သူ့ဘဝမှာ တောက်တိုမယ်ရအဖြစ်
ဖြူဖြူစင်စင် ထည်ဝါခဲ့ပုံလေး
လွမ်းဆိပ်တက်ပေါ့ ။
မရောက်မှာသိပေမယ့် လျှောက်ရဲခဲ့တဲ့နေ့များ
(အခုတော့)
ရောက်မှာသိလို့ လမ်းလွှဲလိုက်ရတဲ့ အဖြစ်မျိုး…
ဖွင့်ဖွင့်ပိတ်ပိတ် သိပ်မထူးတော့တဲ့ အရွယ်မှာ
ဘာကို လျှို့ဝှက်နေရဦးမှာလဲ
ချစ်ခဲ့ဖူးတယ် ။
တခါ ပြန်ဝင်စားလို့ရမလား
သူ့နှလုံးသားအထပ်မြင့်အခန်းလေးကို
မမှီ့ တမှီ ပျော်ရွှင်နေတတ်တဲ့
ကိုင်းဖျားကိုင်းနားဘဝလေး ။
လင်းဒီပ
၀၃.၀၃.၁၂
14 comments:
မန်ကျည်းတညို လူတခိုတဲ့
တမာတကိုင်း လူ့သင်္ချီုင်းတဲ့
ကိုင်းမှားနားမှာစိုးလို့ပါ
ကဗျာလေးက ချစ်စရာ ကောင်းလိုက်တာ..
ကဗျာလေးက ချစ်စရာ ။ ရေးတတ်လိုက်တာ ။း)
ကဗျာကောင်းလေးဖတ်သွားပါ၏
ကဗျာကောင်းလေးဖတ်ခဲ့ပါတယ်ရှင်
သံယောဇဉ် ချွေးလေး တစို့စို့နဲ့ နေ့ရက်တွေကို ကဗျာထဲကနေ ချောင်းကြည့်သွားတယ် ကိုလင်းဒီပ .. :D
ဒီပြတင်းပေါက်ကလေးက ကဗျာလှလှလေး တွေ အမြဲပဲ စောင့်ကြည့်နေကြရ တယ် မောင်လေးရေ
ကဗျာတွေ များများ ဆက်ရေး ပါ
ကဗျာလေး ကြိုက်တယ် အစ်ကိုရေ
မျှော်ကြည့်ရုံထက် ပိုရှေ့ဆက်လို့ မရတဲ့ သူငယ်ချင်းချစ်သူတွေဟာ သနားစရာကောင်းတယ်လို့ ထင်မိတယ်
လွတ်ငြိမ်းလေပြေ
ကဗျာလေး ကောင်းလိုက်တာ။
Aww former TTMY :) anyway very nice poem .
သိပ်နုတယ်ဗျာ။
မရောက်မှာသိပေမယ့် လျှောက်ရဲခဲ့တဲ့နေ့များ
(အခုတော့)
ရောက်မှာသိလို့ လမ်းလွှဲလိုက်ရတဲ့ အဖြစ်မျိုး…
ကျွန်တော်တော့ ... သူမ မသိအောင် ခိုး ” လွမ်း
ခဲ့ဖူးတယ် ... :)
ဖတ်ရတာကြည်ကြည်လင်လင်လေးရှိတယ် .. လှတယ်၊ ချစ်ဖို့ကောင်းတဲ့ ကဗျာလေး
LittleBrook
တစ်ခါပြန်ဝင်စားလို့ ရမလား ....
သူ့နှလုံးသားအထပ်မြင့်အခန်းလေးကို
လှတယ် ... နုတယ် လင်းဒီပရေ ...
မနော်
Post a Comment