တစ်ခန်းထဲ ခေါ်သံအေးစက် …
ထမင်းစားပွဲ
ဟင်းခပ်ထည့်ပေးတာ စက်ရုပ်မလေးလား ။
အိပ်ယာထဲ တစ်ဖက်ဆီ တိုးလို့
ကိုယ့်ကမ္ဘာဆီ ကိုယ်စီပြန်ပြေးနေမိသလား ။
လေဟာနယ်ထဲ ဆွဲအားမဲ့နေကြသလို
တစ်ယောက်ကို တစ်ယောက်လွတ်မြောက်
အချစ်က
အတောင်စုံတဲ့အခါ
ပျံထွက်သွားတဲ့ ငှက်တစ်ကောင်လား ။
လင်းဒီပ
၂၄.၀၃.၁၂
10 comments:
တချို့ကလည်းစက်ရုံတောင်မပိုင်ပါဘူးလေ..
အတောင်လည်းမစုံချင်မိဘူး
အသိုက်ထဲမှာပဲနွေးနွေးလေးနဲ့
အစာခွံ့ကျွေးမယ့်လူကိုစောင့်...
အချစ်ငှက်ကလေးကို လှောင်အိမ်ထဲ ထည့်ထားရင်ကော သူ မပျံထွက်နိုင်အောင်လေ ဒါပေမယ့် သူအနေရခက်လေမလားးး ခက်တော့ ခက်သားးး
တချို့ချစ်ခြင်းတွေက အတောင်မစုံလဲ
ထွက်ခွါသွားတတ်ကြတယ်နော်
ငှက်ကလေးကို မစောင့်ရှောက်ရင် အဲလို ပျံသွားတတ်တယ်နော် ....အနိစ္စ ... @_@
စိတ်ကို ညှို့ယူနိုင်ဆုံးအချိန်က လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့အချိန်တဲ့ ..
ခုက လ ကလေးလား ကြယ်ကလေးလားမသိ ပိုက်ထဲရောက်နေပြီကိုး.. :D
ကဗျာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားသလိုပဲ ... ဒါပေမယ့် ကြိုက်တယ် ....
အဲလို ပျံထွက်သွားမှာ စိုးလို့.. အစတည်းက လှောင်ချိုင့်ထဲ မသွင်းတာ.. :P
အချစ်က
အတောင်စုံတဲ့အခါ
ပျံထွက်သွားတဲ့ ငှက်တစ်ကောင်လား။ ။
(စောစောစီးစီးကြော်စားလိုက်ရင် အကောင်းသား။ ကတောက်။ လှောင်အိမ်ကို အလွတ်အတိုင်းမထားနဲ့ ပင်ဂွင်းတစ်ကောင်မွေးထားပါ။)
လှောင်အိမ်သိုးများအကြံပေးရေးကော်မတီ။
အချစ်က ... အဲလိုပဲ ထင်ပါရဲ့ ...
ကြေကွဲဖို့ပဲ ကောင်းနေတယ် ... ။
ကျနော်ကတော့ ကိုင်ဇာတင်မှုံရဲ့ သီချင်းတစ်ပုဒ်ကို ပြေးသတိရတယ် ...
ငိုအောင်လုပ်လည်း မင်းမငိုဘူးလေ၊ ရီအောင်လုပ်လည်းမင်းမပါဘူး ..
Post a Comment