တို့အချစ်တွေက
မနက်စောစော တွန်းတွန်းနှိုးနေရတဲ့ ဂျစ်ကားစုတ်ကြီးလား။
မိုးရေစက်တွေ စိတ်ကောက်နေကြတုန်း
မိုးရာသီလို့ ပြောရတာ
စကားလုံးတွေမှာ ချွေးတလုံးလုံးနဲ့ ။
နင့်မိတ်ဆွေ
အချိုးအဆစ်ကျနတဲ့ ဝါကျကလေးတွေကိုလည်း ငါ ခင်ပါတယ် ။
ငါ့သူငယ်ချင်း
ရွဲ့စောင်းစောင်း ဝလုံးကလေးတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေပေးပါ ။
လမ်းလျှောက်ဝင်လာတဲ့ ငါနဲ့
ကားမောင်းဝင်လာတဲ့ တစ်ယောက်အပေါ်
အပေါ့ အငန်ကွာနေတဲ့ နင့်မာမီအပြုံးကို
ငါ မှုတ်သောက်ခဲ့ပါတယ်။
တကယ်ဆို
တစ်ဘဝစာ အပိုင်စားရထားတဲ့ ခရုခွံလေးကိုယ်စီကို
ပြိုင်ဆိုင်နေကြတဲ့ ဝင်ကစွပ်ကလေးတွေ…။
(အချစ်ရယ်)
ပိုပြီး ပျော်အောင် နေကြရအောင်ပါ။
ကိုယ့်စိတ်ကို လေကောင်းလေသန့်ရတဲ့နေရာမှာ ထားကြမယ် ။
ရိုးသားခြင်းကို ဂျင်းပန်တစ်ထည်လို ခုံခုံမင်မင် ဝတ်မယ် ။
သစ္စာတရားကို လှေလုပ်ပြီး မှော်ဆရာရဲ့ ပင်လယ်ကို ခုတ်ထစ်မယ် ။
ဆယ့်ခြောက်ပဲရည်ပြည့် အချစ်တွေနဲ့ လောကဓံတရားကို စိန်ခေါ်ကြမယ် ။
အလွမ်းလှောင်ချိုင့်ထဲ
အချစ်ငှက်ကလေး လွတ်ရက်ကို ရေတွက်နေရှာတယ်ကွယ် ။
လင်းဒီပ
၂၇.၀၇.၁၀
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
4 weeks ago
9 comments:
အချစ်ရယ်..
ပိုပြီးပျော်အောင် နေကြရအောင်ပါ
:)
မိုက်တယ် ကိုလင်း ကြိုက်တွားလို့ ကူးတွားတယ်...
ငိုမိတော့မယ် ကဗျာဆရာ .. ခင်ဗျားမို့ နူးနူးညံ့ညံ့ ရက်စက်လိုက်တာ ။ ။
ကဗျာကောင်းလေးတစ်ပုဒ် လာဖတ်သွားပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။
စီဗုံးမမြင်လို့ မန့်သွားပါ၏။
သူစိတ်ကူးယဉ်နေတယ်။
လက်ဖျား ခါတယ်ဗျို့  .
၁၆ပဲရည်ပြည့်ရွှေက နည်းနည်းပျော့တယ်
သိပ်အထိမခံဘူးဆိုပဲ ..း)
MNHY
သုည လမ်းကလေးပေါ်မှာ ကျနေတဲ့
အလွမ်း လှောင့်ချှိုင့်ထဲက အချစ်ငှက်ကလေး
လွတ်ရက်ကို ရေတွက် နေရသူတွေ..
ကဗျာ တပိုဒ်စီ တပိုဒ်စီ မှာ အလှတန်ဆာဆင်ထားတဲ့ စကားလုံးလေးတွေကလဲ တလက်လက် တောက်ပ လို့..
(အချစ်ရယ်)
ပိုပြီး ပျော်အောင် နေကြရအောင်ပါ။
ကိုယ့်စိတ်ကို လေကောင်းလေသန့်ရတဲ့နေရာမှာ ထားကြမယ် ။
ရိုးသားခြင်းကို ဂျင်းပန်တစ်ထည်လို ခုံခုံမင်မင် ဝတ်မယ် ။
သစ္စာတရားကို လှေလုပ်ပြီး မှော်ဆရာရဲ့ ပင်လယ်ကို ခုတ်ထစ်မယ် ။
ဆယ့်ခြောက်ပဲရည်ပြည့် အချစ်တွေနဲ့ လောကဓံတရားကို စိန်ခေါ်ကြမယ်
ဒိအပိုဒ်ကို အတော်နှစ်သက်မိတယ်...။ အားအင်လည်းဖြစ်စေတယ်..။
ခင်မင်တဲ့
နေ၀သန်
Post a Comment