Sunday, August 14, 2011

ဘဝလည်ပြန်

တစ်ခါတည်း တစ်ခါတည်းနဲ့
အခါခါလွဲခဲ့ပေါ့ …

ပုဂ္ဂိုလ်ခင်လို့ မင်ခဲ့တဲ့တရားများ
မမြင်ဖူးလို့ ထင်ခဲ့တဲ့မူးမြစ်များ
အငှားခန္ဓာမှာ အစွဲမစဲ
အဝိဇ္ဇာရေခဲမြစ်ထဲ ဘဝက ထုံကျင်အေးခဲ ။

မင်းကို မှားနေတယ် ပြောရအောင် ငါကလည်း မမှန်ဘူး ။
ဒီလမ်း မဟုတ်ဘူး ငြင်းရအောင် ဘယ်လမ်းမှန်း ငါလည်း မသိဘူး ။

ပုံရိပ်ယောင်တွေ
ကဗျာတစ်ပုဒ်ထင်ရင်း ရွတ်ကြည့်လိုက်
ပုံရိပ်ယောင်တွေ
ဟာသတစ်ခုထင်ရင်း ရယ်မောလိုက်

ပုံရိပ်ယောင်တွေ
ဒေါသထွက်စရာတစ်ခုထင်ရင်း ပေါက်ကွဲလိုက်
ပုံရိပ်ယောင်တွေ
သနားစရာတစ်ခုထင်ရင်း စာနာလိုက်

ငါစားနေတဲ့အသီးက သေခြင်းတရားနဲ့ နီးတယ် ။
ငါနေတဲ့မြို့က ငရဲကြီးရှစ်ထပ်နဲ့ နီးတယ် ။
ငါချစ်နေတဲ့ မိန်းမက…
ငါသွားနေတဲ့ခရီးက …
ငါမှားနေတဲ့အမှားက…

စွန့်လွှတ်လို့ မရသေးတော့ စွန်လွှတ်နေရတယ် ။
ပြတ်သားလို့ မဖြစ်နိုင်သေးတော့လည်း ပြန်မှားနေရတော့တာပဲ ။

လင်းဒီပ
၁၄.၀၈.၁၁

6 comments:

Anonymous said...

အဘ ဘုရားသခင်ကောင်းချီးမွမ်းတော်မူပါ....

kay said...

စွန်ကိုသာ ပြတ်ပြတ်သားသား လွှတ်း)

Anonymous said...

ငါစားနေတဲ့အသီးက သေခြင်းတရားနဲ့ နီးတယ် ။
ငါနေတဲ့မြို့က ငရဲကြီးရှစ်ထပ်နဲ့ နီးတယ် ။
ငါချစ်နေတဲ့ မိန်းမက…
ငါသွားနေတဲ့ခရီးက …
ငါမှားနေတဲ့အမှားက…

စွန့်လွှတ်လို့ မရသေးတော့ စွန်လွှတ်နေရတယ် ။
ပြတ်သားလို့ မဖြစ်နိုင်သေးတော့လည်း ပြန်မှားနေရတော့တာပဲ ။


သိပ်ကောင်းတယ် ကိုလင်းရေ . . .


ခင်မင်တဲ့
ဗညားရှိန်

ShwunMi- said...

ဘုရားသခင် ကိုယ်တိုင်က ဘာကိုမှ အပြစ်မတင်ပါနဲ့ လို့ သေချာဆုံးမတယ် .. =)

ShwunMi- said...

အလွန်လေးလေးနက်နက် တွေးတတ်သော ကဗျာအစ်ကိုကြီးအတွက်.. ကော်မန့်လေးလေးကြီး လာပေးမိသည်..
ရေရောသောက်ပါတော့နော် =)

ကိုအောင်(ပျူနိုင်ငံ) said...

ညီလေးရေ အဆင်ပြေမယ်ဆိုရင် ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...