တစ်ခြမ်းက တစ်ခြမ်းကို အရမ်းလွမ်းပြီး
ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့တဲ့ အနေအထား။
တစ်ယောက်ကို တစ်ယောက်က တိုးဖက်ပြီး
တစ်ယောက်ရင်ထဲ တစ်ယောက် ခေါင်းဝှက်ထားတာတောင်
စိတ်ထဲ တခါတလေ ပျောက်ပျောက်သွား…။
ဘယ်လို လုပ်မှာလဲ
ဘယ်လို လုပ်ရမလဲ
သူ့ပါးပြင်နွေးလေးဟာ
ကျွန်တော် ဘယ်နှစ်ခေါက်သွားသွား ရိုးအီမသွားတဲ့ ပန်းနုရောင်ကျွန်းကလေး
ဟုတ်မှာပါ
အချစ်ဆိုတာ “ထူး”ခတ်မထားမပါဘဲ နည်းနည်းကလေးမှ ရွေ့လို့ မရတာ
အဲဒီလိုနဲ့
စိတ်ကူးထဲ ဆယ့်နှစ်လလုံးကို ဒီဇင်ဘာတွေချည်း ပြောင်းပစ်လိုက်တယ် ။
ကြေကွဲစရာ ခေတ်ရဲ့ ဇာတ်ဝင်ခန်းထဲ
ကျွန်တော်ကလည်း ရွက်လွင့်နေရဦးမှာ
သူကလည်း ယောင်နောက် ဆံထုံးမပါနိုင်သေး ။
စိတ်ချချနေပါကွယ်
နှမလေး မယ့်ထက်ဖြူကိုလည်း မယူပါဘူး ။
နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။
နောက်တခါ
အလွမ်းတွေ ကုန်တင်ကုန်ချ လုပ်ဖို့ရာ
ဒီဇင်ဘာဆိပ်ကမ်းကလေးကပဲ ဆက်ဆက်စောင့်နေပါ..။
လင်းဒီပ
၁၃.၀၁.၁၀
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
7 months ago
