ဖြစ်ပြီးရင် ပျက်တယ်
အဲသလို မှတ်နေတုန်းမှာ
နောက်ထပ် ထပ်မဖြစ်တော့တာ...
အနီးဆုံးမှာပေမယ့် မမြင်မိကြဘူး
သူ့စကားကို ပိတ်နေတဲ့နားတွေနဲ့
မကြားနိုင်ကြဘူး ။
ဖြစ်ပါတယ်
ဘဝကို စိမ်းလိုက် နီလိုက် invisible လုပ်လိုက်
ငြင်းလိုက် ခုန်လိုက် အော်ဟစ်လိုက် ရန်ဖြစ်လိုက်
မူးလိုက် လဲလိုက် သောက်စားလိုက် ပျော်ပါးလိုက်
သော့ခတ်လိုက် ဖွင့်လှစ်လိုက် လှမ်းခေါ်လိုက် ထားခဲ့လိုက်
မပြေးတဲ့သူကတော့ တွေ့သွားပြီ
ပြေးတဲ့လူလည်း တွေ့မှာပါပဲ ။
ဟောသမှာ
ရန်ကုန်စာတိုက်က ပို့လိုက်တဲ့ ငွေတစ်ရာ
မန္တလေးရောက်သွားပါပြီ ။
လင်းဒီပ
၁၅.၀၆.၁၁
Wednesday, June 15, 2011
Subscribe to:
Post Comments (Atom)
5 comments:
အမေငွေတရာပို့ လိုက်ပြီ
တရုတ်တန်းမှာ မြီးရှည်စားမည်
ပပဝင်းမှာ ရုပ်ရှင်ကြည့်မည်
အင်းဝမှာ အအေးသောက်
မျက်သွယ်မှာထိုင်....
“မပြေးတဲ့သူကတော့ တွေ့သွားပြီ
ပြေးတဲ့လူလည်း တွေ့မှာပါပဲ”
အဲဒီစာသား သိပ်သဘောကျတယ် ကိုလင်းဒီပ...
မန္တလေးမှာ လိပ်စာမှားရောက်သွားတယ်
... ပျော်ပါးလိုက်
သော့ခတ်လိုက် ဖွင့်လှစ်လိုက် လှမ်းခေါ်လိုက် ထားခဲ့လိုက်
#12-1840 ပဲပြေးမြင်မိတယ်။
:D
“ဖြစ်ပြီးရင် ပျက်တယ်
အဲသလို မှတ်နေတုန်းမှာ
နောက်ထပ် ထပ်မဖြစ်တော့တာ...” like it most.
Post a Comment