Thursday, October 22, 2009

ရည်းစားအမည်ပေါက်

နင့်နှလုံးသားအခန်းလေးရဲ့
အနီးကပ်ဆုံး အပြင်လူ….

ရင်ခုန်သံ သံပတ်နာရီကလေး
ချက်ချက်သံကြားတိုင်း…

နင့်နှလုံးသားထဲ
ချစ်သူလို့ တမ်းတမြည်တမ်းလိုက်တိုင်း…

ရည်ရွယ်ရာကို မသိပေမယ့်
“ငါ့ကို” လို့ တွေးပြီး ရင်ခုန် ရူးနှမ်းပါတယ်။
လင်းဒီပ
၂၂.၁၀.၀၉

12 comments:

မယ့်ကိုး said...

ဂလိုမှပေါ့ ...ကဗျာဆရာရယ်။
အရင်ထဲက စိတ်နောက်နေတဲ့သူ အံသေနေ့များဖတ်ပြီး
စိတ်ကလေး ချာလည်သွားတာ အခုမှ =)
ညီမလေးရဲ့ လက်ခုပ်ကလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်ကူးပါ ကဗျာဆရာရေ ညီမလေးဆီကလည်း မှန်ကန်တဲ့အသံကြားနေရတယ် မဟုတ်လား :P

Anonymous said...

အနုပညာနဲ့ ရူးနှမ်းခြင်းပေါ့နော်။

မမသီရိ said...

မမတို့ မောင်လေး က
ကိုယ့်ကိုကိုယ် အထင်ကြီး လှချီလား..း)

သိင်္ဂါကျော် said...

ငါ့နှလုံးသားစည်းချက်ရဲ့
ရည်ရွယ်ရာကလည်း
“နင့်ကို” ပဲမို့ပါ
ချစ်သူ။

(ကဗျာကို ဆက်စပ်လိုက်တာပါ :D)

MANORHARY said...

ရည်ရွယ်ရာကိုသိသိကြီးနဲ့
အမည်ပေါက်ကြေညာလိုက်ပုံကလည်း
ပညာသားပါပ ..
အော် လင်းဒီပ လင်းဒီပ...း))

အိုင်လွယ်ပန် said...

အဟဲ ..
ဒါ မှ ကို ဒီပ ကွ :)
လှ ပါ့ ဗျာ ....

Anonymous said...

လှပါပေ့ လူတိုင်းဟာ ကိုယ့်အတွေးကို ကိုယ်တိုင် ပုံစံ အမျိုးမျိုးနဲ့ ဖျော်သောက်နေတတ်ကြတယ် . . . . . ကဗျာလေးက ထိတယ် . . . .

ဒဏ္ဍာရီ said...

ကဗျာလေး ကောင်းတယ်နော်။
နောက်ဆုံးတော့ အမည်ပေါက်က ကိုယ်တိုင် ဖြစ်နေတာပေါ့။း)

ခင်မင်လေးစားလျှက်

စိမ်း... said...

ဟဲဟဲ အမည်ပေါက်ဆိုတော့ နောက်ကြောင်းရှင်းတာပေါ့... ဟီး စတာ... အိမ်ခြံမြေနဲ့ မှားလို့...

ဒါမျိုးကဖြစ်တတ်ပါတယ်... :)

သက်ထွန်းညိမ်း said...

ဟဟး)
ဟုတ်လို့လား

emayarKhin said...

နုလိုက်တာ....

အိန္ဒြာ said...

ဖွဖွလေး ဖတ်သွားတယ်...