ကျန်စစ်သားနဲ့ မဏိစန္ဒာ ဝှက်ထားတဲ့ စကားထာပဲ ။
“မင်းရဲ့အချစ်တို့ ရရှိဖို့
အလှပဆုံးသော ပန်းတစ်ပွင့် အချိုသာဆုံးစကား
နှုတ်ခမ်းပါးက အပြုံးအတုနဲ့ ငါ မုသား သုံးလိုက်”
မာရဇ္ဇရဲ့သီချင်းတစ်ပုဒ် ။
တောက်လောင်တဲ့အရာကို ရဖို့
ညစ်နွမ်းတဲ့လက်တစ်စုံ
လူဆိုးကြီး ဗိုလ်အောင်ဒင် ငိုလိုက်မိသလား ။
မိန်းမဖျက်ရင် ပြည်ပျက်သတဲ့
အလိုရမ္မက်များ ခိုင်းစေရာ
မြို့ကြီးများ ကျဆုံးစေဖို့ ။
ည ကို မီးမှိတ်လိုက်ပြီ
အမှားကို ပိပိရိရိ ကျူးလွန်ဖို့
လွန်ကျူးတတ်သောစိတ်များ တွားတက်
ခြေသံလုံသော စင်းလဲမှုများ တဖွားဖွား
(ညမွှေးပန်းကလေးရေ)
မင်းရနံ့မှာ ငါ့ရမ္မက်က အပျော်လွန်ခဲ့ပေါ့ ။
လင်းဒီပ
၀၄.၁၁.၁၁
ဆရာမောင်သာနိုးက ကျန်စစ်သားနဲ့ မဏိစန္ဒာအကြောင်းကို “ခိုးစားတဲ့သစ်သီး”ဆိုပြီး အက်ဆေးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ အဲဒီစာသားလေးကို ကြိုက်လို့ ယူသုံးထားပါတယ် ။
3 comments:
နောက်ဆုံးအပိုဒ်လေးကိုအကြိုက်ဆုံးပဲ
ဘာဖြစ်လို့လဲဆိုတော့ အပြစ်ကျူးလွန်သူ
တွေများသောအားဖြင့် အမှောင်မှာ
ဖြစ်တတ်လို့ပါ။
အင်း.......... ကဗျာခေါင်းစဉ်က
ခိုးစားတဲ့သစ်သီးဆို ပို ကောင်းမလားပဲ .း-D
ဘာပြောပြော ကဗျာလေး ကောင်းပါတယ် မောင်လေး
ခိုးစားလို့ပဲ ချိုသလား
ချိုမယ်မှန်းသိလို့ပဲ ခိုးစားခဲ့လေသလား
Post a Comment