Tuesday, May 4, 2010

မိုးဦးလေပြည်ထဲက ကျွန်တော့်လိပ်စာ


လိပ်စာများ

အခန်းထဲ ခြင်တွေ ထည့်ထားတယ် ။
အိပ်ရာထဲ ကြမ်းပိုးတွေ ထည့်ထားတယ်
စာအုပ်ကြားထဲ silver fish တွေ ထည့်ထားတယ် ။
ကွန်ပျူတာထဲ ဗိုင်းရပ်တွေ ထည့်ထားတယ် ။

ခန္ဓာကိုယ်ထဲ ကိလေသာတွေ ထည့်ထားတယ် ။
အကြည့်ထဲ အဝိဇ္ဇာတွေ ထည့်ထားတယ် ။
အိပ်ကပ်ထဲ အကုသိုလ်တွေ အလုံအလောက် ထည့်ထားတယ် ။
အပွေ့အဖက်ထဲ တဏှာရာဂတွေ ထည့်ထားတယ် ။

ဒိုင်ယာရီထဲ သတိရခြင်းအတုတွေ ထည့်ထားတယ် ။
ပို့ဖြစ်တဲ့ အီးမေးလ်ထဲ ရမ္မက်တွေ ထည့်ထားတယ် ။
လက်စွပ်တစ်ကွင်းထဲ အရောင်ပြယ်သွားတဲ့ ကတိစကားလေး ထည့်ထားတယ် ။
ညီမလေးကိုယ်ရနံ့ထဲ စိတ်မချခြင်းတွေ ထည့်ထားတယ် ။

နိုင်ငံကူးလက်မှတ်ထဲ ကျေးကျွန်ဗီဇာတွေ ထည့်ထားတယ် ။
ညနေရီ အိမ်ပြန်လမ်းထဲ လဲကျသွားတဲ့ စိတ်ဓာတ်တွေ ထည့်ထားတယ် ။
ကျောပိုးအိတ်ထဲ အဝေးပြေးလမ်းတွေ ထည့်ထားတယ် ။
ဖောက်ပြန်ရာသီထဲ တစပြင်ရှုခင်း ထည့်ထားတယ် ။

ညီအစ်ကိုဆန်ခြင်းထဲ ဝှက်ဖဲတွေ ထည့်ထားတယ် ။
မိုးတိမ်ထဲ မေမေ့ကင်းထောက်ငှက်ကလေး ထည့်ထားတယ် ။
ဂျင်းန်ဘောင်းဘီထဲ တင်းသွားတဲ့ မေးရိုးတွေ ထည့်ထားတယ် ။
ပိတောက်ပွင့်ထဲ ကျိန်စာတွေ ထည့်ထားတယ် ။

ဒီကဗျာထဲ အညစ်အကြေးတွေ ထည့်ထားတယ် ။

လင်းဒီပ

ကိုလင်းဦး(စိတ်ပညာ) ကိုကျော်ညိုသွေးတို့ စီစဉ်တဲ့ မိုးဦးလေပြည် ကဗျာစာအုပ် ထွက်ရှိလာပါတယ် ။
ကောင်းကင်ကို
လင်းဦး(စိတ်ပညာ)
ညီဇံလှ
သူရဿဝါ
သားဖြိုး
ဇာတိ
ရင်နင့်သူ
လေပြေ
ကျော်ညိုသွေး
prizewai
တို့နဲ့အတူ ကျွန်တော်ရေးတဲ့ လိပ်စာများ ကဗျာလေးပါဝင်ပါတယ် ။ ဖတ်ကြည့်စေချင်ပါတယ် ။

လင်းဒီပ
၀၄.၀၅.၁၀

11 comments:

ဂျူနီယာလွင်ဦး said...

ကောင်းလိုက်တဲ့ လိပ်စာလေးတွေ ကဗျာဆရာ။

မေ့သမီး said...

စိတ်ညစ်တယ်။ အိမ်လည်မခေါ်နဲ့။ မလာဘူး။

မေ့သမီး said...

အိပ်တော့မှာမို့လို့ ကျော်ရင်းခွရင်း ဖတ်လိုက်တာ ပြီးသွားပြီ။ အရသာရှိအောင် စာမေးပွဲပြီးမှ နောက်တခေါက်ပြန်ဖတ်မယ်။ လောလောဆယ်တော့ အမဲရိုး ကြိုက်တယ်။ (ကဗျာနော်။) ပြီးတော့ ခင်ဗျား ဒီမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ်လည်း ကြိုက်တယ်။ ပြီးတော့ ဘယ်သူရေးမှန်းမသိပါဘူး။ လိပ်စာများဆိုတာ အဲဒါလည်း ကြိုက်တယ်။ ဒါနဲ့ စကားမစပ် prizewai ကမိန်းမလား။ ယောက်ျားလား။ သူက ကဗျာရေးတာ မိန်းမလိုရော၊ ယောက်ျားလိုရော ရေးထားလို့။

ညလင်းအိမ် said...

ညနေရီ အိမ်ပြန်လမ်းထဲ လဲကျသွားတဲ့ စိတ်ဓာတ်တွေ ထည့်ထားတယ် ။
ကျောပိုးအိတ်ထဲ အဝေးပြေးလမ်းတွေ ထည့်ထားတယ် ။
ဖောက်ပြန်ရာသီထဲ တစပြင်ရှုခင်း ထည့်ထားတယ် ။

အဲဒါလေး အတော်ကြိုက်သွားတယ် အစ်ကိုရေ ..

mirror said...

ဖတ်ကြည့်စေချင်တော့လဲ ဖတ်ကြည့်ခဲပါတယ်။
ဖတ်ကြည့်လိုက်တော့လဲ ဖတ်လို့ကောင်းပါတယ်။
ဖတ်လို့ကောင်းတဲ့ကဗျာတွေ၊ပြီးတော့ ဖတ်ဖို့ကဗျာတွေ(၆ ပုဒ်)....နဲ့ နွံထဲလဲ မနစ်နဲ့တော့။ ပုံတူတွေ ထပ်မပွားနဲ့တော့.ဒီဇင်ဘာဆိပ်ကမ်းကို မြန်မြန်ကပ်ချည် :D

ရေတမာ said...

အကို့ကဗျာတွေ ကြိုက်တယ်။ အမှန်တရားတွေ လှစ်ကနဲ ပြလိုက်သလိုပဲ

သိင်္ဂါကျော် said...

မထည့်သင့်တာတွေချည်း ထည့်ထားတဲ့ အဲဒီ လိပ်စာတွေလည်း စာအုပ်အမှားထဲမှာ ရှိနေတုန်းပဲလား..
:):)

Anonymous said...

လိပ်စာမှားရောက်ရောက်လာတတ်တဲ့
ကံကြမ္မာကိုရော .........
ဘယ်ကိုလိပ်မူပို့လိုက်ကြရင်ကောင်းမလဲ
mnhy

သွယ်လင်းဆက် said...

ယူလိုက်ပြီ။ :)

ကိုလူထွေး said...

အတော်ညစ်ပတ်တဲ့........... လူ

းဝ)

thaingarra said...

အကြိုက်ဆုံးလောက် ...

သွား ... ကျ မယ် ထင် ရဲ့

ကိုလင်းဒီပ ရေ ...