ချစ်သူပါးမို့ဖွေးပေါ် ပြေးဆော့ကျီစယ်ခွင့် မရတော့လည်း
အသာငုံ့မိုး ကြည့်ငေးပေါ့ …ငါ
ချစ်သူလှမ်းငေးမယ့် ပြတင်းလေးမှာ..ငါ
ပြတင်းလေးဘေး စံပယ်ရုံလေးမှာ..ငါ
ချစ်သူငုံ့နမ်းမယ့် စံပယ်လေးတွေမှာ..ငါ
ချစ်သူသနပ်ခါးနံ့လေးပျံ့မွှေးမယ့် လေပြေလေးပေါ်..ငါ
ဖ၀ါးနုနင်း ဆူးလည်းကင်းစေ
အဲဒီမြေနီညလမ်းလေးပေါ်မှာလည်း..ငါ
အိုကွယ်
တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်
တွဲလက်ကလေးတွေပေါ်
ခိုးဝှက်ဖြာကျပေးနေတာလည်း…ငါပါပဲကွယ်။
လင်းဒီပ
၃၁.၀၈.၀၈
(Photo Source: picasaweb.google.com)၃၁.၀၈.၀၈
1 comment:
“လင်းခွင့်မရတဲ့ လရောင်” ဆိုတဲ့ ခေါင်းစဉ်ကို အကြိုက်ဆုံးပါ...
Post a Comment