ဘယ်လိုအဆိပ်တွေမှ
ဝှက်မထားတတ်တဲ့ သစ်သီးလေး ။
ရိုးသားမှု အခွံစိမ်းစိမ်းလေးအုပ်ပြီး
သစ္စာတရားနဲ့ ချစ်မြတ်တတ်တဲ့ စိတ်ကလေး ရှိတာ
တစ်ကိုက်ကလေး ကိုက်မိရုံနဲ့
ထိတွေ့ခံစားခဲ့ရတယ် ။
(နှစ်သိမ့်ဆုကလေးရယ်)
ဘဝမှာ အလိုချင်ခဲ့ဆုံး ပထမဆုတွေထက်
ကိုယ့်ကို ပျော်ရွှင်အောင်ထားပေးခဲ့တယ်
ကျေးဇူးတင်ပါတယ် ။
လင်းဒီပ
၀၉.၀၂.၁၀
Tuesday, February 9, 2010
Subscribe to:
Post Comments (Atom)
16 comments:
ပန်းသီးကိုက်လိုက်မိသလား။
ကျေးဇူးတင်ပါတယ်
တစ်ကိုက်လေးတင်ပဲတဲ့လား :))
နှစ်ကိုက်လောက်ကိုက်မိရင်တော့ အင်း
အတိုင်းထက်အလွန်ဖြစ်မယ် ထင်ပါရဲ့
အခွံစိမ်းစိမ်းလေးရယ် :)
ကောင်းသောနေ့ပါ ကိုဒီပရေ :)
မနိုင်ဘူး :))
အချစ်ကို
တွေ့ရှိသေချာချိန် ..။
ကျေးဇူးတရားလည်းသိတတ်ပး))
MNHY
ကဗျာလေးကနုနုငယ်ငယ်။
စာတွေပြန်ရေးနိုင်အောင်ကြိုးစားနေပါတယ်။
:)
ငါ့အကိုကတော့ နုသလားမမေးနဲ့။ :D
ကဗျာလေး ကောင်းတယ်။ နှစ်သိမ့်ဆုဆိုတာ တန်ဖိုး အရှိဆုံးပါပဲ။
valentine အကြိုလား :)
သူ့ကျေးဇူးကို မမေ့ကောင်းဘူးနော် :P
အောက်ဆုံးအပိုဒ်လေး
ငြိတယ်
ပန်းသီးကတော့
အတွင်းပိုင်း အစေ့လေးနားကချဉ်တယ်ဗျ
:D
ချစ်စရာ ကဗျာလေး။ ကဗျာလေးဖတ်ရတာ ကိုယ့်ချစ်သူကို ကိုယ် ငေးကြည့်နေရသလို အေးအေးချမ်းချမ်းလေး။
ကျွန်တော်လည်း ကျေးဇူးတင်ဖို့ သတိရသွားတယ်ဗျာ ..
ဒီပ က ကဗျာလိုင်း ပြောင်းသွားတာကိုး အေးလေ ရေးတတ်တဲ့သူများက ဘာရေးရေး ဖြစ်တာပါပဲ။
(နှစ်သိမ့်ဆုကလေးရယ်) လို့ သုံးသွားတာ တအားသဘောကျတယ်...
“နှစ်သိမ့်ဆု”လေးတွေမှာ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေမှာ မရှိတဲ့ အားပေးမှု၊ စာနာမှု၊ ကရုဏာတွေ ကိန်းအောင်းနေကျပါပဲလေ...
အဟမ်း အဟမ်း
Post a Comment