Monday, November 3, 2008

ပြီးခဲ့တဲ့ တနင်္ဂနွေ


တိုက်အမြင့်ကြီးတွေပေါ်တက်ကြည့်တယ်
တစ်ယောက်မှ မရှိဘူး
ပြန်ဆင်းလာခဲ့တယ်
မောလိုက်တာ။

လမ်းတွေဆုံးအောင် လျှောက်ကြည့်တယ်
တစ်ယောက်မှ မတွေ့ဘူး။
တယ်လီဖုန်းနံပါတ်တွေ နှိပ်ကြည့်တယ်
တစ်ယောက်မှ မကိုင်ဘူး။

ပင်လယ်ဘက်မှာလား မြစ်ချောင်းတွေဆီမှာလား
အရိပ်ကောင်းတဲ့သစ်ပင်တွေ နားမှာလား
လိုက်ရှာတယ် မတွေ့ဘူး။

တိမ်တွေကိုတော့ ငေးကြည့်ရုံပဲ တတ်နိုင်တယ်
ကိုယ်က ငှက်တစ်ကောင်မှ မဟုတ်တာ။

လက်လျှော့ပြီး ပြန်လာလိုက်တယ်
မီးတွေမှိတ်ပြီး တိတ်ဆိတ်နေတဲ့ ကိုယ့် အခန်းကျဉ်းကျဉ်းလေးဆီ
နောက် အေးစက်စက် ထမင်းလေးကို ညနေစာလို့ အမည်တတ်ပြီး
စားပွဲပေါ်က ပန်းခြောက်လေးတွေထိုးထားတဲ့ ပန်းအိုးလေးကို သူငယ်ချင်းလို့ခေါ်လိုက်တယ်။
မေမေရယ်
သားပျင်းလိုက်တာ..
လင်းဒီပ
၃.၁၁.၀၈
Photo Source: picture by angelikastngl
Photobucket.com

17 comments:

khin oo may said...

သူရော ပင်လယ်ကြီး ဖြစ်ချင်သေးလားဟင်။ :P

Anonymous said...

ဓါတ်လှေကားမရှိလို့လား..:P
ကောင်းတယ်...

အိုင်လွယ်ပန် said...

ရိုးရိုးလေးနဲ့ကောင်းတယ်ကိုဒီပရေ............

ဟန်လင်းထွန်း said...

ကြည့်ရတာ အိမ်ကို လွမ်းနေပြီ ထင်တယ်

ဗီလိန် said...

ကျနော့ကိုကျတော့ အလွမ်းတွေလှုပ်မချပါနဲ့တဲ့။ သူကျတော့ တံချူနဲ့ ချူချတယ်။ အီး........ဟီး.......ဟီး။

sait phay yar said...

အရမ်းလွမ်းနေတယ်ထင်တယ်.. အဟမ်း ..အမေ့ကိုလားလို့ :P

Anonymous said...

ရိုး ခံစားရတယ်ဗျာ ...
ဒီမှာလည်း ကဗျာလေးထဲကအတိုင်း အတူတူပါပဲ
ကိုဒီပကမှ သူငယ်ချင်းခေါ်စရာ ပန်းအိုးကလေး ရှိသေးတယ်။
ကျွန်တော့်မှာတော့ အဖော်ဆိုလို့ ဒီ Blogger ရပ်ဝန်းလေးပဲ ရှိတယ်ဗျာ ... ။

အပျင်းတွေ ပြေပါစေ။ ခင်မင်စွာဖြင့်

Anonymous said...
This comment has been removed by the author.
တင့်ထူးရွှေ said...

အကိုပျင်းနေတာလား၊ အတော်ပဲ ကျွန်တော်လဲ ပျင်းနေတာ
အဖော်ရသွားပြီ .. :)

ဖြိုးငယ် said...

ခက်ပါတယ်လေ .. ကျွန်တော်တို့ကလည်း ပျင်းရင် အမေ့ကိုပဲ တမ်းတ တက်တာကို

Anonymous said...

ပျင်းရင် ကာတွန်းကားကြည့် ကျနော်ဆို အဲ့လိုပဲ =)

မသက်ဇင် said...

လင်းဒီပရေ---

နောက် အေးစက်စက် ထမင်းလေးကို ညနေစာလို့ အမည်တတ်ပြီး
စားပွဲပေါ်က ပန်းခြောက်လေးတွေထိုးထားတဲ့ ပန်းအိုးလေးကို သူငယ် ချင်း လို့ခေါ် လိုက် တယ်။မေမေရယ်သားပျင်းလိုက်တာ..

ကဗျာလေးဖတ်ပြီး ရင်ထဲမှာတမျိုးခံစားလိုက်ရတယ်--
အတွေး-ကို -အများကြီးချဲ့လို့ရတယ်--
ဒဿန ဆန်တယ်--
ပျော်ရွှင်ချမ်းမြေ့ပါစေ---

Anonymous said...

ကောင်းတယ်ကိုဒီပရေ... လာလည်ခံစားသွားတယ်.။

Welcome said...

ပျောက်သောသူရှာရင်တွေ့တဲ့၊ ပြန်တွေ့ဖို့ ဆုတောင်းပေးပါတယ်။ တမင်ရှောင်ပုန်း နေမယ် ဆိုရင်တော့ ပိုပိုဝေးတဲ့ အဝေးဆုံးကို ရောက်နေ မှာပါ။
http://winzaw-mdy.blogspot.com

Anonymous said...

ကဗျာလေး ခံစားသွားတယ်..
အင်း နောက်ဆို ဓာတ်လှေကားနဲ့တက်နော်.. မမောတော့ဘူးပေါ့

Moe Myint Tane said...

အင်း အိမ်ပြန်ချင်တယ်ဗျာ။

Anonymous said...

ဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်