Saturday, December 6, 2008

အမုန်းစာရင်း


အမုန်းဆုံး(၁၀) ခုကို ရေးဖို့ အိပ်မက်ပြခန်း က ကျွန်တော့်ကို ပထမဆုံး Tag ပါတယ်။ နောက်သိပ်မကြာဘူး။ မောင်မျိုးက ပါထပ် Tag တယ်။အိပ်မက်ပြခန်း Tag တည်းက ရေးမလို့ပါပဲ။ မအားလို့ မရေးဖြစ်သေးဘူး။ မောင်မျိုးကတော့ မရဘူး။ လာအော်ပါတယ် အကြွေးမဆပ်ရင် အိမ်က လှည်းနဲ့နွား လာသိမ်းမယ်တဲ့။ ကြောက်တော့လည်း မြန်မြန် ရေးရပါတယ်။
(၁)
ကျွန်တော်မှာ မုန်းစရာ အကောင်းဆုံးလို့ ကျွန်တော်ထင်တဲ့ အချက်ကတော့ တွေဝေ တတ်တာပါ။ မပြတ်သားတာပါ။ ဘယ်တော့မှ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ဆိုင်ဆိုင် မချတတ်ဘူး။ အခုအချိန်ထိလည်း လွဲချော်နေတတ်တုန်းပါပဲ။
(၂)
နောက်တချက်ကတော့ စိုးရိမ်တတ်တာပါ။ တကယ်တော့ စိုးရိမ်တယ်ဆိုတာ ရောဂါတစ်ခု ဖြစ်သလို မုန်းစရာလည်းကောင်းတဲ့ အချက်တစ်ချက်ပါပဲ။ အပြင်ထွက်ခါနီး တံခါးတွေ မီးဖိုတွေကို အထပ်ထပ် စစ်လေ့ရှိပါတယ်။ သော့ခတ်တာကို နှစ်ခါသုံးခါ ပြန်ပြန်စစ်ပါတယ်။ လော့ခ်ကျရဲ့လားဆိုပြီးတော့။ ကိုယ့်ကိုကိုယ် မုန်းပေမယ့် မတတ်နိုင်ပါဘူး။
(၃)
ချိန်းထားရင် အရင်ဆုံး ရောက်နေ တတ်ပါတယ်။ သူများတွေက on the way ဆိုတဲ့အချိန်မှာ ကျွန်တော်က ရောက်နေပြီ။ ပြီးတော့ စိတ်တိုနေရော။ အစောတည်းက ထွက်မလာနဲ့ပေါ့။မဟုတ်ပါဘူး။ဝီရိယလွန်တော့ ကျွန်ဖြစ်ဆိုတာထင်ပါတယ်။
(၄)
နောက် အရမ်းလည်း စိတ်တိုတတ်ပါတယ်။ ဘုပြောပြောလွှတ်တတ်တဲ့ အကျင့်လည်းရှိပါတယ်။
(၅)
မျက်နှာဖုံးလည်း ပျောက်နေပါတယ်။ စိတ်ဆိုးနေရင် ဆိုးနေတဲ့ အတိုင်း စိတ်ရှုပ်နေရင် စိတ်ရှုပ်နေတဲ့အတိုင်း မျက်နှာမှာပေါ်နေတတ်တော့ ကိုယ့်စိတ်အခြေအနေကို သူများက အလွယ်တကူ အကဲခတ် ကိုင်တွယ်လို့ ရတာပေါ့။ မကောင်းပါဘူး။ အလုပ်ကိစ္စတွေမှာ မှောက်ထားတဲ့ ဖဲက မတွေ့တာ ကောင်းပါတယ်။
(၆)
ချိန်းထားပြီး သူများ အရင်ရောက်နေရင် အားနာနေတတ်တယ်။ ပိုက်ဆံချေးထားတဲ့လူဆီ အတတ်နိုင်ဆုံး ဖုန်းမဆက်ပဲနေတယ်။ အကြောင်းကိစ္စရှိလို့ ဆက်ရင်တောင် အကြွေးလိုချင်လို့ ဆက်တယ် ထင်မှာစိုးပြီး မဆက်တော့ပါဘူး။ နောက်ထပ် အားနာတတ်တာလေးတွေ ရှိပါသေးတယ်..
(၇)
လူတစ်ယောက်ကို သံယောဇဉ်ဖြစ်ရင် အရမ်းဖြစ်တတ်ပြီး မုန်းပြီဆိုရင်လည်းလှည့်မကြည့်တော့။ ပတ်သက်သမျှ အကုန်လုံးကို delete လုပ်တတ်ပါတယ်။ မုန်းဖို့ကောင်းတဲ့အချက်လို့ ကျွန်တော်ထင်ပါတယ်။အမုန်းတို့ဒေါသ တို့ဆိုတာမကောင်းပါဘူး။ အခုအတတ်နိုင်ဆုံး ပြင်နေရပါတယ်။ မုန်းစရာတွေ့ရင်တောင် ချစ်စရာ ကောင်းတာလေး ရှာတဲ့ အကျင့်လေးပေါ့။ ချစ်စကိုပဲ ရှည်စေလိုပါတယ် ။မုန်းခဲ့ ပြတ်သားခဲ့တာတွေကို တွေးမိရင် နောင်တရနေတတ်ပါတယ်။ ဆရာတော် ဦးဇောတိက ဟောဖူးပါတယ်။ အတူတူနေရတဲ့အချိန်ကို လက်ဆောင်ကောင်းတစ်ခုလိုတန်ဖိုးမထားတတ်ကြဘူး တဲ့။ မုန်းတတ်တဲ့ အကျင့်ကြီးကို ပြင်နေပါတယ်။ ချစ်တတ်အောင်လည်း သင်နေပါတယ်..:P
(၈)
လူများတဲ့နေရာတွေ အတတ်နိုင်ဆုံးမသွားပါဘူး။ မေမေစကားနဲ့ပြောရရင် လူတောမတိုးဖူးပေါ့ဗျာ။ လူတွေအများကြီးနဲ့စကားတွေ လျှောက်ပြော ဘာတွေပြောနေကြမှန်းလည်းမသိ။ အလှူတို့မင်္ဂလာဆောင်တို့ပါ ။ကျွန်တော် ရှောင်လေ့ရှိပါတယ်။ မကောင်းဘူးလို့ထင်ပါတယ်။ အဲဒီ မုန်းစရာကောင်းတဲ့ လူတောမတိုးတဲ့ အကျင့်ကြီးကို ပြင်နေရပါတယ်။(အလှူရှိရင် ခေါ်နော်..ဟီး)
(၉)
အရင်ကတည်းက ညဆိုအိပ်ယာ စောစော မဝင်တတ်တဲ့အကျင့်လေ။ အခု ဘလောဂ့်လေး လုပ်ဖြစ်တော့ ပိုဆိုးပါတယ်။ အိပ်ယာဝင် နောက်ကျတာ မကောင်းပါဘူး။ မုန်းစရာကောင်းတဲ့ အကျင့်တစ်ခုပါ။ကျန်းမာရေးလည်းထိခိုက်ပါတယ်။ဒါပေမယ့် မတတ်နိုင်ဘူးဗျာ။
(၁၀)
နံပါတ်(၉)ရဲ့ အဆက်ပါ။ ရောဂါက စနေပါပြီ။ အလွန် မေ့တတ်ပါတယ်။ ပေပေတေတေ နေတဲ့ဒဏ်တွေလို့ ထင်ပါတယ်။ မမေ့အောင်လို့…စာအုပ်ကလေးနဲ့ မှတ်မှတ်ထားပါတယ်..ဒါပေမယ့် စာအုပ်လေးကို ဘယ်နားထားမိမှန်း မသိတာ ခဏခဏ.. မျက်မှန်ကို ဘယ်နားချမိမှန်း မသိတာ.. အပြင်သွားရင် အိမ်မှာ ဖုန်း ကျန်ခဲ့တာ.. အတော် မုန်းဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မမေ့တာလေး တစ်ခုတော့ ရှိတယ်ဗျ…:P

ကျေးဇူးတင်ပါတယ်။ ဆုံးအောင် ဖတ်ပေးတဲ့ အတွက်ပါ။ မောင်မျိုးနဲ့ အိပ်မက်ပြခန်းက ကိုကိုဖားလည်း ကျေနပ်မယ် ထင်ပါတယ်။
လင်းဒီပ
၆.၁၂.၀၈
Photo Source: picture by kineridiamond
Media.photobucket.com

7 comments:

လွတ်ငြိမ်းလေပြေ (breeze) said...

ပိုက်ဆံ ချေးဦးမှး)

တင့်ထူးရွှေ said...

တော်တော်များများကို လာတူနေတယ် ၂ ၄ ၇ ၈ ၉ ၁၀ :)
ဘယ်တော့မှ မမေ့တာလေးကတော့ ဘယ်တော့မှ မမေ့ဘူး မဟုတ်လား အစ်ကို :) ၊ အဆင်ပြေပါစေ ခင်ဗျာ ။

WWKM said...

နံပါတ် ၃ နဲ့ ၇ အစ်မနဲ့တူတယ်။

အဆင်ပြေပါစေ.

အစ်မ၀ါ

Anonymous said...

ကိုဒီပကြီးလည်း မျက်မှန်ကြီးနဲ့ပေါ့ ခန့် ချောကြီးး =) ရေးပေးတာကျေးဇူးအစ်ကိုရေ့ မသိမ်းတော့ဘူး ၁၀ ချက်ထဲက အချက်တော်၂များ၂ တူနေတဲ့ အတွက်လည်း အံ့သြမိတယ်ကျနော်မရေးပဲ ချန်ခဲ့တဲ့ အချက်တွေဖြစ်နေတာ ။ ဥပမာ နံပါတ် 6-7 ဆိုတော်တော်ကို တူတာ ...။ ဘာနေ့သားလဲ???

Anonymous said...

ဆရာရေ ဖြစ်နိုင်ရင် ယူရို၁၀၀၀လောက်ချေးပါလားဗျာ။
အဟီး

အိုင်လွယ်ပန် said...

အမုန်းစာရင်းကို
အမုန်းဖတ်သွားတယ်ကိုဒီပရေ :P

Welcome said...

မုန်းတာတွေ ဖတ်သွားတယ်....

http://winzaw-mdy.blogspot.com/