Thursday, May 28, 2009

လေလွင့်ကဗျာ(၂)

အလင်းက အလင်းပါပဲ
လရောင်ဆီက ဆင်းလာလာ
နေရောင်ကြောင့် လင်းလင်း
နောက်ဆုံး အခန်းမီးရောင်လေးပဲဖြစ်ဖြစ်
အလင်းကို အလင်းလို့ပဲ “သိ”တယ်
ထပ်မတွေးဘူး…။

ကိုယ်က ရထားဖြစ်ပြီး မင်းက ဘူတာဖြစ်လိုက်
မင်းက ဘူတာဖြစ်ပြီး ကိုယ်က ရထားဖြစ်လိုက်
ဒါ ဘဝရှုမျှော်ခင်းပါပဲ
ကိုယ်က ဇာတ်ဆရာ မဟုတ်သလို..
မင်းမှာလည်း မှော်အတတ် မရှိပါဘူး..။

မင်းမှာ တပ်ဆင်ထားတဲ့မာနကို
အစကတည်းက ကိုယ် မတွေ့ဘူး
တကယ်လို့ မင်းမာနကို ချိုးသလိုဖြစ်ခဲ့ရင်
မင်းမာနက ကိုယ့်ဂျစ်ပစီတေးကို ခြေထိုးခံလိုက်တာ…။

ကိုယ့်အတွက်တော့
တွေ့တယ် ကြုံတယ်
ပြီးတော့
ခွဲခွာ
ဘာမှ မတောင်းခဲ့သူဟာ
ခွဲခွာခြင်းမှာ
လေးပင်နှောင့်ဖွဲ့တဲ့အကျင့် မရှိတတ်တာ
ကြာလာတော့ ကိုယ့်စရိုက်လိုဖြစ်..

သိပ်များများမတွေးပါနဲ့
ကိုယ်က
မင်းအတွက် မနေ့ က နေပြင်း ဆိုခဲ့ရင်
ဒီနေ့
စိမ်းလန်းခြင်းမှာ စွတ်စိုပါစေကွယ်။
ကိုယ့်အတွက်
မင်းက
မနေ့က ရေးထားတဲ့ ကဗျာ
သတိရရင်
ဆိုညည်းဖြစ်တဲ့ သီချင်း…။

ဒီနေ့တော့
ဧည့်ခန်းမှာ
မင်းပို့လိုက်တဲ့ မာနပန်းခြင်းလေး တင်ထားလိုက်မိတယ်။
လင်းဒီပ
၂၇.၅.၀၉

17 comments:

လွတ်ငြိမ်းလေပြေ said...

ခွဲခွာခြင်းဟာ ဆိုးပါတယ်
မာနကြောင့် ခွဲခွာကြရရင် ပိုဆိုးပါတယ်
ပိုချစ်တဲ့ တစ်ယောက်က လျှော့ပေါ့
း)

မယ်ကိုး said...

ဧည့်ခန်းမှာ
မင်းပို့လိုက်တဲ့ မာနပန်းခြင်းလေး တင်ထားလိုက်မိတယ်။

ဒီအတွဲသုံးလေး သဘောကျမိပါတယ်။
မာနနဲ့ ပန်း ပေါင်းစပ်ထားတာ ...

သက်ထွန်းညိမ်း said...

လေလွင့်ကဗျာတွေကို
လိုက်ဖမ်းရတာ ပြတ်သွားတဲ့စွန်နောက်ကို
လိုက်နေတဲ့ကလေးလို ကျနော်တော့
သဘောကျတယ် အကိုဒီပရေး)

mirror said...

ကြိုက်၏။ကူးယူသိမ်းဆည်းထားလိုက်ပါသည်။

လေးစားခင်မင်စွာဖြင့်
မကြေးမုံ

sait phay yar said...

တကယ်ပြောတာလား ခွဲရက်တယ်ပေါ့.
တကယ်ပါ ခွဲနိုင်သေးဘူး
ပြန်လာပါနော်
ကိုလင်း
ဟီဟိ

Mogok Thar said...

“ခွဲခွာခြင်းမှာ
လေးပင်နှောင့်ဖွဲ့တဲ့အကျင့် မရှိတတ်တာ
ကြာလာတော့ ကိုယ့်စရိုက်လိုဖြစ်..”
မာနပန်းခြင်းလေးက လှလား ကဗျာဆရာ။
ကဗျာလေးကတော့ တော်တော်လှတယ်ဗျာ။

ရွှေပြည်သူ said...

သတ်လို့မသေတဲ့ အပင်ကပွင့်တဲ့ ပန်းပွင့်လေးတွေနဲ့ မာနပန်းခြင်းလေး... လှရဲ့လား ကိုလင်းဒီပရေး))

“သိပ်များများမတွေးပါနဲ့
ကိုယ်က
မင်းအတွက် မနေ့ က နေပြင်း ဆိုခဲ့ရင်
ဒီနေ့
စိမ်းလန်းခြင်းမှာ စွတ်စိုပါစေကွယ်။”

ဒီစာသားလေးက ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ပေးပါတယ်။ ကဗျာကကောင်းတယ်လို့တော့ အထူးအဆန်းလုပ်ပြီး မပြောတော့ပါဘူး...

မောင်မျိုး (ပြာသို) said...

ခွဲခွာခြင်းမှာ
လေးပင်နှောင့်ဖွဲ့တဲ့အကျင့် မရှိတတ်တာ
ကြာလာတော့ ကိုယ့်စရိုက်လိုဖြစ်..

အဲ့လိုကြီးလား ကျင့်ယူရမယ် ခွဲခွာရတိုင်း လေးပင်တတ်လို့ ။

အိန္ဒြာ said...

လင်းဒီပရေ..

ကဗျာလေးက ချိုပါတယ်...
ဒါပေမယ့် မချိုနိုင်ပါလား..ကွယ်...

အိုင်လွယ်ပန် said...

ကောင်းပ ...
နေတတ်ချင်သဗျာ ...

ဆိုးသွမ်း said...

awesome :)

မင်းအိမ်ဖြူ said...

ကိုယ်က
မင်းအတွက် မနေ့ က နေပြင်း ဆိုခဲ့ရင်
ဒီနေ့
စိမ်းလန်းခြင်းမှာ စွတ်စိုပါစေကွယ်။

အဲဒီ သဘောလေးကို နှစ်သက်ပါတယ်

နန်းညီ said...

ရွှေပြည်သူနဲ့ မင်းအိမ်ဖြူ ပြောသွားတဲ့အတိုင်းပါပဲ.. အထူးသဖြင့် ဒီနေ့စိမ်းလန်းခြင်းမှာ စွတ်စိုပါစေကွယ် ဆိုတာလေး..

မသက်ဇင် said...

လရောင်ဆီက ဆင်းလာလာ
နေရောင်ကြောင့် လင်းလင်း
နောက်ဆုံး အခန်းမီးရောင်လေးပဲဖြစ်ဖြစ်
အလင်းကို အလင်းလို့ပဲ “သိ”တယ်
ထပ်မတွေးဘူး…။

လင်းဒီပ လက်ရာတွေကတော့ ကဗျာဆရာပီသပါတယ်
ပျော်ရွှင်ပါစေ

grace said...

ဒီကဗျာလေးတိုင်းဆိုရင်......နေရတာအတော်ပေါ့ပါးမယ်နော်။ ရင့်ကျက်သွားလို့ဖြစ်မယ်နော်။

summer said...

"ကိုယ်က
မင်းအတွက် မနေ့ က နေပြင်း ဆိုခဲ့ရင်
ဒီနေ့
စိမ်းလန်းခြင်းမှာ စွတ်စိုပါစေကွယ်။" ရှယ်မိုက်တယ်!!!!

မသက်ဇင် said...

ကဗျာဆရာလင်းဒီပရေ
အသစ်မတွေ့တော့
အဟောင်းတွေထပ်ဖတ်သွားတယ်နော်
ခင်မင်လျက်