ဝေဝါးခဲ့သော နေ့များစွာလို ဝေဝါးနေတုန်းပါပဲ ။
လှမ်းနိုင်တဲ့ အကွာအဝေးထိ
အခိုက်အတန့်တစ်ခုစာ နီးကပ်ခဲ့ကြပြီးမှ
ဝေးကွာခြင်းတစ္ဆေက
ခေါ်သံအေးစက်နဲ့ ရောက်လာ…။
ဆောင်းမရှိတဲ့အရပ်မှာ
အအေးပတ်နေတဲ့ တယ်လီဖုန်းလေး
ခေါ်သံ
ခြောက်ကပ် အက်ကွဲ…
သံယောဇဉ်က ခေါင်းတွဲနှစ်ဖက်ပါတဲ့ မီးရထား
ရှေ့တိုး ခေါ်ငင်လိုက်
နောက်ကို ပြန်ဆုတ်လိုက်နဲ့
မြင်နေရက်နဲ့ ဝေးခဲ့တဲ့နေ့များကို
ဝေးတဲ့အခါ ပြန်မြင်နိုင်ပါလိမ့်မယ် ။
နောင်တရစရာ မလိုပါဘူး
ချစ်ခြင်းဆိုတာ မိုးရွာတုန်း ရေခံရတာမျိုးမဟုတ်ဘူး
တို့နှလုံးသားတွေက ပြည့်အန်တင်းကျပ်
ဘယ်တော့မှ ဘောင်ဘင်မခတ်ဘူး
သံသရာတစ်ခုစာ …။
လင်းဒီပ
၀၈.၀၂.၁၂
7 comments:
အခိုက်အတန့်ပါ
လွမ်းတဲ့အခါတိုင်းစာမှန်မှန်ရေး
:P
မြင်နေရက်နဲ့ ဝေးခဲ့တဲ့ နေ့များကို
ဝေးတဲ့အခါ ပြန်မြင်နိုင်ပါလိမ့်မယ်...
လွမ်းနေတဲ့ရက်တွေမှာ ကဗျာတွေရေး
ကဗျာရေးတဲ့အခါ အလွမ်းတွေ (နည်းနည်းဖြစ်ဖြစ်တော့) ပြေနိုင်ပါလိမ့်မယ်...း)
စိတ်ခံစားမှုကို လာဟပ်တဲ့ ကဗျာပဲ။
အဲ မှားလို့ ကဗျာကို လာဟပ်တဲ့ စိတ်ခံစားမှုပါ ...း)
မြင်နေလျက်နဲ့ ဝေးခဲ့တဲ့နေ့များကို..
ဝေးတဲ့အခါ ပြန်မြင်နိုင်ပါလိမ့်မယ် တဲ့လား... မှန်တယ်ဗျာ......
ခင်မင်လျက်
နေ၀သန်
လွမ်းနေတဲ့ရက်တွေမှာ ကဗျာတွေရေး
ကဗျာရေးတဲ့အခါ ပိုလွမ်းလာ
အဲတော့ကဗျာတွေသာပိုများများလာတယ် အလွမ်းတွေကမရပ်ဘူး
ဆောင်းမရှိတဲ့အရပ်မှာ
အအေးပတ်နေတဲ့ တယ်လီဖုန်းလေး----တဲ့လား
သံယောဇဉ် လက်ကျန် ...
သံယောဇဉ်က ခေါင်းတွဲနှစ်ဖက်ပါတဲ့ မီးရထား ...
သံယောဇဉ်က နည်းနည်း ကြောက်စရာ
ကောင်းတာတော့ သေချာတယ် ... ။
Post a Comment