အလင်းက အလင်းပါပဲ
လရောင်ဆီက ဆင်းလာလာ
နေရောင်ကြောင့် လင်းလင်း
နောက်ဆုံး အခန်းမီးရောင်လေးပဲဖြစ်ဖြစ်
အလင်းကို အလင်းလို့ပဲ “သိ”တယ်
ထပ်မတွေးဘူး…။
ကိုယ်က ရထားဖြစ်ပြီး မင်းက ဘူတာဖြစ်လိုက်
မင်းက ဘူတာဖြစ်ပြီး ကိုယ်က ရထားဖြစ်လိုက်
ဒါ ဘဝရှုမျှော်ခင်းပါပဲ
ကိုယ်က ဇာတ်ဆရာ မဟုတ်သလို..
မင်းမှာလည်း မှော်အတတ် မရှိပါဘူး..။
မင်းမှာ တပ်ဆင်ထားတဲ့မာနကို
အစကတည်းက ကိုယ် မတွေ့ဘူး
တကယ်လို့ မင်းမာနကို ချိုးသလိုဖြစ်ခဲ့ရင်
မင်းမာနက ကိုယ့်ဂျစ်ပစီတေးကို ခြေထိုးခံလိုက်တာ…။
ကိုယ့်အတွက်တော့
တွေ့တယ် ကြုံတယ်
ပြီးတော့
ခွဲခွာ
ဘာမှ မတောင်းခဲ့သူဟာ
ခွဲခွာခြင်းမှာ
လေးပင်နှောင့်ဖွဲ့တဲ့အကျင့် မရှိတတ်တာ
ကြာလာတော့ ကိုယ့်စရိုက်လိုဖြစ်..
သိပ်များများမတွေးပါနဲ့
ကိုယ်က
မင်းအတွက် မနေ့ က နေပြင်း ဆိုခဲ့ရင်
ဒီနေ့
စိမ်းလန်းခြင်းမှာ စွတ်စိုပါစေကွယ်။
ကိုယ့်အတွက်
မင်းက
မနေ့က ရေးထားတဲ့ ကဗျာ
သတိရရင်
ဆိုညည်းဖြစ်တဲ့ သီချင်း…။
ဒီနေ့တော့
ဧည့်ခန်းမှာ
မင်းပို့လိုက်တဲ့ မာနပန်းခြင်းလေး တင်ထားလိုက်မိတယ်။
လင်းဒီပ
၂၇.၅.၀၉
Look back to memory lane
2 weeks ago