Sunday, January 10, 2010

ဝင်စို့

ဘလောဂ့်ကနေ သုံးပတ်လောက် ကျွန်တော် ခွင့်မတိုင်ဘဲ ပျောက်သွားမိလို့ အခု ခွင့်ပြန်တိုင်တာပါ ။ အားလုံးသော အစ်ကို အစ်မ ညီ ညီမ များနှင့် သူငယ်ချင်းများအားလုံး Happy New Year နဲ့ Merry X’mas ပါဗျာ ။

ရန်ကုန် ခဏ ပြန်သွားလို့ပါ ။(ရန်ကုန်မှာ ညီမ မေရာ နန်းညီ တို့နဲ့ ဆုံဖြစ်ခဲ့ပါသေးတယ် ။ )

ကျွန်တော်မရှိတဲ့ ရက်မှာ ခရစ္စမတ်နဲ့ နှစ်ကူးဆုတောင်းတွေကို Comments, Email , Cbox မှ လာတောင်းပေးသွားတဲ့ အစ်ကို အစ်မ ညီ ညီမများအားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ ပြောခွင့်ပြုပါ ။ ကျွန်တော် ဒီပိုစ့်နဲ့ပဲ အားလုံးကို ပျော်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းခွင့် ပြုပါ ။ နောက်ရက်တွေမှာတော့ ရက်အတော်ကြာ ကျွန်တော် မရောက်ဖြစ်တဲ့ အိမ်တွေကို ကျွန်တော် ပြန်လာလည်ပါမယ် ။

ဒီစာလေးက ငယ်ငယ်က ကစားသလိုဆို “ဝင်စို့” ပြန်လုပ်တာပါ ။

နှစ်ဟောင်းက အညစ်အကြေးတွေ အတွေးအဟောင်းအညစ်တွေ ပစ်ပြီး လောကကို ဖြူသောစိတ်နဲ့ ချစ်နိုင်ကြပါစေလို့ နှစ်ဦးဆုတောင်းမိပါတယ် ။ နောက်ရက်တွေမှပဲ သွားနေကျ နေရာတွေကို သွားပြီး ရေးနေကျ စာမျိုးလေးတွေ ပြန်ရေးပါမယ် ။ နှစ်ထောင့်တစ်ဆယ်မှာ အားလုံးပဲ ချစ်ခြင်းတွေနဲ့ ဘလောဂ့်ဂင်း နိုင်ကြပါစေဗျား ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၁၀.၀၁.၁၀

4 comments:

လွတ်ငြိမ်းလေပြေ (breeze) said...

အောင်မယ်
ကစားနေတယ်
း)
စတာနော်

Happy 2010 ပါ အစ်ကိုရေ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အင်း နောက်တစ်ခါဆိုရင် ခွင့်မတိုင်ဘဲ သွားရင် အလုပ်ဖြုတ်ပစ်မယ်။ :)... :)...

နှစ်သစ်မှာ အစစအရာရာ အောင်မြင်ချောမွေ့ပြီး ပျော်ရွှင်စွာ ဘ၀ခရီးကို လျောက်လှမ်းနိုင်ပါစေလို့.. ဆုမွန်ချွေလိုက်ပါတယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

မမသီရိ said...

အဲသလောက်အကြာကြီးပျောက်နေတော့
ညီမလေး ကို ခိုးပြေးပြီ ထင်နေတာ..း)

နွေဆူးလင်္ကာ said...

ကြိုဆိုပါတယ်ဗျာ။