(က)
ကမ်းခြေ မမြင်ဖူးတဲ့ ပင်လယ်
သင်ရိုးထဲ မပါတဲ့ ကျွန်တော့် ဆယ်တန်းဖတ်စာ
သနပ်ခါးရေမွှေးနံ့သင်းတဲ့ ညနေငါးနာရီ
ကချင်လွယ်အိတ်ထဲ “ခိုး”ပွင့်နေတဲ့ နှင်းဆီ
စာလာလာပြပေးတဲ့ အဖြူရောင် စီးကရက်လေး
(ကျွန်တော့် နှလုံးသားတစ်ထည်လုံး မီးပေါက်ခဲ့)
ပထမဆုံး ဝင်ဖြေဖူးတဲ့ အလုပ်အင်တာဗျူး
လမ်းဖြတ်ကူးခွင့်မရှိတဲ့ ပါးပေါ်က မျဉ်းဝါလေးတွေ
ရိုးသားစွာ ဖားဥစွဲသွားတဲ့ သက်ရှိ ကဗျာစာရွက်ကလေး
(ခ)
အခု
ရီရီ နဲ့မောမော ပြန်စဉ်းစားမိ…
အဲဒီတုန်းက
မမတို့နှစ်ယောက်ကြား
အထူအပါးမသိတဲ့ ဆေးရိုးသည်ကလေးက ကျွန်တော်။
လင်းဒီပ
၂၈.၀၁.၁၀
(ကဗျာထဲ ကိုယ့်ဘာသာ ပြန်“ငယ်” ပစ်လိုက်တယ်..:P)
Thursday, January 28, 2010
Subscribe to:
Post Comments (Atom)
20 comments:
သစ်ရွက်လှုပ်တိုင်း သူလည်းရီခဲ့ဖူးတဲ့ ပုရစ်ဖူး ကိုဒီပကို မြင်လိုက်ရပါတယ်။း)
စကားချပ်။ ဒီမှာကတော့ မျဉ်းဖြူမှာဆို ကိုယ်က ဘုရင်ပဲနော့။း)။ ဖြတ်ကူးရုံမဟုတ်ဘူး ရပ်နေတောင်ရတယ်ရှင့်။
ကဗျာလေးက ချစ်စရာလေး ... နှစ်သက်စွာဖတ်သွားပါတယ် ...
အော်... ဆေးရိုးသည်ကလေး ...း))
Sometime "young at the heart" is a good thing!
အတော်သောက်နိုင်တာဘဲ။
အင်း လွန်ခဲ့တဲ့ အနှစ်၃၀ လောက်ကနေမှာနော်.. ခုတော့..
အခု
ရီရီ နဲ့မောမော ပြန်စဉ်းစားမိ :)
လူပြက်တွေ ပြောသလို "ဆေးရိုးကောင်းကောင်း ရောင်းတဲ့နေရာမှာ ကျောက်ဖြုံးတွေ လာမရောင်းနဲ့လို့" ... ပြောပစ်လိုက် :P
ကဗျာလေးက တော်တော်လှတယ်။ ရီရီ နဲ့ မောမော ဆိုတဲ့ အဖွဲ့ကို အကြိုက်ဆုံးပဲ။
အခုက ရီရီ နဲ့ဖြစ်နေပြန်ပြီလား :D
ရီရီနဲ့ မောမောက ညီအစ်မလားဗျ။ အော် တိပြီ မမတို့ နှစ်ယောက်ဆိုတာ အဲနှစ်ယောက်ပေါ့။
အောင်မယ်လေးးးးးးဟဲ့
ဆေးရိုးသည်လေးရေ...
စာအုပ်ရောက်နေတယ် အိုင်ဒီယာ
မနော်က ဒီမှာချင်လား ဗမာပြည်မှာယူထားပေးရမလားမေးနေတယ်..
စာမူခကိုရောတောင်ကြီး မိဘမဲ့ကလေးကျောင်းကိုလှူချင်လားတဲ့
ကိုယ်တို့ကတော့ လှူလိုက်ပြီ
ဒီမှာယူချင်ရင်တော့ အလကားမရ
သိတယ်ဟုတ်....
ဘာရေးရေးလှနေတယ်လို့ ထူးမပြောတော့ပါဘူး :)
ကျူးပစ်မှာတွေ့လို့ လာဖတ်တာဗျာ။ ဒီကဗျာလေး ကြိုက်တယ်။
အော် ငါ့ရှင်က ...တားမြစ်နယ်မြေမှာ အမဲလိုက်ဖို့ကြိုးစားခဲ့သေးတာကိုး ...။
မြန်မာပြည်က ညီမတွေကိုလည်း စာသင်ရင် သနပ်ခါးမလိမ်းသွားဖို့၊ ဆေးရိုးသည်ကျောင်းသားလေးတွေသတိထားဖို့ မှာရဦးမယ် .. ...။
ခင်မင်စွာဖြင့်
တာဝန်သိပြည်သူတစ်ဦး
ငယ်ငယ်လေးပြန်ဖတ်သွားတယ်အကို
ဆေးရိုးသည်ကို စိန်ကျောက်ကုန်သည်တွေက
ခေါ်နေသံကြားနေရတယ်း)
ဆယ်ကျော်သက်ရဲ့ နုသစ်လှပတဲ့ အငွေ့အသက်တွေ ကဗျာဖတ်နေတုန်း စိတ်ထဲမှာ လှစ်ကနဲ ဖြတ်ပြေးသွားတယ်...
အဲဒီဆေးရိုးသည်လေးက အခုများတော့လည်း... (ခပ်တည်တည်နဲ့ စကားတွေချည်လာပြီး ဘာဆက်ပြောရမှန်း မသိတော့ဘူး... ကိုယ့်ဘာသာပဲ ဆက်ရေးလိုက်တော့နော် ကိုလင်းဒီပး))
အော်.. ကိုယ့်အတွေ့အကြုံအရ ဆေးရိုးသည်တွေကို စိတ်ညစ်လာသမျှ ဒီဆေးရိုးသည်လေးရဲ့ မီးပေါက်နေတဲ့ နှလုံးသားတထည်ကို ဖျတ်ကနဲ ချစ်မိ..။ :)
ချစ်စရာလေးဗျာ ... ။
လေစာစးအားပေးလျက်။
ချစ်ခြင်းအားဖြင့်-နေ့ သစ်
ကိုလင်းဒီပရေ..
ကဗျာလေးက ဖတ်လို့ကောင်းလိုက်တာ..
ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲရောက်တယ်
ကျွန်တော်ကိုယ်တိုင်လဲ ဆေးရိုးသည်ဖြစ်ခဲ့ဘူးလို့ ထင်ပါရဲ့ :P
ကျွန်တော့်ဘလော့မှာ ကူးတင်ချင်လို့ ခွင့်ပြုပါဗျာ
Post a Comment