ညနေအနွမ်းလေးမှာ
အထီးကျန်ခြင်းကို
ကျောပိုးအိတ်ကလေးလို လွယ်ပိုးထားရပေမယ့်
လန်းဆန်းစွာ အိပ်တန်းပြန်ခဲ့တယ် ။
ကိုယ့်အကြောင်း စောင်းရေးထားသလို
သီချင်းတချို့တစ်ဝက်ကို
ဖြည်းဖြည်းချင်း မျှင်း နားထောင်ဖြစ်တယ် ။
ယုန်ကလေးတွေလို
မျက်လုံးနီနီ ကဗျာကလေးတွေကို
နွေဆန်မိုးဆန်ညတွေမှာ
လေပြေလို ခြုံစောင်လို ပေါင်းသင်းတယ် ။
တစ်ပတ်တစ်ခါ မင်းပို့ပို့ပေးတဲ့ စကားသံချိုချိုကလေးတွေ
ရိုသေစွာနဲ့ ချွေချွေတာတာလေး သုံးပါတယ် ။
လက်လှမ်းမီသလို ရှိတဲ့ ချိုမြိန်မြစ်ကလေးတွေကိုလည်း
ရိုးသားစွာ ကူးခတ်ခဲ့ပါတယ် ။
ပျော်နေတဲ့ သူငယ်ချင်းအတွဲတွေအတွက်လည်း
မုဒိတာသစ်ပင်ကလေးတွေ စိုက်ပျိုးခဲ့ပါတယ် ။
ခြောက်ကပ်အားလပ်ရက်တွေမှာတော့
နှလုံးသားထဲ ရွာသွန်းမြဲထက် နှစ်ဆ ပိုခဲ့တယ် ။
အချစ်ရေ
ဘဝကလေး တိုင်းထွာထားသလို ချုပ်ဝတ်နိုင်ပါစေလို့ ဆုတောင်းပြီး
ရက်မြတ်တွေမှာ ငှက်ကလေးတွေကို လွှတ်ပေးခဲ့ပါတယ် ။
လင်းဒီပ
၂၄.၀၇.၁၀
Saturday, July 24, 2010
Subscribe to:
Post Comments (Atom)
7 comments:
အေးကွာ ဟိုကောင်တွေအတွဲ
ငါ့သူငယ်ချင်းကို သစ်ပင်တွေ အတင်းစိုက်ခိုင်းနေတာ
ငါတွေ့ရင် မင်းအစား ဆုံးမလိုက်မယ် :P
စကားမစပ် သူငယ်ချင်း မိုးရေချိန်က ဘယ်လောက်ရှိပြီလဲ...
ပျော်နေတဲ့ သူငယ်ချင်းအတွဲတွေဆိုတဲ့ နေရာမှာ အပေါ်က ခေါင်းရှောင်ထွက်သွားတဲ့ အစ်ကိုကြီးများပါနေသလားလို့း)
သေချာတယ် လွယ်ထားတဲ့ ကျောပိုးအိတ်ကလေးထဲမှာလဲ ဗလာ နေမှာပါပဲ။ အထီးကျန်ဆိုတော့လေ..
တစ်ပတ်တစ်ခါ မင်းပို့ပို့ပေးတဲ့ စကားသံချိုချိုကလေးတွေ
ရိုသေစွာနဲ့ ချွေချွေတာတာလေး သုံးပါတယ် ။
တယ်စည်းကမ်းရှိပါလား။
အင်မတန်သည်းတဲ့ ကဗျာဆရာပဲ :P
အော် ကဗျာလှလှတွေ ဖတ်ချင်ပါလျက်က နက်က မကောင်း ဆိုသလို.. နောက်တစ်ခါ မေးလ်ကနေ ပို့ပေးလိုက်စမ်းပါ ..း)) ခုတလော လာရတာ ခက်ခဲလွန်းလို့ ..
ရေရေလည်လည် ကို နုနေတယ်။ :)
Post a Comment