သကြားလုံးကလေးတွေက ချစ်စဖွယ်
ရောင်စုံပလတ်စတစ်လှလှလေးတွေနဲ့ ထုတ်ပိုးထားလို့ ။
သကြားလုံးကလေးတွေက
ချိုမြိန်တာချင်း တူပေမယ့် အနံ့အသက်မှာ အနည်းငယ် ကွဲပြားလို့ ။
မချိုမချဉ်လုပ်တတ်သော သကြားလုံးကလေးများနဲ့
ဖြည်းဖြည်းချင်း စိတ်ကို လှုပ်ရှားစေသော သကြားလုံးကလေးများနဲ့
မူးဝေမှုကို ပြေပျောက်စေသော သကြားလုံးကလေးများနဲ့
မူးဝေယစ်မူးစေသော သကြားလုံးကလေးများနဲ့
(ဘယ်လိုဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်)
သကြားလုံးကလေးတွေ မြင်ရင်
အနည်းနဲ့အများတော့ ခင်ဗျား လန်းဆန်းသွားတယ် မဟုတ်လား
အနှေးနဲ့အမြန်တော့ ဖရီကွင်စီ(frequency)တစ်ခုမှာ ခင်ဗျား သွားငြိတယ် မဟုတ်လား
သကြားလုံးကလေးတွေ အများကြီးစားလို့မရဘူး ဆိုတာ ကျွန်တော်တို့သိတယ်လေ
ပတ်ဝန်းကျင်က လက်မခံနိုင်သလို ကျွန်တော်တို့ သွားပိုးစားနိုင်တယ် မဟုတ်လား ။
(ဒါပေမယ့် ဘာရယ်မဟုတ်)
ဝသီအရ သကြားလုံးကလေးများ မြင်ရင် ချိုမြိန်မှုကို စိတ်ကူးနဲ့ စားလို့ ။
ဒီနေ့ မိတ်ဆွေ မင်္ဂလာဆောင်မှာ
မိတ်ကပ်လာပြင်ပေးတဲ့ သကြားလုံးကလေးက
ချိမြိန်မှုကို လှစ်ကနဲ လှစ်ကနဲ ပြရင်း စကားတွေ လာပြောလို့ ။
ဒီနေ့ မိတ်ဆွေ မင်္ဂလာဆောင်မှာ
သကြားလုံးကလေးတွေက ချိုချိုလွင်လွင် တေးကို ဟစ်လို့ ။
ဒီနေ့ မိတ်ဆွေ မင်္ဂလာဆောင်မှာ
သကြားလုံးကလေးတွေက ဝိုင်ခွက်တွေထဲ ရီဝေမှုကို မှောက်ချလို့ ။
(ဘယ်လိုဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်)
တချက်တချက် ညာဘက်လက်သူကြွယ်က လက်စွပ်ကလေးကို ပွတ်သပ်မိရင်းက
တချက်တချက် ညာဘက်လက်ကို ဘောင်းဘီအိတ်ထဲ ထိုးဝှက်ထားမိရင်းက
သကြားလုံးလေးတွေအပေါ် စိတ်ကူးနဲ့ချိုမြိန်လိုက်မိတာ
အိမ်သူ,မသိအောင် ကျွန်တော် ခင်ဗျားကို ဝန်ခံလိုက်ချင်ရဲ့ ။
လင်းဒီပ
၁၂.၀၂.၁၂
9 comments:
တုတ် နော် တုတ်
ဟင်း အရိုက်ခံရမယ် :P
သွားပိုးစားလိမ့်မယ်။
သွားကိုက်တာ ဘယ်လောက်ခံရခက်တယ် မှတ်သလဲ ..
:P
သကြားလွန်းတွေအားလုံးချိုတာတော့တူတူပါပဲ.. အဟဲ :D
ချိုမြိန်ပြီး အရသာစစ်မှန်တဲ့သကြားလုံးလေးတွေစားနိုင်ပါစေအကိုရေ
သကြားလုံးဝိုင်တွေကို စိတ်ကူးနဲ့မူးယစ်ရုံလောက်ပဲ မဟုတ်လား :)
ဝှက်ထားတဲ့သကြားလုံးကို စိတ်ကူးနဲ့ချိုမြိန်စေတာတဲ့လား
Ring save ur life :)
အချိုသုပ်ထားတဲ့ အခါးလေးတွေရယ် ....
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
Post a Comment