Monday, September 26, 2011

မီးသေနေတဲ့နေ့များ

မပျော်ဘူးကွယ်....

မပျော်တဲ့စိတ်ကလေး

အရည်ပျော်မသွားဖို့အရေး

အားတင်းအေးခဲ....

မပျော်တဲ့စိတ်ကလေး

အရည်ပျော်မသွားဖို့အရေး

အေးခဲအားတင်း....

နေရင်းက

မပျော်ပါဘူးကွယ် ။

လင်းဒီပ

၂၆.၀၉.၁၁

10 comments:

သိင်္ဂါကျော် said...

ဘာတွေများ ဒီလောက် မပျော် ဖြစ်နေတာလဲ.. :)

jr.lwinoo said...

ပျော်ရွှင်ခြင်းဆိုတာလဲ မိုးပြေးလေးပါပဲ ...

Anonymous said...

အိပ်မပျော်တာပဲဖြစ်ရမယ်...း)


ခင်တဲ့
မေသိမ့်

စံပယ်ချို said...

အဓိပ္ပါယ်ရှင်းရှင်းလေး
ကဗျာလေးကရိုးရိုးလေး
စိတ်ဝင်စားအောင်ရေးလိုက်တယ်....
အရမ်းကိုတော်ပါတယ်
ခင်တဲ့ jas

Zephyr said...

ကျွန်တော့်ဘကြီးလည်း အဲဒီလိုပဲ။
ပြောပြီးသိပ်ကြာကြာတောင်နေမသွားတော့ဘူးဗျ။
သတိထားဦးနော် အန်ကယ်။

လွတ်ငြိမ်းလေပြေ (breeze) said...

မပျော်တာကတော့ တူတူပဲ အစ်ကိုရေ့း)
ဒါပေမယ့် ... ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးသွားပါတယ်

မယ့်ကိုး said...

တိုက်ဆိုက်လိုက်တာများဗျာလို့တောင် ပြောချင်တယ်။ မပျော်တာတော့ အမှန်ပါ။

သက်ဝေ said...

မပျော်တဲ့ကဗျာကို မပျော်တဲ့သူတယောက် လာဖတ်ပါတယ်...
တကယ် မပျော်ဘူးကွယ်...း(

khin oo may said...

ပျော်တယ် မပျော်ဘူးဆိုတာတောင်မသိတော့ပါဘူး အေးခဲသွားပီ။

ရွှေပြည်သူ (ShwePyiThu) said...

အခုခံစားနေရတာနဲ့ ကွက်တိ... ဖတ်ပြီးတော့ သက်မချရင်း စိတ်ထဲက ရွတ်မိတယ်... "မပျော်ဘူးကွယ်..."...