ငါ့ခွန်ငါ့အားနဲ့
ထွန်ယက်ထားခဲ့ပေမယ့်
အလျားလိုက်သန်းတဲ့နွေ
နတ်ဆိုးဂီတလှိုင်းကြား
မျက်လှည့်အဖွဲ့များ တဝေဝေ..။
ပထမနာရီတွေဆီ
အဖန်ဖန်တမ်းတ
အိပ်မက်တွေ ပြာချလည်း
အရင်းပြန်မရတော့ ။
လင်းဒီပ
၂၆.၀၁.၂၀၀၀
Look back to memory lane
2 weeks ago
Copyright (c) 2009 ကျွန်တော့်ပြတင်းပေါက်ကလေး . All rights reserved.
Blogger Templates created by Deluxe Templates.
Design by Free CSS Templates.
10 comments:
လင်းဒီပရေ..
ကဗျာအားက ခေါင်းစဉ်ကြောင့်နည်းနည်းယုတ်သွားသလိုပဲ
ကဗျာကိုတော့ကြိုက်တယ်ဟာ
လင်းဒီပရေ..
ကဗျာအားက ခေါင်းစဉ်ကြောင့်နည်းနည်းယုတ်သွားသလိုပဲ
ကဗျာကိုတော့ကြိုက်တယ်ဟာ
ဝေဖန်ပေးတာ ကျေးဇူးပါ အစ်မ
ခေါင်းစဉ်က ရိုးသွားတယ်။
ကျွန်တော်လည်း အရင်ရှိပြီးသား ခေါင်းစဉ်ကို မပြင်ချင်လို့ ဒီအတိုင်း တင်လိုက်တာပါ ။
အလျားလိုက်သန်းတဲ့နွေ
ဆိုတဲ့ စာသားလေးက ဆန်းတယ်...
စာသားတွေလှတယ်ဗျ ..။
“အိပ်မက်တွေ ပြာချလည်း
အရင်းပြန်မရတော့ ။”......တဲ့။။
ဟုတ်ပ.....
အရင်းပြန်မရတာ....ကြာပေါ့....
စာလုံးတွေကြိုက်တယ်.. ဒါမယ့် နားလည်ဘူးတော့.. ဟီ..
အကိုရေ အရင်းမရတော့ဘူးဆိုပေမယ့် အတွေ့အကြုံတွေကိုပဲ အမြတ်လို့သဘောထားလိုက်ပါတော့။
အကိုရေ စာသားတွေ ကောင်းတယ်
အဓိပ္ပာယ်တော့ သိပ် မရှင်းဘူးး)
ကျွန်တော်က ပိန်းလို့ပါး)
ရှင်းရှင်းတိုတိုလှလှ။
Post a Comment