လက်တွေကို
ဘယ်သူမှ ဖမ်းချုပ်မထားပါဘဲ
လှုပ်လို့မရဘူး။
မျက်တောင်တဖျား မကချင်လို့
မျက်စိတစ်ဆုံး
အဝေးဆုံးထိ
အကြည့်တွေကို မောင်းတင်ပစ်လိုက်တယ်။
အလကားပါပဲ..
ဦးခေါင်းဟာ ဗလာသက်သက်
ဖတ်ရင် စာလုံးတွေပဲ တွေ့တယ်
နောက်က အဓိပ္ပာယ်ထိ လိုက်မတွေးဘူး…
နှလုံးသားကလည်း တုံးအတဲ့နေရာမှာ
ဋတလင်းချိတ် နှစ်ထပ်ကွမ်း..
တခါတခါ…
လူဟာ “ကျည်အ”နေတဲ့အခါများဆို
ဘာတွေ့တွေ့ ပစ်လို့မရဘူး။
လင်းဒီပ
၁၂.၁၀.၀၉
Monday, October 12, 2009
Subscribe to:
Post Comments (Atom)
16 comments:
ထင်တော့ထင်သား ကိုလင်းဒီပ သေနတ်က ပစ်လို့မရပါဘူးလို့...
ဟုတ်လားးးး
ဒါဆိုလည်း သေချာ ဖြုတ်ဆေးလေဗျာ...
ကဗျာလာဖတ်ပါတယ် ...
ကျည်မထွက်ရင် သေနတ်နဲ့ ကောက်ပေါက်လိုက်ပါလား
း)
သင်္ကြန်သေနတ် ထင်တယ် ဟိ...
“တခါတခါ…
လူဟာ “ကျည်အ”နေတဲ့အခါများဆို
ဘာတွေ့တွေ့ ပစ်လို့မရဘူး။”
ဘာကြောင့်လဲတော့ မသိဘူး။ ဒီစာကြောင်းကနေ ပစ်လို့မရခြင်းကနေပဲ အားတချို့ကို ခံစားလိုက်ရတယ်...
ဟုတ်ပါ့... ခုတလော ဖြစ်နေတာနဲ့ ကွက်တိပဲ...
ပစ်ဗျာ ကြည်မထွက်ရင် သေနတ်နဲ့ပစ်ပေါက်ပစ်လိုက်တော့ အဲ့ဒါဆိုဖြေသာမယ်ထင်တယ် :)
ကောင်းသောနေ့ဗျာ :)
အဲသလို
အဆင် မပြေချင်ရင်
အဆင်မပြေတာကတောင်
အဆင်ပြေပြေ
အဆင်မပြေ ဖြစ်တာမဟုတ်ဘူးဗျ :)
ကျည်အ နေတယ်ဆိုပြီး သေနတ်နဲ့ ကောက်ပေါက်လိုက်တဲ့ ကဗျာပေါ့
ကောင်းသောနေ့ပါရှင်။=)
စိတ်က စိတ်ကိုတောနင်းရှာတဲ့အခါ
တောချောက်သံတွေက ချောက်ခြားစရာ
အကြည့်တွေကိုမောင်းတင်ပစ်လိုက်လည်းအရာမထင်
အရာရာဟာ စင်တင်ကဇာတ်တွေလိုပဲတလှုပ်လှုပ်
ကြိုးတွေကလည်း ရှုပ်ယှက်ခတ်လို့
ပစ်တော့ပစ်ချနေတာပဲ .. ပစ်မှတ်ကအမှား
ကျည်အ နေတဲ့အခါကများနေတော့ ...
စိတ်ကစားရတာအရသာမတွေ့လိုက်ပုံများ ...
နှလုံးသားမှာ..ခါး.. လွင့် .. ဝေး .. သက်..
ကောင်းလိုက်တဲ့ကဗျာဗျာ .. ဘယ်လောက်ကောင်းလဲပြောဖို့တောင် တော်တော်ခက်တယ်ဗျာ ...
လင်းဒီပရေ..
ရာဘာကျည် နဲ့ ဘယ်ဟာ..ပိုပြင်းမလဲ..
ကျည်အ နေရတာထက်စာ..ရာဘာကျည်ကမှ တော်ဦးမယ်ထင်တယ်..
ကဗျာလေးကောင်းတယ်ဟာ..
ဘာတွေ့တွေ့ပစ်လို့မရဘူး ဆိုပေမယ့် အပစ်ခံရသလိုပါပဲ။ တခါတလေ ဒီလိုဖြစ်တာနဲ့ တိုးနေတာကိုး။
ဘာကိုပစ်ချင်လို့လည်းမသိ။ မရရင် ကိုင်ထားတဲ့ သေနတ်နဲ့ ပိတ်ပစ်လိုက်ပေါ့။
မောင်လေးက ဘာတွေ ပစ်ချင်နေတာတုန်း .း)
Post a Comment