တိမ်တွေမည်းရင် မိုးကသည်းတတ်လို့
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ
မရှာသင့်မှန်းသိလို့ မလာဖြစ်တော့တဲ့မြို့
နှုတ်မဆက်သင့်လို့ လွှဲလိုက်တဲ့မျက်နှာ
နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ..
တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ
မရှာသင့်မှန်းသိလို့ မလာဖြစ်တော့တဲ့မြို့
နှုတ်မဆက်သင့်လို့ လွှဲလိုက်တဲ့မျက်နှာ
နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ..
တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ
လင်းဒီပ
၁.၁၀.၀၈
၁.၁၀.၀၈
9 comments:
ကိုဒီပ ကဗျာတွေလဲ အရမ်းကောင်းတယ်ဗျ ၊ ခံစားချက်တွေ အပြည့်ပဲ တကယ့်ကို ရက်ဆုတ်ပြက္ခဒိန်လေးပါပဲ ခင်ဗျာ ။
တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ
မှန်လိုက်တဲ့ စကားလေး ကြိုက်တယ်ဗျား)
ဟုတ်ပါတယ် တစ်ကယ်ရွက်ဆုပ် ပြက္ခဒိန်လေး တစ်ခုပါပဲ....ကြိုက်တယ် အစ်ကို ရေ..
ဟုတ်ပ။ သိပ်မြန်တာပဲနော်။
ဗီလိန်..မင်းဟာလေ..သူများကိုလိုက်နောက်နေသလိုပဲ
..:P
တိမ်တွေမည်းရင် မိုးကသည်းတတ်လို့
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ
ကာရံလေးယူထားတာလှတယ်---
ဆက်ရေးပါ--အားပေးနေပါတယ်--
ခင်မင်လျက်
မသက်ဇင်
နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ...
စာသားလေးလှလိုက်တာဗျာ.....
ကိုလင်းဒီပရေ ကဗျာလေးက သိပ်ကောင်းဗျာ။ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပုံလေးကို သဘောကျပါ့ဗျာ။
ကဗျာလေးကိုသဘောကျလိုက်တာ ...
Post a Comment