Saturday, March 24, 2012

ဈာပန

တစ်ခန်းထဲ ခေါ်သံအေးစက် …


ထမင်းစားပွဲ

ဟင်းခပ်ထည့်ပေးတာ စက်ရုပ်မလေးလား ။


အိပ်ယာထဲ တစ်ဖက်ဆီ တိုးလို့

ကိုယ့်ကမ္ဘာဆီ ကိုယ်စီပြန်ပြေးနေမိသလား ။


လေဟာနယ်ထဲ ဆွဲအားမဲ့နေကြသလို

တစ်ယောက်ကို တစ်ယောက်လွတ်မြောက်


အချစ်က

အတောင်စုံတဲ့အခါ

ပျံထွက်သွားတဲ့ ငှက်တစ်ကောင်လား ။


လင်းဒီပ

၂၄.၀၃.၁၂

10 comments:

  1. တချို့ကလည်းစက်ရုံတောင်မပိုင်ပါဘူးလေ..
    အတောင်လည်းမစုံချင်မိဘူး
    အသိုက်ထဲမှာပဲနွေးနွေးလေးနဲ့
    အစာခွံ့ကျွေးမယ့်လူကိုစောင့်...

    ReplyDelete
  2. မောင်မျိုးMarch 24, 2012 at 2:13 PM

    အချစ်ငှက်ကလေးကို လှောင်အိမ်ထဲ ထည့်ထားရင်ကော သူ မပျံထွက်နိုင်အောင်လေ ဒါပေမယ့် သူအနေရခက်လေမလားးး ခက်တော့ ခက်သားးး

    ReplyDelete
  3. တချို့ချစ်ခြင်းတွေက အတောင်မစုံလဲ
    ထွက်ခွါသွားတတ်ကြတယ်နော်

    ReplyDelete
  4. ဒေါ်အမည်မဲ့March 24, 2012 at 5:35 PM

    ငှက်ကလေးကို မစောင့်ရှောက်ရင် အဲလို ပျံသွားတတ်တယ်နော် ....အနိစ္စ ... @_@

    ReplyDelete
  5. စိတ်ကို ညှို့ယူနိုင်ဆုံးအချိန်က လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့အချိန်တဲ့ ..
    ခုက လ ကလေးလား ကြယ်ကလေးလားမသိ ပိုက်ထဲရောက်နေပြီကိုး.. :D

    ReplyDelete
  6. ကဗျာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားသလိုပဲ ... ဒါပေမယ့် ကြိုက်တယ် ....

    ReplyDelete
  7. အဲလို ပျံထွက်သွားမှာ စိုးလို့.. အစတည်းက လှောင်ချိုင့်ထဲ မသွင်းတာ.. :P

    ReplyDelete
  8. အချစ်က
    အတောင်စုံတဲ့အခါ
    ပျံထွက်သွားတဲ့ ငှက်တစ်ကောင်လား။ ။

    (စောစောစီးစီးကြော်စားလိုက်ရင် အကောင်းသား။ ကတောက်။ လှောင်အိမ်ကို အလွတ်အတိုင်းမထားနဲ့ ပင်ဂွင်းတစ်ကောင်မွေးထားပါ။)

    လှောင်အိမ်သိုးများအကြံပေးရေးကော်မတီ။

    ReplyDelete
  9. အချစ်က ... အဲလိုပဲ ထင်ပါရဲ့ ...


    ကြေကွဲဖို့ပဲ ကောင်းနေတယ် ... ။

    ReplyDelete
  10. ကျနော်ကတော့ ကိုင်ဇာတင်မှုံရဲ့ သီချင်းတစ်ပုဒ်ကို ပြေးသတိရတယ် ...

    ငိုအောင်လုပ်လည်း မင်းမငိုဘူးလေ၊ ရီအောင်လုပ်လည်းမင်းမပါဘူး ..

    ReplyDelete