Wednesday, January 13, 2010

ချစ်သူ့ဖတ်စာ(၅)

တစ်ခြမ်းက တစ်ခြမ်းကို အရမ်းလွမ်းပြီး
ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့တဲ့ အနေအထား။
တစ်ယောက်ကို တစ်ယောက်က တိုးဖက်ပြီး
တစ်ယောက်ရင်ထဲ တစ်ယောက် ခေါင်းဝှက်ထားတာတောင်
စိတ်ထဲ တခါတလေ ပျောက်ပျောက်သွား…။
ဘယ်လို လုပ်မှာလဲ
ဘယ်လို လုပ်ရမလဲ
သူ့ပါးပြင်နွေးလေးဟာ
ကျွန်တော် ဘယ်နှစ်ခေါက်သွားသွား ရိုးအီမသွားတဲ့ ပန်းနုရောင်ကျွန်းကလေး
ဟုတ်မှာပါ
အချစ်ဆိုတာ “ထူး”ခတ်မထားမပါဘဲ နည်းနည်းကလေးမှ ရွေ့လို့ မရတာ
အဲဒီလိုနဲ့
စိတ်ကူးထဲ ဆယ့်နှစ်လလုံးကို ဒီဇင်ဘာတွေချည်း ပြောင်းပစ်လိုက်တယ် ။
ကြေကွဲစရာ ခေတ်ရဲ့ ဇာတ်ဝင်ခန်းထဲ
ကျွန်တော်ကလည်း ရွက်လွင့်နေရဦးမှာ
သူကလည်း ယောင်နောက် ဆံထုံးမပါနိုင်သေး ။
စိတ်ချချနေပါကွယ်
နှမလေး မယ့်ထက်ဖြူကိုလည်း မယူပါဘူး ။
နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။
နောက်တခါ
အလွမ်းတွေ ကုန်တင်ကုန်ချ လုပ်ဖို့ရာ
ဒီဇင်ဘာဆိပ်ကမ်းကလေးကပဲ ဆက်ဆက်စောင့်နေပါ..။
လင်းဒီပ
၁၃.၀၁.၁၀

16 comments:

Unknown said...

နှစ်သက်မြတ်နိုးဖွယ်လေးပါ :)
ကောင်းသောနေ့ :)

မေငြိမ်း said...

ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေးး..
အဲလို အချစ်သန့်သန့်ကဗျာလေးတွေကို လွမ်းနေတာကြာပြီ။
"နှမလေး မယ့်ထက်ဖြူကိုလည်း မယူပါဘူး ။
နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။
နောက်တခါ
အလွမ်းတွေ ကုန်တင်ကုန်ချ လုပ်ဖို့ရာ
ဒီဇင်ဘာဆိပ်ကမ်းကလေးကပဲ ဆက်ဆက်စောင့်နေပါ.."။
သူ စောင့်နေမှာပါ...။

ရွှေပြည်သူ (ShwePyiThu) said...

ချစ်သူ့ဖတ်စာကို ဖတ်ရတာ သာယာကြည်နူးဖွယ် ကောင်းတဲ့ ဟိုးရှေးက ခေတ်လေးတစ်ခေတ်ကို ရောက်သွားသလို ခံစားရပါတယ်။ စာကြောင်းတိုင်းကို သဘောကျတာပါပဲ။ အဆုံးသတ်လေးကတော့ အလှဆုံး။ ဆယ့်နှစ်လလုံး ဒီဇင်ဘာလို အမြန်ဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်း)

Anonymous said...

ကိုလင်း ထက်ဖြုနဲ့ ထက်လှက ကိုလင်းကို လိုက်နေတယ်လား ဟိဟိ . . . မယူဘူး အတင်းငြင်းနေပါလား . . . ဒီဇင်ဘာမှာ ဆိပ်ကမ်းနား သွားထိုင်တော့ အေးမှပေါ့ ချမ်းမှချမ်း . . . .

ကဗျာလေး အရမ်းကောင်းတယ်အကိုလင်းဒီပရေ အားပေးနေဆဲပါ . . . .

သူ့ပါးပြင်နွေးလေးဟာ
ကျွန်တော် ဘယ်နှစ်ခေါက်သွားသွား ရိုးအီမသွားတဲ့ ပန်းနုရောင်ကျွန်းကလေး . . .း)း)

jr.လွင်ဦး said...

ကဗျာအဖွင့်လေးမှာ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကမှကြည့်ထားတဲ့ "အမျှင်" ဗွီဒီယိုကားထဲက ကဗျာလေးကို သတိရမိတယ်။
ကိုဒီပ ဖတ်စာလေးက လူတိုင်း ဖတ်ချင်စဖွယ် .. တင့်တင့်တယ်တယ်။
း)

Anonymous said...

ဂန္တ၀င်ဆန်လှပါတဲ့ အချစ်ကဗျာ။
ရိုးအီမသွားတဲ့ ပန်းနုရောင်ကျွန်းကလေး၊ သိပ်လှတယ်။

tin min htet said...

ခင်ဗျားတို့ခေတ်ပဲ - အချစ်ကဗျာ လှလှပပ ရေးထားဦးပေါ့။ နောက်မှ ယောက်မ ခါးထိုးပြီး၊ ဘဝကဗျာလေးတွေ ရေးဦးပေါ့။

သိင်္ဂါကျော် said...

အလွမ်းတွေ အဆုံးသတ်ပြီး နှစ်ခြမ်း ပေါင်းစုံနိုင်တဲ့ နေ့ ကိုရောက်ပါစေ.. :)

ကျော်ညိုသွေး said...

စောင့်နေရတာ ကြာတယ်...အခုချစ်မယ်
စောင့်နေရတာ ကြာတယ်...အခုချစ်မယ်
ဘွဲ့ရတဲ့အထိ..မင်းကိုမစောင့်နိုင်ဘူး
အခု..အခု...အခု ချစ်မယ် YO! :D

မယ့်ကိုး said...

နှမလေး မယ့်ထက်ဖြူကိုလည်း မယူပါဘူး ။
နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။

ကဗျာလေး အရမ်းလှတယ်။
ဘိုးဘိုး ဘွားဘွားဖြစ်သွားတဲ့ အထိ ဒီလိုကဗျာလေးတွေ ဆက်လက်ရေးနိုင်ပါစေ။

အိန္ဒြာ said...

သူ့ပါးပြင်နွေးလေးဟာ
ကျွန်တော် ဘယ်နှစ်ခေါက်သွားသွား ရိုးအီမသွားတဲ့ ပန်းနုရောင်ကျွန်းကလေး
ဟုတ်မှာပါ

((၀ါသနာကိုက))

လင်းဒီပရေ...
နှမလေးတော့မသိဘူးးး
ဖတ်ရတဲ့သူတွေ တော်တော်ကြွေလောက်အောင်ရေးတတ်ပါပေတယ်..
လေးစားသွားပါကြောင်း

သက်ထွန်းညိမ်း said...

ကိုဒီပရေ
ကဗျာလေးက ချစ်စရာလေး
ဒီလူကြီး ဘာတွေလုပ်ခဲ့လဲ မသိ
း)

littlebrook said...

ကမ်းကခုထိကို မကပ်နိုင်သေးဘူး တစ်ကိုယ်စာ ၀န်စည်စလယ်နဲ့ ချစ်စကတည်းကခွာလာတာ ခုထိကို ပြန်မကပ်နိုင်တော့ ..

Moe Cho Thinn said...

ဒီလို ကဗျာလှလှလေးတွေ ဖတ်ချင်လို့ ဘိုကေ နောက် ဆံရှည် မပါသေးပါစေနဲ့လို့တောင် ဆုတောင်းမိပါကြောင်း။ ။
(နာ့တော့ သတ်တော့မယ် ထင်တယ်..လစ်မှ)

ဒါနဲ့ အပေါ်မှာ ငထက်ရေးထားတဲ့ 'ယောက်မ ခါးထိုးပြီး " ဆိုတာကို ယောက္ခမကို ဓားထိုးပြီး လို့ မြန်မြန်ဖတ်မိသွားလို့ မျက်လုံးပြူးသွားဒယ်..:D

kkk said...

နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။haha very sure

ForeverSK said...

ချစ်စရာကောင်းလိုက်တဲ့ကဗျာ . သယ်ရင်း မင်းကတော့ တော်တီးတီးတော် ပဲး)
***
နှမလေး မယ့်ထက်ဖြူကိုလည်း မယူပါဘူး ။
နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။
နောက်တခါ
အလွမ်းတွေ ကုန်တင်ကုန်ချ လုပ်ဖို့ရာ
ဒီဇင်ဘာဆိပ်ကမ်းကလေးကပဲ ဆက်ဆက်စောင့်နေပါ..။