Tuesday, September 29, 2009

ချစ်သူ့ဖတ်စာ(၄)

ဘဝကို
ဝလုံးလေးတွေ ရေးတတ်အောင် လာသင်နေတော့
အချစ်တွေကို လက်ရေးလှ တစ်အုပ်စာ ရေးလိုက်တယ် ။

ဒီကောင်ကြီး အပိုးကျိုးပြနေရတာ
ကိုယ့်နှလုံးသားလေးဟာ မင်းနှလုံးသားလေးရှေ့ လက်ကလေးပိုက်လို့။

ပင်လယ်ဓားမြလှေကြီးပေါ် တစ်ဘဝလုံး ပစ်တင် ရွက်လွင့်နေတုန်း
ကိုယ့်နှလုံးသားက ချောင်းဆိုးသွားတာ
ခုတော့ ဘယ့်နှယ်ရှိစ
ကိုယ့်ကိုယ်ကို သံဝေဂ ရမိတယ်။

ညီမလေး သင်ရိုးညွှန်းတမ်းမှာ ကိုယ့်နှလုံးသားလေး ပြန်နုငယ်ချင်လို့
ညီမလေး ခေါင်းလောင်းသံလွင်လွင် ကျောင်းသားလေးလို ပြန်နားထောင်ချင်လို့
ညီမလေးရေ…
ပန်းကလေးများ ပွင့်တော့မည် ကိုယ့်နှလုံးသားလေး ဖူးတံဝင့်လို့ချီပါရစေတော့ ။

မင်းနှလုံးသားရဲ့ အရိပ်အာဝါသမှာ
ကိုယ့်နှလုံးသားလေး သူငယ်တန်းတက်ပါရစေလား ညီမလေးရယ်။
လင်းဒီပ
၂၉.၀၉.၀၉

16 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုယ့်နှလုံးသားလေးဟာ မင်းနှလုံးသားလေးရှေ့ လက်ကလေးပိုက်လို့..

စာသားနုနုလေးတွေနဲ့ ကဗျာလေးထဲမှာ သူငယ်တန်း ကလေးလေးကို တွေ့လိုက်ရတယ်...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

စိမ်း... said...

ပြောတော့ သူငယ်တန်းတက်မယ်တဲ့ ...
ကြည့်ဦး ရေးထားတာ... ဒါသူငယ်တန်းကျောင်းသား အရေးအသားလား...
ဘွဲ့လွန်တွေပဲ ဒါမျိုးရေးတာ ဟာ ဟ...
အိစက်နူးညံ့နေတာပဲ သိပ်ကောင်းတယ်... သိလား ကဗျာလေး...

အိုင်လွယ်ပန် said...

ဘဝကို
ဝလုံးလေးတွေ ရေးတတ်အောင် လာသင်နေတော့
အချစ်တွေကို လက်ရေးလှ တစ်အုပ်စာ ရေးလိုက်တယ် ။

မိုက်တယ်ဗျ ....

အဲ ...
မူကြိုက စချဗျာ ဆရာသမား :)

မယ်ကိုး said...

နုချက်က ရက်စက်တော့ မျက်ရည်တောင် လည်ချင်ချင် ...
အခု ကျောင်းစတက်နေပြီလား .... :P

MANORHARY said...

အမယ် ပညာကုန်သုံးထားတဲ့ မူလတန်းကြိုကျောင်းသား ပါလား ...း))
အလွမ်းတွေ အခန်းထဲ တစ်ကြောင်းချင်းချချရေးနေတဲ့
မူလတန်းကြိုကျောင်းသားကြီးရေ...
သင်ရိုးညွှန်းတန်းတွေစုံတဲ့အခါ ပြန်လည်ပို့ချလှည့်ပါဦး
ပညာသင်ချင်နေသူများထံ ...း)
ခုလောလောဆယ်တော့ နှလုံးသားနုနုနဲ့
သင်ရိုးတွေပြုစုလိုက်ပါဦး ...

Zephyr said...

ကျောင်းလာရင် ပါးကွက်ကွက်လာရမယ် ...
ထိုင်ထတွေ ဘာတွေလည်း လုပ်ကောင်းလုပ်ရဦးမယ် ....။

ဖတ်စာအုပ်ထဲမှာ အလွမ်းတွေ ပုံမဆွဲရဘူးလေ သားလေး လို့ ဆရာမက ချိုချိုသာသာလေးပြာရင်း ...
နေ့လည်မုန့်စားမလွှတ်ခင် အကြည့်တွေ ထုတ်ထုတ်မစားရဘူးလို့ မှာလိမ့်မယ် ...။

....
.........
...............

.... ကျောင်းက ပြန်လာတော့ ...
အမေက မေးတယ် ... သားကျောင်းမှာ စာတွေအများကြီးတတ်လာပြီလားတဲ့လေ ...။

အမေ့မျက်နှာကို မော့ကြည့်ပြီး ... နှလုံးသားကျောက်သင်ပုန်းမှာ ....ရခဲ့တဲ့ အမှန်ခြစ်ကြီးကြီးကို ထုတ်ပြလိုက်တယ် .....။
ပြီးမှ ဂုဏ်ယူနေတဲ့လေသံနဲ့ ....

သားဆရာမက သိပ်ချစ်ဖို့ကောင်းတယ်မေမေ ....။

(ကုတင်ပေါ်ကနေ ဖုန်း တစ်နေ့ ၂၁ နာရီပြောနိုင်ပါစေသော်ဝ် ...)

ခင်မင်စွာဖြင့် ..
Zephyr

မေတ္တာရောင်ပြန်ဆိုတာ said...

အမြန်ဆုံး ကျောင်းတက်ခွင့်ရပါစေရှင်။

sait phay yar said...

အယ် ပထမ နေရာကနေ ဘယ်လို အောက်ရောက်တာလည်းမသိ

နန်းညီ said...

ကြည့်စမ်း ကြည့်စမ်း သူငယ်တန်းကျောင်းသားက အလာကြီးပဲ. ငါ့အစ်ကို ဇ မသေးဘူးး)

jr.လွင်ဦး said...

ကျောင်းစရိတ်ကရော.. ကဗျာတွေများလား လို့ စဉ်းစားမိတယ်။
း)

မမသီရိ said...

မူကြိုမှာ စာတွေ ကျေခဲ့ပြီလား မောင်လေး ရဲ့..း)

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ..
တုန်တုန် ရီရီ စာလုံးပေါင်း (အ ရေ အ.. ခခွေယပင့်စ သတ်ချစ်)
ညီမလေး ရဲ့ အချစ်ကျောင်း...း)

ချစ်ခင်စွာဖြင့်.. အမ

littlebrook said...

အားပါးပါး ကောင်းမှကောင်း ....
ကျွန်တော်လည်း ချောင်းဆိုးချင်နေတာ ...
အောင့်ထားဖို့ မကြိုးစားပါဘူး .... အဟွတ် အဟွတ်

ကျွန်တော်လည်း သူငယ်တန်းလေးပြန်တက်သွားတယ်ဗျာ

ရွှေပြည်သူ said...

“ညီမလေးရေ…
ပန်းကလေးများ ပွင့်တော့မည် ကိုယ့်နှလုံးသားလေး ဖူးတံဝင့်လို့ချီပါရစေတော့ ။”

လှမှလှ။ အဲဒါပဲ ကိုလင်းဒီပ ဆိုတား) ဒါကြောင့်လဲ ရဲမေဖမ်းခံရတာ။ သူငယ်တန်းတက်တဲ့အခါ စာမရလို့ ကြိမ်လုံးနဲ့ အရိုက်ခံနေရဦးမယ်နော်...း)

Mogok Thar said...

ဆရာမရေ..
ကျောင်းသားလေး ဆိုးရင် ကြိမ်လုံးနဲပ နာနာ ရိုက်ပါဗျို့။

ကဗျာကတော့ နူးညံ့လွန်းလှလို့ မတို့ မထိရက်တော့ပါ ကဗျာဆရာ။

အမရာ said...

အဟိ...
နုချက်ကလန်ထွက်နေတယ်..
တို့အကိုတော့မလွယ်ဘူးရယ်..

မေ့သမီး said...

အမယ် သူ့ကိုယ်သူ သူငယ်တန်းကလေးပေါ့။ အမှန်ကတော့ ဘွဲ့တောင်၂ခုလောက်စာရှိတဲ့ ပညာမျိုးတွေ တတ်တယ်မလား။ ညီမလေးရှေ့မှာမို့ စာပြန်သင်ချင်တာမလား။