ငါက
တောင်တန်းတွေ အကွယ်မှာ
မီးတောင်တွေ အနောက်မှာ
ရေလှိုင်းတွေ အောက်မှာ
သစ်တောထူထူထဲထဲတွေ ထဲမှာ
ပုန်းအောင်းနေဖြစ်တဲ့အခါ…။
မင်းက
တောင်တန်းတွေဆီ
မီးတောင်တွေဆီ
ရေလှိုင်းတွေဆီ
သစ်တောထူထူထဲထဲတွေဆီ
အဖြူရောင်ဝတ်ဆင်မှုနဲ့ အရောက်လာခဲ့ပါ ။
တစ်ယောက် ပုန်းနေတုန်း
နောက်တစ်ယောက် ထပ်ပုန်းတဲ့အခါ
ဘယ်လိုမှ ရှာလို့မတွေ့တော့ပါ ။
တစ်ယောက် ပုန်းရှောင်နေတဲ့အခါ
နောက်တစ်ယောက် လိုက်ရှာရခြင်းက
လူဘဝရဲ့ အရိုးသားဆုံးကဗျာ ။
လင်းဒီပ
၀၄.၀၃.၁၀
Tuesday, March 16, 2010
Subscribe to:
Post Comments (Atom)
17 comments:
၁ ကနေ ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ရေနေတုန်းပဲ ထင်ပါတယ်.. :)
လိုက်ရှာစေချင်ရင် ပုန်းရတယ်ကိုး.. မှတ်သွားပါ့မယ်။
“တစ်ယောက် ပုန်းနေတုန်း
နောက်တစ်ယောက် ထပ်ပုန်းတဲ့အခါ”
တစ်ခါတစ်ခါ ပုန်းနေရတာပဲ ကောင်းနေပြန်ရော... လိုက်ရှာမယ့်သူ ရှိရှိ မရှိရှိပေါ့လေ...
ကိုယ်ကလိုက်လျှင် သူကပုန်းလိမ့်မည် ..
ကိုယ်ကပုန်းမှ သူကလိုက်ရှာမည် ..
(ကျ-မကောက် ပျောက်-မရှာ ဆိုပြီး
ပစ်ထားရင်တော့ အကြံမပေးတတ်တော့ :P)
ငါက
တောင်တန်းတွေ အကွယ်မှာ
မီးတောင်တွေ အနောက်မှာ
ရေလှိုင်းတွေ အောက်မှာ
သစ်တောထူထူထဲထဲတွေ ထဲမှာ
ပုန်းအောင်းနေဖြစ်တဲ့အခါ…။
.
.
.
လူဘဝရဲ့ အရိုးသားဆုံးကဗျာ ။
ကြိုက်တယ်ဗျာ ..
အင်းပေါ့။ သူဆက်ပုန်းနေရင် ညီလေးရှာလိုက်လေး-)
တူတူပုန်းတမ်းကစားရတာလဲ ပျော်စရာကောင်းပါတယ်။
ပြန်ရှာတွေ့တဲ့အခါ ၀ါးးးးးးးးး လို့လုပ် ။ :P
ချစ်ကောင်းလို ပြောရရင် အပျော်ပါ...။ တို့အကိုကြီး ပုန်းလိုက်၊ပျောက်လိုက်နဲ့ ပျင်းနေမှာစိုးလို့ ။
မင်္ဂလာပါ...
ပုန်းသောသူ ရှာရင်တွေ့တဲ့...
ခင်မင်စွာဖြင့်
ကိုမျိုး
နားမလည်ဘူးကွာ။ ၂ယောက်စလုံးမပုန်းနေတာပဲ ကောင်းမယ်လို့ထင်တယ်။ တွေ့ချင်ရက်သားနဲ့ဆိုရင် ဘာလို့ပုန်းနေမှာလဲ။ အကိုတို့ အဲဒါတွေကြောင့် လူပျိုကြီး ဖြစ်နေတာ။ :D
လောကကြီးက ဒီလိုပါပဲ ..မရှာပဲ နေုလိုက်လို့လည်း တွေ့နိုင်မှာမှ မဟုတ်ပဲ
ကြိုက်တယ်ဗျာ။ တစ်ယောက် ပုန်းရင် တစ်ယောက်လိုက်ရှာ။ အရိုးသားဆုံးကဗျာ။ အလှပဆုံးနားလည်မှု။
တစ်ယောက် ပုန်းရှောင်နေတဲ့အခါ
နောက်တစ်ယောက် လိုက်ရှာရခြင်းက
လူဘဝရဲ့ အရိုးသားဆုံးကဗျာ...
သိပ်လှတဲ့ အတွေးလေး...
ကဗျာလေးကောင်းပေမယ့် ပုန်းရှောင်သူက ယောက်ျားလေးဆိုရင် လုံးဝ မတရားဘူးလို့ ခံစားရတယ် =(
တကယ်တော့လူ့ဘဝမှာ တစ်ယောက်က မာန်တွေ မာနတွေ အမုန်းတွေ တဖက်သတ်အနိုင်လိုချင်စိတ်တွေနောက်မှာ ပုန်းကွယ်နေတဲ့အခါ သူ့မောဟတွေနဲ့ သူ ဘာမှ မမြင်နိုင်တော့ပါဘူး ။ အဲဒီအခါ တဖက်က မိတ်ဆွေ/ချစ်သူက နားလည်ခွင့်လွှတ်တတ်တဲ့ အဖြူရောင်စိတ်ကလေးနဲ့ ပုန်းသူကို ခေါ်ထုတ်ပေးဖို့ ဒီကဗျာလေးကို ရေးမိပါတယ်ဗျာ ။
(အစကတော့ ဒီအတိုင်းလေး ထားမလို့ပါ ။ ဒေါ်မယ်ကိုး ကွန်မင့်တွေ့တော့ ပြုံးစိစိဖြစ်ရပြီး ချရေးမိပါတယ် :P)ပုန်းသူကတော့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်လေ ။
တစ်ခါတစ်လေ ဥပေက္ခာတရားကို လက်ကိုင်ထားရတယ်ဗျာ
ဒီကဗျာလေးဖတ်ရတာ တစ်မျိုးလေးပဲ
လွင့်နေသလိုခံစားရတယ်။
ပြိုင်တူ မပုန်းမိအောင်။ ကိုယ်ကပဲ လိုက်ရှာပေါ့ဗျာ။
“တစ်ယောက် ပုန်းရှောင်နေတဲ့အခါ
နောက်တစ်ယောက် လိုက်ရှာရခြင်းက
လူဘဝရဲ့ အရိုးသားဆုံးကဗျာ ။”
အတော်သဘောကျမိတယ်။
တစ်ယောက် ပုန်းနေတုန်း
နောက်တစ်ယောက် ထပ်ပုန်းတဲ့အခါ
ဘယ်လိုမှ ရှာလို့မတွေ့တော့ပါ ။
အဲဒီ့ အဖွဲ့လေး နှစ်ခြိုက်မိပါကြောင်း ...။
Post a Comment