တစ်ခန်းထဲ ခေါ်သံအေးစက် …
ထမင်းစားပွဲ
ဟင်းခပ်ထည့်ပေးတာ စက်ရုပ်မလေးလား ။
အိပ်ယာထဲ တစ်ဖက်ဆီ တိုးလို့
ကိုယ့်ကမ္ဘာဆီ ကိုယ်စီပြန်ပြေးနေမိသလား ။
လေဟာနယ်ထဲ ဆွဲအားမဲ့နေကြသလို
တစ်ယောက်ကို တစ်ယောက်လွတ်မြောက်
အချစ်က
အတောင်စုံတဲ့အခါ
ပျံထွက်သွားတဲ့ ငှက်တစ်ကောင်လား ။
လင်းဒီပ
၂၄.၀၃.၁၂