Thursday, May 21, 2009

တိမ်အိမ်ကလေးထဲမှာ

ပလတ်စတစ် အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီး
တိမ်အိမ်ကလေး ဆောက်ကာ ဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး။
(မောင်ချောနွယ်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အတွေ့ချင်ဆုံးဆယ်ယောက် ဆိုပြီး ကိုရွာသားက တက်ဂ်ထားပါတယ်။ စဉ်းစားကြည့်ပါတယ် ။ ကျွန်တော်အတွေ့ချင်ဆုံး ဆယ်ယောက် က ဘယ်သူတွေလည်း လို့ပေါ့။သူများတွေ ရေးထားလေးတွေ လိုက်ဖတ်ကြည့်တော့လည်း အစုံပါဘဲ ။ နည်းနည်း လိမ်မာတဲ့ အစ်ကို အစ်မ တချို့ကတော့ အရှောင် အတိမ်းလေးတွေနဲ့ ရေးထားတာတွေ့လို့ တစ်ယောက်တည်း ပြုံးမိပါသေးတယ် ။ ဒါလောက် အပေါင်းအသင်းတွေ များတဲ့ ဘလောဂ့်ရွာလေးမှာ ဆယ်ယောက် မကပါဘူး ။ တွေ့ချင်တာက အများကြီးပါ ။ အဖော်တွေကလည်း စုံပါတယ်။

မမြင်ဖူး မတွေ့ဖူးပေမယ် အခုလို ဘလောဂ့်လေး ဖြစ်သွားတော့ သူငယ်ချင်းတွေက အတော် များလာပါတယ် ။ စာရေးတဲ့ သူငယ်ချင်းတွေမှ မဟုတ်ဘူး။ စာလာဖတ်တဲ့ အစ်ကို အစ်မ ညီ ညီမတွေကိုလည်း သူတို့ အချိန်တွေ ပေးပြီး ကျွန်တော် မဖြစ်ညစ်ကျယ်ရေးထားတဲ့ ကဗျာလေး စာလေးတွေ ကို လာဖတ်လို့ ဝမ်းသာမိပါတယ် ။ အခုခေတ်ကြီးက ရွေးချယ်စရာတွေ အများကြီးပါ ။ တချို့ဈေးတွက် တွက်တဲ့သူတွေဆို ဘာလို့ သူ့ဘလောဂ့်ဖတ်မှာလဲ ။ တန်ဖိုးရှိတဲ့စာတစ်ခုခု ဖတ်မှာပေါ့ ဆိုပြီး ရှောင်သွားမယ်ဆို ရှောင်သွားရုံပါဘဲ ။

ဆရာ သုမောင်ကတော့ ကွမ်းစကား ဆိုတဲ့ စာအုပ်မှာ ကွမ်းစားရင် အရေလည်း မရ အဖတ်လည်း မရပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ကွမ်းစားကြတယ် ။ ဒီစာအုပ်လေးကလည်း ဒီလိုပါဘဲ လို့ရေးဖူးပါတယ် ။ ကျွန်တော် ဆရာသုမောင် ရဲ့ခြေဖျားမမှီပေမယ့် ဒီစကားလေး ငှားသုံးချင်ပါတယ် ။ ကျွန်တော့်ရဲ့အရည်မရ အဖတ်မရ စာလေးတွေကို အချိန်(အချိန်ဆိုတာ ဘဝပါလို့ ဆရာတော် ဦးဇောတိက ဆုံးမ ဖူးပါတယ်။)ပေးပြီး လာဖတ်ပေးတဲ့အတွက် ဘလောဂ့်ဂါတွေမှ မဟုတ်ပါဘူး ဘလောဂ့်မရေးတဲ့ သူငယ်ချင်းတွေကိုလည်းတွေ့ဖူးချင်ပါတယ် ။ ကျွန်တော့်စာလေးတွေကို သူတို့ဘဝအချိန်လေးတွေ ဖဲ့ဖဲ့ပေးပြီး လာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်လို့ပါ။

တချို့သူငယ်ချင်းတွေနဲ့တော့ ဂျီတော့မှာ စကားစမြည် ပြောဖြစ်ပါတယ် ။ စာအကြောင်း ပေအကြောင်းပြောဖို့ လက်ဖက်ဆိုင် ကောင်းကောင်း လိုတဲ့ခေတ် မဟုတ်တော့ပါဘူး။ online ကြောင့်ပဲ ဘယ်လောက်ဝေးဝေး နီးနေကြပါတယ် ။ ပျော်စရာ ပိုကောင်းလာပါတယ်။ အမှန်တကယ် စာပေမြတ်နိုးသူတွေ ဆုံတွေ့ကြတဲ့ အခါ သူနဲ့ ငါ အရောင်မတူလို့ ယုံကြည်ချက်မတူလို့ ဆိုပြီး မဆက်ဆံ မပေါင်းသင်းပဲ မနေကြပါဘူး။ အနုပညာ မြတ်နိုးခြင်းဆိုတဲ့ တစ်ရောင်တည်းနဲ့ပဲ အားလုံး ချစ်ချစ်ခင်နေကြတာ ကြည်နူးစရာပါ ။ ဒါလေးက ချစ်စရာ online ယဉ်ကျေးမှုလေး ပါ ။

ကျွန်တော့်ကတော့ အခု ကျွန်တော်ဆောက်ထားတဲ့ တိမ်အိမ်ကလေးမှာ အဖော်တွေစုံပြီး အပျော်တွေလည်း ပုံနေပါတယ်။ အားလုံးကိုခင်ပါတယ် ။ အခွင့်ရှိရင် တွေ့ချင်ပါသေးတယ် ။ ကျွန်တော့်ကိုလည်း လမ်းမှာတွေ့ရင်ခေါ်ပါ ။ပိန်ရှည်ရှည် လူတစ်ယောက် ပါ။ လမ်းလျှောက်ရင် ပဲဖြစ်ဖြစ် ကားစီးရထားစီးရင်ပဲဖြစ်ဖြစ် ဘယ်သူ့မှ မမြင်ဘဲ တစ်ယောက်တည်း တွေးနေတတ်ပါတယ် ။ ဘာတွေ တွေးနေတာလဲ မေးရင် အဖြေမရှိပါဘူး ။ အဲလိုပုံမျိုးတွေ့ရင် လင်းဒီပ ဖြစ်ဖို့များပါတယ် ။အော်လိုက်ပါ ။ စကားဝှက်က “လက်ဖက်ရည် သွားသောက်ရအောင်”ပါ..:P

(ကိုရွာသားလေး Tag ထားတဲ့ အတွေ့ချင်ဆုံး Tag ကို ဒီပိုစ့်လေးနဲ့ဖြေလိုက်ပါတယ် ။)
အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၂၁.၅.၀၉

18 comments:

မသက်ဇင် said...

“လက်ဖက်ရည် သွားသောက်ရအောင်ပါ”
ဟော
ပိန်ရှည်ရှည် နဲ့ တယောက် လှည့်ကြည့်ပြီ
ဒါ
ကဗျာ ဆရာ လင်းဒီပ ဖြစ်မယ်
ခင်မင်လျက်

MANORHARY said...

လက်ဖက်ရည်သွားသောက်ရအောင်
.................
စကားဝှက်ကို အလွတ်ကျက်လိုက်ပြီ
ဒုတိယအဆင့်အနေနဲ့ကတော့ လင်းဒီပ သည်လည်း
တခြားသော အစ်ကိုအစ်မများကဲ့သို့ပင် ပညာရှိ
ဖြစ်ကြောင်း မှတ်ချက်ပေးသွားပါသည်။
(သူများရေးတဲ့ထဲတော့ ကျွန်တော်တွေ့ချင်တဲ့သူ နှစ် ယောက်ပါတယ် လာပြောတတ်တာ ဘယ်သူလဲမသိ..း× )

Anonymous said...

လက်ဖက်ရည်လိုက်တိုက်မှာ မဟုတ်လား
ဒါဆိုနေ့တိုင်းရွတ်မယ် ထွက်ပြေးမယ်မကြံနဲ့

Maung Myo said...

ကျနော်လည်းပါလား ။ လက်ဖက်ရည်မကြိုက်

ကျနော်ကတော့ ကော်ဖီဆိုရင် ခပ်ပြင်းပြင်းပဲကြိုက်တယ် ဟော့ဒီမှာ စူပါ ( လေးဖြူက အဲ့လိုကြော်ငြာထားတာ ) :P

မယ့်ကိုး said...

“လက်ဖက်ရည် သွားသောက်ရအောင်” ဆိုတဲ့ စကားဝှက်ပဲရှိပြီး....

စကားပြန်က
“နောက်မှ တွေ့တာပေါ့”
“လာခဲ့မယ်နော်”
“အင်း ကျွန်တော် မသောက်တာ ကြာပြီဗျ”
“ကျွန်တော် အလုပ်ကလေး ရှိသေးလို့” ပေါ့နော်... :)

mirror said...

အဲ..ကဗျာဆရာ..လာဗျာ လက်ဘက်ရည်သွားသောက်ရအောင်..။မိန်းထဲကို..

ဒါမှမဟုတ်လဲ မော်ဒန်ကို..အဲ မဟုတ်သေးဘူးလား...ဒါဆိုလဲ မြို့ထဲဘက်လက်ရွေးစင်ပေါ့..။အင် လက်ရွေးစင်က လက်ဘက်ရည်က ညနေပိုင်းဆို အကျရည်များတယ်လား..ဒါဆိုလဲ လှည်းတန်းက အိုင်တီပဲသွားကြပါစို့ဗျာ...။
:P

အိုင်လွယ်ပန် said...

ရပ် ............

စကားဝှက် ? ......:)

Mogok Thar said...

“လက်ဖက်ရည် သွားသောက်ရအောင်” ဗျို့

sait phay yar said...

လက်ဘက်ရည်လိုက်တိုက်ပါဗျိုးးးးးးးးးးး

တင့်ထူးရွှေ said...

လက်ဖက်ရည် သွားသောက်ရအောင် :-)

လွတ်ငြိမ်းလေပြေ (breeze) said...

လဖက်ရည်... လဖက်ရည် ...
း)

Kyaw Nyo Thway said...

ကဗျာတွေတင်အရေးကောင်းတယ်မှတ်တာ...
ဒီလိုတက်ဂ်ပိုစ့်လေးမှာလည်း စကားပြေအရေးကောင်းပါလား
နောက်ဆုံးပိုဒ်က "လက်ဖက်ရည်သွားသောက်ရအောင်" ဆိုတဲ့ စာသားလေးဖတ်မိပြီး။ တိမ်တွေထဲတောင်လွင့်သွားတယ်။

Kyaw Nyo Thway said...

အိုင်တီမှာ..
လက်ဖက်ရည်သွားသောက်ရအောင်
ဦးထွန်းလင်းခြံလမ်းထိပ်က စောင့်နေမယ်...။

ရွှေပြည်သူ (ShwePyiThu) said...

ညီမအတွက်တော့ “လက်ဖက်ရည် သွားသောက်ရအောင်” ဆိုတဲ့ စကားဝှက် မလိုပါဘူး။ လူပျောက်ကြော်ငြာထဲက ဓာတ်ပုံနဲ့ တိုက်ကြည့်ရုံပါပဲ ကိုလင်းဒီပရေး))

Unknown said...

လဘက်ရည်သွားသောက်ရအောင်လို့ခေါ်တာနဲ့ လိုက်နေကျလား။ :P

မသက်ဇင် said...

ထပ်လာလည်ပါတယ်
ကဗျာဆရာလင်းဒီပ

ဆောင်းယွန်းလ said...

လက်ဖက်ရည်.သွား သောက်ရအောင်ညီရေ့

ဂျူနို said...

ဦးချစ်ဆိုင်သွားမယ် ဆိုလဲ ဖြစ်တယ်နော်။
စကားထာကို ပြောတာပါ။

အယ်ဇီ