ငါ့ကို လူယဉ်ကျေးလို့ မင်းလက်ခံမယ်ဆို
ခြံစည်းရိုးအမြင့်ကြီးတွေ ထပ်မလိုပါဘူး ။
စက္ကူပန်းကလေးလို
ရနံ့တွေ ဖွက်ဖွက်ပြီး ငါ့ကို စိတ်ကောက်ချင်တုန်းလား ။
တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့
လူကူးမျဉ်းကျားရှာရမယ့် အရွယ်တွေမှ မဟုတ်တော့တာ ။
ကံကောင်းချင်တော့
မင်းနဲ့တွေ့မယ့်နေ့မှ ငါ့မျက်မှန်ကြီးလည်း ကွဲသွားတယ် ။
အခု အသည်းအားဆေးတွေ သောက်နေရတာ
ငယ်ငယ်က ခဏခဏ အသည်းကွဲခဲ့တဲ့ဒဏ်တွေလို့
မင်းကို စချင် နောက်ချင်လို့ ။
ဘုရားသွားကျောင်းတက်ဖော်ကြီးရယ်
ကိုယ့်လမ်းကိုယ်လျှောက်
ကံရှိသလောက် ဝေးခဲ့ကြဖူးတာ
ထားလိုက်ပါစို့ကွယ် ။
လင်းဒီပ
၀၂.၁၀.၁၁
6 comments:
ဟုတ်တယ်ကိုယ့်လူ သူအတော်ဆိုးပါလား
ဟုတ်တယ်..
ချစ်သူတွေ ကြားထဲမှာ ခြံစည်းရိုး အမြင့်ကြီးတွေ မလိုပါဘူး...
အသက်ကြီးလာတော့လဲ ခုလို နူးနူးညံ့ညံ့တ၀က်၊ သံဝေဂ အရိပ်အယောင်တ၀က်ပါတဲ့ ကဗျာလေးတွေပဲ ဖတ်ချင်တော့တယ်။
မှတ်ချက်။ ကိုယ်တိုင်က ရေးချင်သော်ငြား ရေးမရတော့။ :D :P
လူကူးမျဉ်းကြား ရှာမနေပဲ ကူးတော့ တိုက်တော့မှာပေါ့တော်း))
မနော်
ဟုတ်တယ်ခြံစည်းရိုးအမြင့်ကြီးမလိုပါဘူး
နောက်တစ်ခါမျက်မှန်ကွဲသွားရင်
ဂျက်ဆီဖုန်းဆက်လိုက်ပါ
အပိုမျက်မှန်တွေထားတယ်
ကိုယ့်ဘ၀ မှုန်ရွှေရည်လေ...
ခင်မင်တဲ့ jasmine
ကဗျာလေးက လှပါပေ့။ ဘုရားသွားကျောင်းတက်ဖော်နဲ့ နောက်ထပ် မဝေးပါစေနဲ့တော့ရှင်။
ခင်တဲ့
မေသိမ့်
Post a Comment