အခန်းလေးကို

မမှီ့ တမှီ ပျော်ရွှင်နေတတ်တဲ့

ကိုင်းဖျားကိုင်းနားဘဝလေး ။


လင်းဒီပ

၀၃.၀၃.၁၂

14 comments:

  1. မန်ကျည်းတညို လူတခိုတဲ့
    တမာတကိုင်း လူ့သင်္ချီုင်းတဲ့
    ကိုင်းမှားနားမှာစိုးလို့ပါ

    ReplyDelete
  2. ကဗျာလေးက ချစ်စရာ ကောင်းလိုက်တာ..

    ReplyDelete
  3. ဒေါ်အမည်မဲ့March 3, 2012 at 4:16 AM

    ကဗျာလေးက ချစ်စရာ ။ ရေးတတ်လိုက်တာ ။း)

    ReplyDelete
  4. ကဗျာကောင်းလေးဖတ်သွားပါ၏

    ReplyDelete
  5. ကဗျာကောင်းလေးဖတ်ခဲ့ပါတယ်ရှင်

    ReplyDelete
  6. သံယောဇဉ် ချွေးလေး တစို့စို့နဲ့ နေ့ရက်တွေကို ကဗျာထဲကနေ ချောင်းကြည့်သွားတယ် ကိုလင်းဒီပ .. :D

    ReplyDelete
  7. ဒီပြတင်းပေါက်ကလေးက ကဗျာလှလှလေး တွေ အမြဲပဲ စောင့်ကြည့်နေကြရ တယ် မောင်လေးရေ
    ကဗျာတွေ များများ ဆက်ရေး ပါ

    ReplyDelete
  8. ကဗျာလေး ကြိုက်တယ် အစ်ကိုရေ
    မျှော်ကြည့်ရုံထက် ပိုရှေ့ဆက်လို့ မရတဲ့ သူငယ်ချင်းချစ်သူတွေဟာ သနားစရာကောင်းတယ်လို့ ထင်မိတယ်

    လွတ်ငြိမ်းလေပြေ

    ReplyDelete
  9. ကဗျာလေး ကောင်းလိုက်တာ။

    ReplyDelete
  10. Aww former TTMY :) anyway very nice poem .

    ReplyDelete
  11. သိပ်နုတယ်ဗျာ။

    ReplyDelete
  12. မရောက်မှာသိပေမယ့် လျှောက်ရဲခဲ့တဲ့နေ့များ

    (အခုတော့)

    ရောက်မှာသိလို့ လမ်းလွှဲလိုက်ရတဲ့ အဖြစ်မျိုး…


    ကျွန်တော်တော့ ... သူမ မသိအောင် ခိုး ” လွမ်း

    ခဲ့ဖူးတယ် ... :)

    ReplyDelete
  13. ဖတ်ရတာကြည်ကြည်လင်လင်လေးရှိတယ် .. လှတယ်၊ ချစ်ဖို့ကောင်းတဲ့ ကဗျာလေး

    LittleBrook

    ReplyDelete
  14. တစ်ခါပြန်ဝင်စားလို့ ရမလား ....
    သူ့နှလုံးသားအထပ်မြင့်အခန်းလေးကို
    လှတယ် ... နုတယ် လင်းဒီပရေ ...
    မနော်

    ReplyDelete